👧 မိန်းကလေးတွေတိုင်း ကြားချင်တဲ့ ချီးကျူးစကား (4)ခွန်း
💓💓💓💓💓💓💓💓👧
အမှန် တကယ်တော့ မိန်းကလေးတွေလောက် နားလည်ရ ခက်တာ မိန်းကလေးတွေပဲ ရှိပါတယ်။ တခါတလေကျရင် မိန်းကလေး အချင်းချင်းတောင် နားမလည် နိုင်ပါဘူး။ ယောက်ျားလေး တွေဆို ပိုဆိုးတာပေါ့။ မိန်းကလေးတွေကို စကားပြောရင် အမှား မပါအောင် ပြောနိုင်ဖို့ ဆိုတာ အင်မတန် ကို ရှားပါတယ်။ အဲ့ဒီတော့ မိန်းကလေးတွေကို ချီးကျူးမယ် ဆိုရင် တော်တော့ကို ခက်ခဲပါတယ်။
ချီးကျူးတာနဲ့ ပတ်သက်ရင် တစ်ယောက်စီ ကိုယ်ပိုင် အဘိဓာန် ရှိတယ်လို့ ပြောလို့ ရပါတယ်။ တချို့က သူတို့ကို ချီးကျူးတာက နည်းမမှန် ရင် ပြဿနာတောင် အရှာခံ ရပါသေးတယ်။ အဲ့တော့ ချီးကျူးနည်း မှန်မှန်လေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလိုမျိုး ချီးကျူးရင်တော့ အမှတ်ရမှာပေါ့နော်။
(1) သိမ်မွေ့ပေမယ့် အမြဲ အမှတ်ရတဲ့ ‘မင်းရဲ့ အရှိအတိုင်းလေးကိုပဲ’
မိန်းကလေးတွေက အသေးစိတ် ကလေးတွေကို အမြဲ မှတ်ထားတတ်သလို သူတို့ကို အသေးစိတ်ကလေးတွေက အစ ဂရုစိုက်တာကို ခံချင်ကြပါတယ်။ တခါတလေ ကျရင် အဲ့ဒီစကားရဲ့ အသုံးဝင်မှုကို မေ့နေကြသလို တချို့ဆို ချီးကျူး စကားလို့တောင် မထင်ကြပါဘူး။
ဒါပေမယ့် ‘မင်းရယ်လိုက် ရင် မင်းရဲ့ နှာခေါင်းလေး လှုပ်သွားတာလေးက အရမ်းကို ချစ်ဖို့ကောင်းတာပဲကွာ’ ဆိုတဲ့ စကားက ‘မင်းရဲ့ တ**ါးက ရေလည်မိုက်တယ်ကွာ’ ဆိုတဲ့ စကားထက် ပိုပီး နားဝင်ချိုပါတယ်။
(2) မင်းကို ကို တစ်ခုလောက် မေးလို့ရ မလားဟင်? ဒီကိစ္စနဲ့ ပတ်သက်ရင် မင်းက ကို့ထက် ပိုတော်လို့ပါ
ကိုယ့်ကို ပိုတော်ကြောင်းပြောတဲ စကားတွေက ဦးနှောက်အတွက် သကြားလုံးလိုပဲ ချိုမြပါတယ်။
ကိစ္စ တခုခု ရှိတာပဲ ဖြစ်ဖြစ်၊ အလုပ်တခုခု ရှိတာပဲ ဖြစ်ဖြစ်၊ ပြသနာ တခုခု ရှိတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ မလုပ်ပဲ သူမ ကို တိုင်ပင်တာ သို့မဟုတ် သူမရဲ့ အကူအညီကို လိုအပ်တယ်လို့ ပြောခြင်းဟာ သူမကို ကိုယ့်ကိုကိုယ် တန်ဖိုးရှိပြီး ဉာဏ်ရည်ကြွယ်ဝ တယ်လို့ ထင်စေရုံသာမက ဩော် ဒီယောက်ျားက ငါ့ကို အလေးထားပါလား၊ ငါ့ကို အမြဲ တိုင်ပင်ပါလား ဆိုပြီး အမှတ်ပြည့်ပေး လိုက်ပါ လိမ့်မယ်။
(3) မင်းက ကို့ကို အမြဲ သက်သောင့်သက်သာ ရှိစေတယ်။ မင်းနဲ့ အတူတူ ရှိနေရင် ကို ဘာမှ မပင်ပန်းဘူးကွာ။
တခါတလေ ကျရင် စိတ်ထားပျော့တဲ့ မိန်မတွေက က ငါနဲ့ အတူ လက်တွဲနေရလို့ ဒီလူ ပင်ပန်းနေလား? ငါက သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ? ဆိုပြီး စိုးရိမ်ပြီး လက်တွဲဖော်ကို ဖြုတ်ချင်ကျပါတယ်။
အပေါ်က စကားလေး ပြောလိုက်မယ်ဆိုရင် သင်တို့ရဲ့ ဆက်ဆံရေးကို အရင်ကထက်ပိုပြီး တိုးတက်လာပါ လိမ့်မယ်။ မိန်းကလေး ဘက်ကလဲ အရင်ကထက် ပိုပြီး ပွင့်လင်းလာပါလိမ့်မယ်။
(4) ဒီ အခန်းထဲက ကောင်လေးတွေက မင်းကိုပဲ စိုက်ကြည့်နေကြတယ်
လူတိုင်းက ကိုယ့်ကို တစုံတယောက်က လိုအပ်နေတယ် ဆိုတဲ့ ခံစားချက်က တကယ့်ကို ခံစားလို့ကောင်းပါတယ်။
အဲ့ဒီဒေါ့ ချစ်သူ ရှိနေတာတောင် ငါက အသုံးဝင်သေးပါလား ဆိုတဲ့ ခံစားမှုကိုလဲ ရစေပါတယ်။ ဒါပေမယ့် ပြောတာများရင် ဒီလူကတော့ ငါ့ကို သဝန်လာတိုနေတယ် ဆိုပြီး ထင်နိုင်သေးတယ်နော်။ ခဏခဏတော့ မပြောနဲ့ပေါ့နော်။
Source: radioone
Post a Comment