💘 အချစ်စစ်နဲ့တွေ့နေတဲ့ မိန်းကလေးတွေသာ ခံစားရမယ့်အချက်များ
သူတို့ အရမ်းချစ်ရတဲ့ ကောင်မလေးတွေ ဆိုရင် ယောင်္ကျားလေးတွေက သေချာလေး ဂရုစိုက် ပေးတတ်ပါတယ်။ သင်ကို အောက်ပါ အချက်တွေ အတိုင်း လုပ်ပေးနေတယ် ဆိုရင်တော့ သင်ဟာ အချစ်စစ်နဲ့ တွေ့နေတာ အသေအချာပါပဲ။ ဒီအချက်တွေက အချစ်စစ်နဲ့ တွေ့နေတဲ့ မိန်းကလေးတွေသာ ခံစားရမယ့် အချက်တွေ ဖြစ်ပါတယ်။
1) သင့်ကို အမြဲတစေ ဂရုစိုက်ပေးတတ်တယ်
သင်ရဲ့ ခေါင်းကနေ ခြေဖျားထိ အစစအရာရာ ဂရုစိုက် ပေးတတ်တယ်။ သင့်ရဲ့ ဆံပင်၊ အ၀တ်အစား ၊မိတ်ကပ် ၊ ကျန်းမာရေး ကအစ လိုက်ပီး ဂရုစိုက်တတ်တယ်။ ဆံပင်ညှပ်ဆိုင် သွားရင် လိုက် စောင့်ပေးတတ်တယ်။ အ၀တ်အစား ဆိုလည်း ဘယ်လို တွဲဝတ်ရင် လှမယ် ဆိုတာကအစ အမေ တစ်ယောက်အတိုင်း လိုက်ဂရုစိုက် ပေးတတ်တယ်။ မိတ်ကပ်ဝယ်ဖို့သွားရင် သူသိသလို ပုံစံနဲ့ လိုက်ရွေးပေးတတ်တယ်။ သင့်ကျန်းမာရေး အတွက်လည်း အမြဲစိတ်ပူတတ်ပြီး ဂရုစိုက် ပေးနေတတ်ပါတယ်။ သင့်မှာ သင့်ကို အမေတစ်ယောက်လို စိတ်ပူပြီး ဂရုစိုက်ကာ ချစ်တတ်တဲ့ ချစ်သူရှိနေပြီလား။
2) သင် ဈေးဝယ်ထွက်တဲ့အခါ လိုက်ကူညီပေးတတ်တယ်
သင်ဈေးဝယ်ထွက်တဲ့အခါ ဘေးကနေ မပျင်းမရိ လိုက်ပေးတတ်တယ်။ ယောက်ျားလေး တော်တော်များများက ဈေးဝယ် လိုက်ပေးရမှာ ပျင်းရိတတ်ပါတယ်။
သင့်ရဲ့ ချစ်သူက သင် ဈေးဝယ်ထွက်ချိန်တိုင်း လိုက်စောင့် ပေးတတ်တယ်။ သင်ဝယ်မယ့် ပစ္စည်းလေးတွေကို လိုက် ရွေးပေးတတ်တယ်။ ဈေးဝယ်ထွက်ချိန် ကြာနေရင်တောင်မှ မပျင်းဘဲနဲ့ လိုက်ပေးတတ်တယ်။ သင်က ဈေးဝယ်ထွက်ရင် လိုက်ပေးလို့ အရင် ပြောစရာမလိုပဲနဲ့ သူ့အလိုလို ဈေးဝယ်လိုက်ပေးတတ်တယ်။ ဒီလိုလူမျိုးနဲ့ ချစ်မိနေပြီဆိုရင်တော့ သင် အချစ်စစ်နဲ့ တွေ့နေပါပြီ။
3) သင် အိမ်ပြန်တဲ့အချိန် လိုက်ပို့ပေးတတ်တယ်
အလုပ်က အပြန်မှာပဲ ဖြစ်စေ၊ ချိန်းတွေ့ပြီးတဲ့အခါမှာပဲ ဖြစ်စေ အိမ်ပြန် လိုက်ပို့ပေးတတ်တယ်။ သူအရမ်း ပင်ပန်းနေရင်တောင် သင်ကို စိတ်မချတဲ့အတွက် အိမ်ပြန် လိုက်ပို့ပေးတတ်ပါတယ်။ မတတ်သာလို့ သင့်ကို တစ်ယောက်တည်း အိမ်ပြန် လွှတ်လိုက်ရရင်တောင် သင်ဖုန်းမှာ ခြေရာခံစနစ်ကို ဖွင့်ထားပြီး သူဖုန်းကနေ တစ်ဆင့် စောင့်ကြည့်တတ်တယ်။ အဲ့လောက်ထိအောင် သင့်ကိုသူ ချစ်တာပါ။
4) သင့်အပေါ်မှာဆို လုံးဝ မာနမထားဘူး
ယောကျာ်းလေးမို့ ဆိုပြီး မလုပ်ပေးတာတွေ မရှိပါဘူး။ သင့်အတွက် ယောကျာ်းလေးတစ်ယောက်ရဲ့ မာနကို စွန့်ပြီး လုပ်ပေးစရာ ရှိတာကို လုပ်ပေးတယ်။ သင် ဖိနပ်ပျက်သွားရင်တောင် သူ့ရဲ့ဖိနပ်ကို ပေးစီးတတ်တယ်။ သင် ခြေထောက် ပေါက်နေရင်တောင်မှ သင့်ရဲ့ခြေထောက်ကို ကိုင်ပြီး ဆေးလိမ်း ပေးတတ်တယ်။
သင့်အတွက် အမျိုးသမီး ပစ္စည်းကို သွားဝယ်ပေးဖို့တောင် ၀န်မလေးပါဘူး။ အဲ့လို လုပ်ပေးရတဲ့အထိ သင့်ကို အချစ်စစ်နဲ့ ချစ်တာပါ။
5) အမှတ်တရနေ့တွေမှာ သင့်အတွက် surprise လုပ်ပေးတတ်တယ်
သင့်တို့ နှစ်ယောက်အတွက် အမှတ်တရ ဖြစ်တဲ့နေ့တွေမှာ surprise လုပ်ပေးတတ်ပါတယ်။ တစ်လမှာ တစ်ခါလောက်တော့ သင့်အတွက် အမြဲ surprise လေးတွေ လုပ်ပေးတတ်တယ်။
ဘာဖြစ်လို့လည်းဆိုတော့ သင်ပျော်နေတာကိုပဲ သူ အမြဲမြင်ချင်လို့ပါ။
အဲ့ဒီလို သင့်အပေါ် အချစ်စစ်နဲ့ ချစ်တဲ့သူရှိခဲ့ရင် mention ခေါ်ပီး ဂုဏ်ယူလိုက်ပါနော်... 💑
@Loveshortnotes
Post a Comment