💖 မင်းကိုမင်း ချစ်ခြင်းဖြင့် တန်ဖိုးမြှင့်ပါ ကောင်မလေးရေ 💖
❀ ❀ ❀ ❀ ❀ ❀ ❀
ကောင်မလေးရေ...!
မင်း နေမကောင်း ဖြစ်ရင် မင်းဟာ ကျန်းမာရေး ချူချာသူ တယောက်ဆိုရင်! ဆေး ဆောင်ထားဖို့ မမေ့ပါနဲ့ .... ဗိုက်အောင့်ရင် ဆေးထုတ် သောက်ပါ.. ပြီးရင် မင်း လုပ်စရာရှိတာ ဆက်လုပ်ပါ...။ ဘယ်သူက မင်းကို ဂရုမစိုက်လို့ ဘယ်သူက ဆေး လာမတိုက်လို့ ခေါင်းစဉ် မတပ်ပါနဲ့ ... ကိုယ့်အတွက် လိုအပ်တဲ့ ဆေးတွေ ကိုယ့်ရဲ့ အိတ်လေးထဲမှာ ပါစေ...။
ကောင်မလေးရေ...!
မင်းမှာ အားလပ်ချိန် ရှိမယ်ဆို မင်းကိုယ်မင်း ဖျော်ဖြေနိုင်ပါစေ...။ Bus ကားပေါ်မှာလဲ တယောက်ထဲ ကားစီးရင်း သီချင်း နားထောင်ဖို့ နားကြပ်ပါပါစေ.. Coffee ဆိုင် တဆိုင်ဆိုင် ထိုင်ဖြစ်ခဲ့ရင် ဖတ်ဖြစ်ဖို့ စာအုပ်လေး ယူခဲ့ပါ..။ သေချာတာကတော့ စာအုပ်လေးနဲ့ နားကြပ်လေးက မင်းအကြောင်း ဘယ်သူ့ကိုမှ အတင်းလှည့် မပြောတတ်ဘူးလေ..။ ဘယ်သူကမှ မင်းအနားမရှိလဲ မင်းအတွက် မင်းရှိရုံနဲ့ လုံလောက်တတ်ပါစေ..။
ကောင်မလေးရေ...!
မင်းကို တချို့က အမြင်ကတ်မယ် အထင်သေးမယ်.. မင်းစိတ်ဖြူဖြူလေးထဲ သူတို့ကို မ၀င်ခိုင်းပါနဲ့.. သူများကို အထင်သေး အမြင်ကတ်နေတဲ့ သူတွေက သဘောထား တကယ် မပြည့်ဝတဲ့ အောက်ခြေလွတ် နေသူတွေပါ..။
မင်းဟာ ဒီကမ္ဘာမှာ ဘယ်သူနဲ့မှ မပြိုင်နိုင်တဲ့ တစ်ဦးထဲသောသူပါ..။ မင်းနဲ့တူတဲ့ နောက်တယောက် မရှိနိုင်ပါဘူး...။ ဘယ်သူကမှ မင်းကို မချစ်လဲ မင်းကိုမင်း ချစ်ခြင်းဖြင့် မင်းတန်ဖိုး မင်းမြှင့်ပါ..!
ကောင်မလေးရေ...!
ယောကျာ်းတွေကို မယုံပါနဲ့ အရမ်း အားမကိုးပါနဲ့ မင်းလိုချင်တာ ဖြစ်ချင်တာမှန်သမျှ မင်း BF က လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး ။
မင်းနေစေချင်သလို သူဟာ ရိုးရိုးသားသားလေးလဲ နေပေးနိုင်မှ နေပေးနိုင်ပါလိမ့်မယ် ! အများကြီး မမျှော်လင့်ထားပါနဲ့ သေချာတာ တစ်ခုကတော့ မင်းအတွက် စစ်မှန်တဲ့ ယောကျာ်းဟာ ဘယ်တော့မှ မင်းကို နာကျင်အောင် မလုပ်ဘူး ဆိုတာပါပဲ..။
^_^ credit to မိုးမြင့်မာန်



Post a Comment