Header Ads

သိပ်ချစ်ရပါသော သမီးလေးအတွက် ......


(1) ရုပ်ဆိုးတဲ့ ယောက်ျားတွေ ကို လက်ထပ်ပါ သမီး .....
သူတို့က သမီးကို ထားသွားပြီး ဖောက်ပြန်မှာ မဟုတ်ဘူး လေ.....

(2) ငွေမျက်နှာ တစ်ခုတည်း ကြည့်ပြီး အိမ်ထောင်ဖက် မရွေးချယ် ပါနဲ့ သမီး.....

(3) ယောက်ျား တစ်ယောက် ရုပ် ဘယ်လောက် ချောချော၊ ပိုက်ဆံ ဘယ်လောက် ရှိရှိ ယူထားတဲ့ မိန်းမကို ချစ်ဖို့သာ အရေးကြီး တာပါ.....

(4) လူတစ်ယောက်ကို သနားလို့ ဆိုပြီး မချစ်ပါနဲ့ သမီးလေး.....

(5) သမီးကို တကယ်ချစ်ပြီး အဆုံးရှုံး မခံတဲ့ သူ၊ သမီးရဲ့ ပင်ကိုယ် စရိုက်လေး တွေကို တကယ် တန်ဖိုးထား လက်ခံတဲ့ သူကို မတွေ့ မချင်း စောင့်ပါ သမီး.....

(6) သမီး မွေးလာမယ့် သမီးလေးကို ချစ်မယ့်၊ တန်ဖိုး ထားတတ် မယ့် ယောက်ျားမျိုးကို လက်ထပ်ပါ..... 

(7) ယောက်ျား တစ်ယောက်က ပေးတဲ့ ကတိတွေ တိုင်းကို မယုံကြည် လိုက်နဲ့နော် သမီး.....

(8) အချစ်ရေး ဆိုတာ ဖန်ခွက် တစ်လုံး လိုပဲ.....
ကွဲသွားပြီ ဆိုရင် ပြန်ဆက်လို့ ရရင် တောင် အက်ကြောင်း ကတော့ ကျန်နေ မှာပါ သမီး.....

(9) သမီးကို ပျော်ရွှင်အောင်၊ ဂုဏ်ယူ ရအောင် မထားနိုင်တဲ့ သူကို သမီး ဘဝမှာ နေရာ မပေးလိုက် ပါနဲ့.....

Credit _ Original Uploader

No comments

Powered by Blogger.