Header Ads

💑 ချစ်သူနှစ်ဦး အတူတူရေချိုးရင် ဘာကောင်းကျိုးတွေ ရနိုင်မလဲ ?


💓💓💓💓💓💓💓💓💑
ချစ်သူဇနီးမောင်နှံ နှစ်ဦး အတူတူ ရေချိုးဖူးကြလား?

ဟုတ်ကဲ့ နှစ်ယောက် အတူတူ ရေမချိုးဖူးဘူး ဆိုရင် ခုချိန်ကစပြီး တူတူရေချိုးဖို့ တိုက်တွန်းချင်ပါတယ်။နှစ်ယောက် အတူတူ ရေချိုးခြင်းက ရေကို ချွေတာခြင်း၊ အချိန်ကိုလည်း ချွေတာရာ ရောက်သလို ကျန်းမာရေး ကောင်းကျိုးနဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်မေတ္တာ တွေလည်း ပိုတိုးလာစေပါတယ်။


 ခုခတ်မှာ နှစ်ယောက် အတူတူ ရေချိုးဖို့ မဖြစ်နိုင်ပေမဲ့ အလုပ်ပိတ်ရက် ဖြစ်ဖြစ် အားလပ်ရက်တွေမှာ ဖြစ်ဖြစ် တူတူ ရေချိုးကြဖို့ တိုက်တွန်းချင်ပါတယ်။ မနက်စောစော ထရင် ငါအရင် ချိုးမယ် သူအရင် ချိုးမယ် ငြင်းခုန်နေမယ့် အစား အတူတူသာချိုးဖို့ တိုက်တွန်းချင်ပါတယ်။

တစ်ယောက်တည်း ရေချိုးခြင်းက ကျောကုန်းတို့လို နေရာမျိုးတွေကို သန့်စင်အောင် လုပ်ဖို့ မလွယ်ကူ ပါဘူးနော်။ နှစ်ယောက် အတူတူ ရေချိုးလိုက်ရင် တစ်ယောက်ကို တစ်ယောက် ကူညီပေးနိုင်ပါတယ်။ ဘယ်အရာမဆို စုပေါင်း လုပ်ဆောင်ခြင်းက ပိုအောင်မြင်တယ် မဟုတ်ပါလား။


ရေချိုးရင်းနဲ့ သီချင်း အတူတူဆိုမယ်။ တစ်ယောက်ကို တစ်ယောက် ခေါင်းလျော်ပေးမယ် ဂျီးတွန်းပေးမယ်၊ အလုပ်မှာ တွေ့ကြုံရတဲ့ အကြောင်းအရာလေးတွေ ပြောပြမယ်၊ မိသားစု အကြောင်းအရာလေးတွေ ဆွေးမျိုးအသိုင်းအဝိုင်း အကြောင်းအရာလေးတွေ ပြောရင်း ရေချိုးကြမယ်ဆိုရင် အရမ်း အဆင်ပြေတဲ့ အိမ်ထောင်ရေး တစ်ခုကို ထူထောင်နိုင်မှာပါနော်။ ရေချိုးခြင်းက စိတ်ကိုလန်းဆန်းစေတဲ့ အပြင် မိမိကိုယ်ကိုလည်း ယုံကြည်မှု ရှိစေနိုင်ပါတယ်။


တစ်နေကုန် ပင်ပန်းနေသမျှ ရေချိုးလိုက်ရင် လန်းဆန်းသွားတာပါပဲ။ မနက်တစ်ခါ ညတစ်ခါ ပုံမှန်ရေချိုးသင့်ပါတယ်နော်။ လူတွေဟာ ရေမချိုးတာကြာရင် အခိုးငုတ်ခြင်း ၊လေချုပ်ခြင်း၊ မျက်စီဝေခြင်း၊ ဆံပင်ကျွတ်ခြင်း၊ခေါင်းမူးခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်၊ ဖျတ်ဖျတ်လတ်လတ် မရှိဘဲ ထိုင်းမှိုင်းနေတာတွေ ခံစားရပါလိမ့်မယ်။ ဒါကြောင့် မိသားစု တစ်ကိုယ်ရေ သန့်ရှင်းရေးကလည်း အရေးကြီးတဲ့ လုပ်ဆောင်ချက် တစ်ခုဆိုလည်း မမှားပါဘူးနော်။

Source google
credit myanmarload

No comments

Powered by Blogger.