သင့်မှာချစ်သူရှိရင် ဒါလေးတွေ သိထားသင့်တယ် 💑
💓💓💓💓💓💓💓💓
ချစ်တာလည်း ခံနိုင်ရမယ်... ရစ်တာလည်း ခံနိုင်ရမယ်
သုခနဲ့လည်းတွေ့ မယ်... ဒုက္ခနဲ့လည်း တွေ့ မယ်
လေညင်းလဲလာမယ်... လေပြင်းလဲလာမယ်
ရန်ဖြစ်တာလည်း ရှိတယ်... ပြန်ချစ်မှာလည်း ရှိတယ်
ဒေါသလည်း ထွက်မယ်... သောကလည်း ဖြစ်မယ်
တွေးလည်း ပူရမယ်... ဆွေးလည်း ယူရမယ်
တခါတရံ...မှာ... စိတ်ပူခြင်းရှိမယ်... စိတ်ညစ်ခြင်းတွေရှိမယ်
တခါတရံမှာ ပျော်ရွှင်ခြင်းတွေရှိမယ်... ရင်ခုန်ခြင်းတွေရှိမယ်
တခါတရံ... အရွဲ့တိုက်မယ်...
တခါတရံ... ဂျစ်တိုက်မယ်...
ဒါတွေအားလုံးဟာ ချစ်လို့ ဘဲ ဖြစ်တယ်...
တခါတလေ အဆင်မပြေလို့ စိတ်ကောက်ကြတဲ့အခါ... တသက်မမုန်းပေမဲ့ ဆက်ထုံးဖြစ်ခဲ့ရင်တောင်
ချစ်တဲ့မျက်လုံးလေးနဲ့ဘဲ ကြည့်ပြီး တသက်လုံးကောင်းခဲ့သမျှကို တချက်ကလေး အမှားနဲ့တော့ လက်တွဲဖြုတ်ပစ်ဖို့ ထိ မတွေးလိုက်ကြပါနဲ့...
အလည်သွားဖို့ အခြေမပေးတဲ့ နယ်ခြားလို့ အနေဝေးတဲ့အခါ ချော့မော့ခြင်းဆိုတာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး...
မရေရာ ပစ်ခွာစကားတွေနဲ့ သစ္စာရှားတဲ့ လူစားလို မပြောကြဘဲ... သူ့ အတွက် အကြိုက်ကျစေမဲ့ စကားတွေနဲ့  သူ့ထက်ငါ မမိုက်ကြစေဖို့ .... ဥပက္ခာ သတိတရားလေးနဲ့ မသိချင်ယောင် ဆောင်သင့်တာဆောင် နားလည်မှု ထားသင့်ရင်ထားပြီး ဆက်ချစ်ကြပါ...
အမှန်တော့ ဒီဘဝမှာ ချစ်သူတော်ရတာဟာ ရှေးရေစက်ရှိကြလို့သာ ကံကြုံလို လာဆုံကြတာကို ဘာအတွက်ကြောင့် မုန်းကြမှာလဲကွယ်...
crd Nannan Oo
Post a Comment