👧 စွာတေးလန်မလေးတွေက ဘာကြောင့် ချစ်စရာကောင်းတာလဲ 💖
💓💓💓💓💓💓💓💓👧
စကားကလည်းကြွယ်၊ မဟုတ်ရင်လည်း လုံးဝ မခံတတ်တဲ့ ဆတ်ဆတ်ကြဲ စွာတေးလန် မလေးတွေဟာ အနေအေးသူ လေးတွေနဲ့တော့ တူမှာမဟုတ်ပါဘူး။
မထင်ရင် မထင်သလို တုံ့ပြန်တတ်တာကြောင့် သူ တို့ကို ချဉ်းကပ်ချင်တဲ့ တချို့ အမျိုးသားများ အတွက်တော့ မဝံ့မရဲ ဖြစ်စရာပါ။ တကယ်တော့ ဒီလို မိန်းကလေးတွေဟာ လန့်စရာ မဟုတ်ဘဲ ရိုးသားပွင့်လင်းတဲ့ ချစ်စရာ ကောင်းသူလေး တွေပါ။
သူတို့လေးတွေ ကို ချစ်သူတော်မယ် ဆိုရင်တော့ ဒီအချက်လေး တွေကို ကြိုဖတ်ထားဖို့ အကြံပေးပါရစေ။
1) နောက်ပြောင် ကျီစယ်တဲ့အခါ စိတ်ကောက်မနေဘဲ ဟော့ဟော့ ဒိုင်းဒိုင်း တုံ့ပြန်တတ်ခြင်း။
2) ရိုးသား ဖြောင့်မှန်ပြီး သူ မကြိုက်တာကို မကြိုက်တဲ့ အကြောင်းပြောဖို့ ဝန်မလေးခြင်း။
3) သင့် ပတ်ဝန်းကျင်ရဲ့ အပါးနပ်ဆုံး သူတွေထဲမှာ ပါဝင်တာကြောင့် သူ့ဘေးမှာ နေရရင် ဂုဏ်ယူရခြင်း။
4) တခြားသူများထက် ဉာဏ်ရည် ထက်မြက်ခြင်း။
5) သူနဲ့ အတူတူ ရှိနေရရင် ပျင်းရိငြီးငွေ့စရာ မရှိခြင်း။
6) သင့်အပေါ် စူးစမ်းလေ့လာမှု အပြည့်ရှိပြီး သင့်ဆီက လေးနက် တည်ကြည်မှုကိုသာ တန်ဖိုးထားခြင်း။
7) စွာတေးလန်ပြီး တစ်ခါတရံ ခပ်ကြမ်းကြမ်း နေထိုင်တတ်ပေမဲ့ ချစ်သူနဲ့ သူငယ်ချင်းတွေအတွက် သစ္စာအရှိဆုံး သူတွေဖြစ်ခြင်း။
ကဲ... တိုက်ဆိုင်မှုလေးတွေ ရှိနေတယ် ဆိုရင် တိုက်ဆိုင်သူလေး သိစေဖို့အတွက် နာမည်လေးကို mention ခေါ်လိုက်ပါဦးနော် 💖
credit to gandawin

Post a Comment