Header Ads

🌼 ကိုယ်​ တစ်​​နေ့ နေနိုင်​သွားတဲ့အခါ...🌼


★ ★ ★ ★ ★ ★ ★ ★ ★
ဝတ္ထု စာအုပ်​​တွေက ကိုယ့်​ရဲ့ ​နောက်​ထပ်​ တစ်​ကမ္ဘာ ဖြစ်​လာမယ်​... တိတ်​တိတ်​ ဆိတ်​ဆိတ်​ အခန်းထဲက ကုတင်​​ပေါ်မှာ လှဲနေရင်း ရသမျိုးစုံ​ပေးမယ့် စာအုပ်​​လေး​တွေ ဖတ်​မယ်​.. ဇာတ်​​ကောင်​​တွေနဲ့ အတူတူ ခံစားမယ်​.. ငိုမယ်​.. ရယ်​မယ်​.. ပျော်​မယ်​.. ဝမ်းနည်းမယ်​.. ​ဒေါသထွက်​မယ်​..


ကိုယ့်ရဲ့စိတ် ​တည်​ငြိမ်​​အောင်​ ဝရံတာမှာ ပန်းပင်​​လေး​တွေ စိုက်​မယ်​.. နှင်းဆီ.. စံပယ်​.. သစ်​ခွ.. အ​ရောင်​အ​သွေးစုံ ရနံ့ထုံမယ့် ပန်း​လေး​တွေနဲ့ ည​နေ ဆည်းဆာကို မျက်​နှာပြုရင်း ကော်​ဖီ ​မွှေး​မွှေး​လေး တစ်​ခွက်​နဲ့ စိတ်​ကူး​တွေ နယ်​ချဲ့ဦးမယ်​.

ဆေးဆိုး ပန်းရိုက်​ ရောင်​စုံ ချယ်​မြန်းမယ့် အစား အင်္ကျီဖြူလွှလွှ​ လေး​တွေနဲ့ အ​ရောင်​စုံ တွဲဖက်​ဝတ်​ပြီး လူငယ်​ ဆန်​ဆန်​လည်း ​နေမယ်​. တစ်​ခါတစ်​​လေ ဆံပင်​ အနက်​​ပေါ်မှာ ပန်း​လေး​တွေ တန်​ဆာဆင်​ရင်း နန်းဆန်​ချင်​လည်း ဆန်​သွား​စေမယ်​...

အချစ်​ ဆိုတာကို လက်​ယက် ​​ခေါ်ပီး ဒုက္ခခံမယ့် အစား သီချင်း​တွေနဲ့ အချိန်​ဖြုန်းမယ်​.. သံစဉ်​​တွေနဲ့ အတူစီး​မြောမယ်​.. တူရိယာတစ်​ခုခု တီးတတ်​ခဲ့ရင်​ ဘယ်​​တော့မှ ပြန်​လာခွင့် မ​ပေး​တော့မယ့် ငယ်​ချစ်​​တွေအ​ကြောင်း လွမ်း​တေး သီချင်း​လေး​တွေ စပ်​ဆိုမယ်


နေ့ရက်​ ​တွေက အချစ်​မရှိ ၁၅၀၀ ဆိုတဲ့ စကားလုံး မရှိ​စေပဲ.. ၅၂၈ မေတ္တာနဲ့ ပေါင်းသင်း ဆက်​ဆံ ​နေထိုင်​မယ်​.. ချစ်​တာခြင်း အတူတူ မေတ္တာထားတာခြင်း အတူတူ ပူပင်​လွန်းတဲ့ ချစ်​ခြင်း​တွေ ကိုယ့်ရဲ့ အ​ဝေးဆုံးကို ပို့ထားခြင်​တယ်​...


ကိုယ့်ဘဝဟာ အေး​ဆေး တည်​ငြိမ်​ရင်း စိတ် ​​ပေါ့​ပေါ့ ပါးပါးနဲ့ နေ့ရက် ​​တွေဟာ စောင့်စား ​နေတဲ့ သူမရှိ.. အငိုမရှိ.. စိတ်​ ပင်​ပန်းမှု ​တွေမရှိ.. တောင့်တမှု​တွေ မရှိ.. လိုလားမှု​တွေ မရှိပဲ ကုန်​ဆုံး ချင်​တယ်​...

( အပျိုကြီးဖြစ်​မယ့်​ကိန်း 😂😝 )

credit#Mei

No comments

Powered by Blogger.