Header Ads

ဒီတစ်သက် တက္ကသိုလ်တွင် ရည်းစားမရနိုင်သူများ 💔


★ ★ ★ ★ ★ ★ ★ ★ ★
စကားကို အာကျယ် အာကျယ် ပြောလေ့ ရှိသည်။ ရယ်စရာ ဆိုလျှင် အာပြဲ ကြီးနှင့် ပိုးစိုး ပက်​စက်​ ရီတတ် လေ့ ရှိသည်။ (အာဗြဲ​တွေ)

လမ်းသွားသော် ခြေလှမ်း ကားကား ကြီးဖြင့် သွားတတ် လာတတ် သည်။ တော်တော် လည်း မြန်သည်။


မျက်ခွက် အနေ အထားသည် အမြဲလိုလို မချို မချဉ် ပြောင်တိ ပြောင်စပ် ဖြစ်နေ တတ်လေ့ ရှိသည်။ ( စောက်ခွက် ပြောင်သည် ဟု ဒဲ့ ဆိုနိုင် သည်)

ကန်တင်းတွင် အနည်းဆုံး တစ်ခါစား ၃ ပွဲ လောက် စားလေ့ရှိသူများ ဖြစ်နေလေ့ ရှိသည် ။ ( စောက်စား ကြီးသူ)

မပွင့် တပွင့်  ဆက်ဆံလေ့ ရှိကြသည်။ ရှက်သလိုလို ကြောက်သလိုလို ဖြစ်နေတတ်သူများ အများဆုံး ပါဝင်သည်။ တစ်ခါ တစ်ခါကျ ရင်းနှီး ပွင့်လင်း နေလွန်း ပြန်သည်။

စာသင်ချိန်  တစ်ချိန်လုံး တက်နေလေ့ ရှိသည်။ ၂၄ နာရီ  စာ မှ စာ လုပ်နေလေ့ ရှိသည်။

မျက်စိရှေ့က  အမြင်လေးများ ဖြင့်သာ ကျေနပ်နေသူ  အများဆုံး ပါဝင်ကြသည်။ အကောင်းဆုံး  ချိန်လျက်  အမြန်ဆုံး မပစ်ရဲကြ။ တစ်နည်းပြောရရင် ဟောဟော ဒိုင်း ဒိုင်း လက်ရဲ ဇက်ရဲ  မရှိ။ အမြင်အားဖြင့် တင်းတိမ် ရောင့်ရဲနေတတ်ကြသည်။


ဇီဇာကြောင်သည် ။ တန်ရာတန်ရာ မမှန်းဘဲ မင်းသား မင်းသမီး size မျိုးကို မှန်းလေ့ရှိသည်။ အရွေးလွန်ပြီး  အို ၊ဟိုင်း၊ဟိုး ဖြစ်သွားလေ့ ရှိသည်။

အကြွေးထူသူများတွင် အများဆုံး ဖြစ်တတ်သည်။ လ မကုန်ခင် ပိုက်ဆံ မလောက်သူများတွင် ပို အဖြစ်များသည်။

သေသေချာချာ ဆက်လက် လေ့လာကြည့်ရာ ခေါက်ဆွဲဖြင့် နေ့စဉ် နှစ်ပါးသွားရသူ အများဆုံး ပါဝင်သည်။


ဖက်ရှင်ကျကျ မဝတ်တတ် ။ ပုံမလာ ပန်းမလာ ဘလာဘလာ ဆိုဒ်တွေ ဝတ်တတ်ကြသည်။ အထာကျကျ မနေတတ် ။ တစ်နည်းပြောရရင် ဟန် မ ကိုယ့် တတ်ကြ။

မူယာမာယာ ဘလာဘလာ ဘာမှ မသုံးတတ်။ သုံးလိုက်ပြန်တော့လည်း ကလေးကလား အကွက်တွေ ဖြစ်နေတတ်ပြန်သည်။

ဝဋ်ကြွေးပါလာသူများ ဖြစ်ကြသည်။ ချိန်လိုက်တိုင်း ပါပါ သွားတတ်သည်။ ကိုယ့် ကို လာ ကြိုက်သောသူကိုလည်း သောက်ဖက် ပြန်မလုပ်တတ်။ ခြုံငုံပြောရရင် ရည်းစားမရဖို့ နဖူးမှာ စာ ပါလာသူများ ဖြစ်ပေသည်။

💚💚💚
Credit _ ခဲတံ

No comments

Powered by Blogger.