Header Ads

ချစ်သူမိန်းကလေးကို တကယ်ချစ်ရင် ဒီအချက်လေးတွေ လုပ်ပေးပါ 💘


💓💓💓💓💓💓💓💓💑
ဖတ်ပြီးလို့ သဘောကျတယ် share ပေးပါအုံး ။

1) သင့် ချစ်သူကို သင့် သူငယ်ချင်းတွေနဲ့ မိတ်ဆက် ပေးတဲ့အခါ သူ့ခါးလေးကို ဖက်ပြီး မိတ်ဆက်ပါ။ တစ်နေရာဆီမှာ ရပ်ပြီး လက်ညှိုးထိုး မိတ်မဆက်ပါနဲ့။

2) ကောင်မလေး လှလှလေးတွေကို ငမ်းတဲ့အခါ အချိန် ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ပြီးတော့ အဲဒီ ကောင်မလေးဟာ ချစ်သူလောက် မလှကြောင်း ချက်ချင်း ပြောတတ်ပါစေ။

3) သင့်ကို ချစ်သူ အနိုင်ကျင့်လို့ ရတယ်။ ဒါပေမယ့် ချစ်သူကို သင် လုံးဝ အနိုင်မကျင့်ပါနဲ့။ သင့်ကို ချစ်သူ အနိုင်ကျင့်တယ် ဆိုလည်း ကောင်းတဲ့အရာလေးတွေ တွေ့တိုင်း သင့်ကို သူ ပထမဆုံး သတိရတတ်လို့ပါပဲ။

4) ချစ်သူငိုတဲ့ အခါ ချော့ပါ စိတ်မပျက်စတမ်း ချော့ပါ။ ချစ်သူပြုံးရယ်တဲ့ အထိ ချော့ပါ။

5) ချစ်သူ ဓာတ်ပုံကို ပိုက်ဆံအိတ်ထဲ ထည့်ထားပါ။ ဟန်းဖုန်းပေါ် ကပ်ထားပါ။ သူအမြဲ တွေ့နိုင်တဲ့ နေရာတွေမှာ ထည့်ထားပါ။

6) သူ့ သူငယ်ချင်းတွေရှေ့မှာ သူ့ကို ခါတိုင်းထက် ပိုချစ်ပြ၊ ပိုဂရုစိုက်ပြတာကို သူ မျှော်လင့်တတ်တယ်။

7) “ဘယ်သွားရင် ကောင်းမလဲ” “ဘာစားရင် ကောင်းမလဲ” လို့ ချစ်သူမေးတဲ့အခါ “ခင့် သဘော.. ခင်ကြိုက်တာစား” ချည်းပဲ မဖြေပါနဲ့။ ဒါဟာ သူ့ကို ဦးစားပေးရာ မရောက်ဘဲ သင်စိတ်မပါရာ ဖြစ်သွားတတ်တယ်။


8) “--- ကိုချစ်တယ်” ဆိုတဲ့ မကြာခဏပြောပေးပါ။ မဟုတ်ရင် သူ့ကို သင်မချစ်ဘူးလို့ သူ ယူဆတတ်ပါတယ်။

9) ဘယ်တော့မှ လူအများကြားမှာ၊ လူတွေရှေ့မှာ ချစ်သူကို မအော်ငေါက်ပါနဲ့။ ချစ်သူကို တစ်ယောက်တည်း ထားမခဲ့ပါနဲ့။

10) အမှား လုပ်မိတဲ့သူ့ကို သင် ဆုံးမလို့ရတယ်။ ဒါပေမယ့် ဆုံးမပြီးနောက် သူ့ကို ချော့ပါ… ဒါဟာ အရေးကြီးတဲ့အချက် ဖြစ်တယ်။


11) သူ စိတ်ကောက်တဲ့အခါ သူ့ကို ပစ်မထားပါနဲ့။ သူစိတ်ကောက် ပြေဖို့လည်း အချိန်မပေးပါနဲ့။ တကယ်တော့ စိတ်ကောက်ပြေဖို့ သူအချိန် မလိုပါဘူး။ အချော့ပဲ လိုပါတယ်။

12) သင့်ရဲ့ သူငယ်ချင်းတွေနဲ့ သင်ပျော်ပါး လည်ပတ်လို့ ရတယ်။ဒါပေမယ့် သူ့ကို အချိန်ပိုပေးဖို့ မမေ့ပါနဲ့။

13) သင့်ကို သူ လွမ်းတယ်လို့ ပြောတဲ့အခါ သူနဲ့ ချိန်းတွေ့ဖို့ အချိန်ပေးပါ။

14) တခြား မိန်းကလေး တစ်ယောက်နဲ့ သင် စကားပြောတဲ့အခါ ချစ်သူလက်ကို တွဲထားပါ။ တကယ်လို့ ချစ်သူအနားမှာ ရှိမနေခဲ့ရင် အဲဒီ မိန်းကလေးနဲ့ ခပ်ခွာခွာ ရပ်ပြီးမှ ပြောပါ။

15) လမ်းဖြတ်ကူးတဲ့အခါ သူ့လက်ကို တွဲထားဖို့ မမေ့ပါနဲ့။

16) ဘယ်လောက်ပဲ အလုပ် များနေပါစေ.. သူ့ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့။

17) မကြာခဏ သူ့ကို သီချင်းဆိုပြပါ။

18) နှစ်ယောက်စလုံးမှာ စိတ်တို ဒေါသထွက်ခွင့် ရှိတယ်။ ဒါပေမယ့် တစ်ရက်တည်း၊ တစ်ချိန်တည်းမှာ ဒေါသမထွက်ပါနဲ့၊ စိတ်မတိုပါနဲ့။ သူ စိတ်တိုတဲ့နေ့ သင်စိတ်မတိုပါနဲ့။


19) သူ့အလုပ်မှာ အဆင်မပြေတဲ့အခါ၊ သူ့ဘဝ အဆင်မပြေတဲ့အခါ သူနဲ့အတူ ဆွေးနွေးပါ။ အကြံပေးပါ။

20) တခြား ကောင်မလေးကို ကြည့်တဲ့အကြည့် ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ကောင်မလေး တစ်ယောက်တည်းကို ကြည့်တဲ့ အကြည့် ငါးကြိမ်ထက် မပိုပါစေနဲ့။

21) တလောကလုံး သူ့ကို မယုံကြည်တဲ့အခါ သူ့ကို သင် ယုံကြည်ရမယ်။ သူလည်း သင့်ကို ဒီအတိုင်းပဲ ဆက်ဆံလိမ့်မယ်။

22) သူ အဝတ်အစား အသစ် ဝတ်တဲ့အခါ ချီးကျူးဖို့ လုံးဝ မမေ့ပါနဲ့။ (မပေါ်တပေါ်ကို ဆိုလိုတာ မဟုတ်ဘူးနော် :)


23) ချစ်သူနဲ့ ရန်ဖြစ်တဲ့ အချိန် (၃) မိနစ်ထက် မကျော်စေနဲ့။ အသံနှုန်း ၂ဝ decibel ထက်မမြင့်စေနဲ့။ (decibel – ဒယ်ဆီဘယ်၊ အသံ အတိုးအကျယ်ကို တိုင်းတာသည့် အခြေခံယူနစ်)

24) အားကစား လိုက်စားပါ။ ခန္ဓာကိုယ် တောင့်တင်းအောင် ကျင့်ပါ။ သူ့ကို ပွေ့မ,နိုင်အောင် ကျင့်ပါ။

25) သူ စိတ်ထိခိုက်၊ ဒေါသထွက်တဲ့အခါ သူ့ကို ဖက်ထားလိုက်ပါ။ သူနဲ့ ငြင်းခုန်ဖြေရှင်းဖို့ မကြိုးစားပါနဲ့။

26) ဖုန်းဓာတ်ခဲ ကုန်သွားလို့ ဆိုတဲ့ အဖြစ်မျိုး မဖြစ်ဖို့ မျှော်လင့်ပါတယ်။ အပြင်ထွက်တဲ့အခါ သင် ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ် ဆိုတာမျိုး သူ့ဆီ ဖုန်းဆက်ပြီး ပြောပြနိုင်ရင် အကောင်းဆုံးပါ။

27) သူ့ရဲ့ အားနည်းချက်တွေနဲ့ သူစိတ်ညစ် ဝမ်းနည်းနေတဲ့အခါ အဲဒီ အားနည်းချက်ကို ထပ်တလဲလဲ ထုတ်ဖော်မပြောပါနဲ့။

28) အကျိုးအကြောင်း မသင့်တာမျိုး သူပြောတာဟာ သူ ရိုင်းစိုင်းတာ မဟုတ်ပါဘူး။ သူ ချွဲနွဲ့တာပါ။

29) ဘာအကြောင်းပဲ ရှိရှိ သင်နဲ့အတူ သူ မျှဝေလိမ့်မယ်။ သူပြောသမျှ သင်နားလည်ချင်မှလည်း နားလည်မယ်။ ဒါပေမယ့် သူပြောသမျှ သင် နားထောင် ဟန်ဆောင်လိုက်ပါ။

30) သူ မှန်တယ်လို့ အမြဲ ထင်မြင်ပေးပါ။ ဘာကြောင့်လဲ ဆိုတော့ သင်ဟာ သူ့အချစ်ဆုံး ဖြစ်နေလို့ပါပဲ။

Credit Original writer

No comments

Powered by Blogger.