Header Ads

ယောင်္ကျားကောင်းတွေ ရှားပါးလာတဲ့ခေတ်မှာ မိန်းကလေးတွေ ရွေးရခက်တဲ့ ပြသနာများ


💓💓💓💓💓💓💓💓👧
ယောက်ျားပေါပြီး ခင်ပွန်းကောင်း ရှားလာတဲ့ခေတ်ကြီးမှာ မိန်းကလေးတွေ ကြုံနေရတဲ့ ပြသနာလေးတွေက…

1) အလုပ် ကြိုးစားသူကို ရွေးမယ် ဆိုတော့လည်း သူ့မှာ ကိုယ့်အတွက် ပေးစရာ အချိန်မရှိ ဖြစ်နေတယ်။

2) ရုပ်လေး ချောတဲ့သူကို ရွေးမယ် ဆိုတော့လည်း အမျှော်အမြင်က နည်းပါးနေတယ်။

3) ချမ်းသာသူကို ရွေးမယ် ဆိုတော့လည်း လေးစားစရာက မကောင်းဘူး ဖြစ်နေပြန်တယ်။

4) အရည်အချင်း တော်သူကို ရွေးမယ် ဆိုတော့လည်း ဇီဇာ ကြောင်လွန်းတယ်။

5) စိတ်နှလုံးနူးညံ့သူကို ရွေးမယ် ဆိုတော့လည်း သူ့ ရည်းစားဟောင်းနဲ့က အမြဲ အမျှင်တန်းနေတယ်။

6) ပညာတတ်တဲ့သူကို ရွေးမယ် ဆိုတော့လည်း နေရာတကာ သူသိသူတတ်နဲ့ အမြဲဆရာ လုပ်နေတယ်။

7) ပညာမတတ်တဲ့သူကို ရွေးမယ် ဆိုတော့လည်း အမှားပြင်ဆင်ပေးတိုင်း ဒေါသထွက် ခံရတယ်။

8) သာမန်လူကို ရွေးမယ် ဆိုတော့လည်း ကြိုးစားချင်စိတ်က မရှိ ဖြစ်နေတယ်။

9) တာဝန်ယူတတ်တဲ့ လူကို ရွေးမယ် ဆိုတော့လည်း အချစ်ကို စိတ်ကူး မယဉ်တတ်သူ ဖြစ်နေတယ်။

10) ဟန်ပန်နဲ့ စမတ်ကျကျ နေတတ်သူကို ရွေးမယ် ဆိုတော့လည်း အများစုက လိမ်ညာတတ်ကြတယ်။

ကိုယ့်ရဲ့ ခံစားချက်လေးတွေနဲ့ တိုက်ဆိုင်နေတယ် ဆိုရင် SHARE လိုက်ပါဦးနော်။

Credit Gandawin

No comments

Powered by Blogger.