Header Ads

အစွဲအလန်းကြီးပီး သစ္စာရှိတာ အေဘီသွေးပါ 💘


💓💓💓💓💓💓💓💓💑
AB တွေက အချစ်ကြီးလို့လား (သို့) အစွဲအလမ်း ကြီးလို့လား ချစ်သူတွေ အပေါ်မှာ သစ္စာ ရှိတတ်ကြလို့ ကျန်ရစ်ဖြစ်သူ များပြီး အသည်းကွဲနေတာ များတယ်။ ချစ်သူ အပေါ်မှာလည်း သစ္စာ မဖေါက်သလို သူတို့ကို လျစ်လျူရှုရင် ဂရုမစိုက်သလို ပြစ်ထားရင်လည်း မချစ်တော့လို့လား လို့ AB လေးတွေက တွေဝေ တတ်ကြတယ်လေ

သူတို့က အချစ်ရေးမှာ ခံစားချက်ကို သိုဝှက်လေ့ မရှိကြလို့လည်း အမြဲ တဖက်သားရဲ့ လှည့်စားမှုကို ခံရလေ့ ရှိနေတတ် ကြတယ်တဲ့လေ... တွေဝေတတ်တာ AB ပါ မသေချာ မရေရာတဲ့ အနာဂါတ် မနက်ဖြန် တိုင်းအတွက် သူတို့လေးတွေက လေထဲမှာ စိတ်ကူး အိမ်မက်လေးတွေကို အကောင်ထည် ဖေါ်နေတတ် ကြတယ်လေ။

စိတ်ကူးထဲက အတိုင်း အပြင်မှာ ဖြစ်အောင် ကြိုးစားဖို့ ဇွဲလုံလ ဝိရိယရှိသူ တွေထဲမှာ အမှတ်ပေးရမယ်ဆို AB လေးတွေကို လက်ညိုး အရင် ထိုးရလိမ့်မယ်လေ ဇွဲရှိသူတွေ အနေနဲ့ပေါ့။ AB တွေက တခြား သွေးတွေလို မဟုတ်ဘဲ လူမှု ဆက်ဆံရေးမှာ အရောတဝင် မလုပ်တတ်တာ သူတို့ရဲ့ ပင်ကို စရိုက်လေးပါ။


သီခြား ပင်ကို စတိုင်လေးနဲ့ ခပ်အေးအေးလေး အများစုက နေတတ်ကြတယ်လေ။ ဒါပေမယ့် သူတို့အရောတဝင် နေထိုင်လေ့ ရှိတဲ့ သူငယ်ချင်း မိတ်ဆွေ အရင်းတွေ ကြားမှာတော့ ဟာသဥာဏ်ရွှင်တဲ့ လူပျက် တစ်ယောက်လို တပါးသူ ပျော်ရွှင်အောင် နေတတ်ကြတယ် တဲ့လေ။ တိုက်ဆိုင်ရဲ့လား AB လေးတို့ရေ


AB တွေက ဂီတကို အရမ်း မြတ်နိုးတယ် တစ်ယောက်ထဲ ပျင်းနေချိန်မှာ သံဇဉ်လေးတွေနဲ့ feeling လုပ်နေတတ်ကြတယ်။ ပျော်စရာရှိပြီ ဆိုရင် တစ်ယောက်တည်း ကျိတ်မပျော်ဘဲ သူငယ်ချင်း အပေါင်းသင်း ချစ်သူတို့ကို ပျော်ရွှင်မှုကို ဝေမျှပီတိ ဖြစ်စေတယ်လေ ဝမ်းနည်းပြီဆို နှစ်ယောက်မရှိဘူး AB တွေက အစွန်းဆုံးရောက်အောင် အားငယ် နေတတ်တယ်လေ...

credit to original

No comments

Powered by Blogger.