Header Ads

ချစ်သူနှစ်ယောက်ကြားမှာ ယေဘူယျ နားလည်ရမဲ့ ဝတ္တရား(5)ခု 💘


💓💓💓💓💓💓💓💓💑
ချစ်သူတိုင်းဖတ်ဖို့ ...
ချစ်သူနှစ်ယောက်ကြားမှာ ယေဘူယျ နားလည်ရမဲ့ ဝတ္တရားတွေကို  အကြမ်းအားဖြင့် သိရှိထားရမှာက...

1)  နားလည်မှု

နားလည်မှု ဆိုတာ  တဖက်ထဲ ထားရမဲ့  အတ္တတွန်းအား တရပ် မဟုတ်ပါဘူး  နှစ်ဦးနှစ်ဖက်  လိုက်နာမှ အခြေနေမှန်ကို ထိန်းကြောင်းပေးနိုင်သော  ကြိုးတစ်ချောင်းသာ ဖြစ်ပါတယ်။ တဖက်က  ချစ်တဲ့စိတ်နဲ့   အရာရာကို နားလည် ခွင့်လွှတ်ပေးတာကို  တဖက်က " ငါ လုပ်ချင်သလို လုပ်လို့ ရပါတယ်ကွာ " ဆိုတဲ့ ပုံစံနဲ့  လုပ်ချင်တာ လုပ်ပြီး sorry တခွန်းနဲ့   ဆက်ဆံတာ များလာရင်  တဖက်က နားလည်မှုကို စော်ကားရာ ရောက်စေသလို  နားလည်မှု ပေးထားရသူကိုလည်း နာကျင်စေပါတယ် ။ ချစ်သူတွေကြားထဲ  တစ်ဦးတဖက်ထဲကပဲ  နားလည်မှု ရှိနေလို့ မရပါဘူး ။ တကယ် အချစ်စစ်နဲ့   ချစ်တဲ့သူ မှန်ရင် တဖက်လူရဲ့ ခွင့်လွှတ်နားလည် ပေးမှုကို  တန်ဖိုးထား တတ်ကြပါတယ် ။

2) သစ္စာ တရား

သစ္စာတရား ဆိုတာ  အနေနီးခြင်း ဝေးခြင်းနဲ့   မဆိုင်သလို အလွယ်သုံးရမဲ့  အရာလည်း မဟုတ်ပါဘူး။ ဘာကြောင့်လည်း  သစ္စာ မရှိသူဟာ တဖက်က သစ္စာတရားစူးခဲ့ရင်   သံသရာ အဆက်ဆက် ဝဋ်ကြွေး ပါသွားပါပြီ ။ တဖက်က  သစ္စာတရားကို ခါးဝတ်ပုဆိုးလို မြဲနေပေမယ့် တဖက်က  သစ္စာမရှိရင်  ဘယ်လောက်တန်ဖိုးရှိတဲ့ လက်တွဲဖော်ဖြစ်နေပါစေ  တစ်ဘဝစာ လက်တွဲဖော် ဖြစ်မလာနိုင် တော့ပါဘူး ။ သစ္စာဖောက်ခံရသူရဲ့  မျက်ရည်ဟာ သစ္စာမဲ့ သူတွေအတွက် တမြေ့မြေ့ ကျွမ်းလောင်နေပြီး သေရာပါ နောင်တ ဆိုတာ ဆုပ်ကိုင်ထားပြီး ဖြစ်ပါလိမ့်မယ် ။ တကယ် ချစ်သူတွေအတွက်  အနေဝေးလေ သစ္စာဆိုတာ ပိုလေးလေးနက်နက် ကိုးကွယ်ကြပါတယ် ။ တကယ်ချစ်ရင် မိမိချစ်သူအပေါ်  ချစ်တယ် ဆိုတဲ့ စကား တစ်နေ့ အခွန်းတစ်ရာ ပြောတာထက်  သစ္စာတရားကို ထားရှိကြပါ ။


3) ခွင့်လွှတ်တတ်ခြင်း

တကယ် ချစ်ကြတဲ့ သူတွေဆိုတာ တော်ရုံ အပြစ်တွေကို ခွင့်လွှတ်ပေးတတ်သလို  အပြစ်တစ်ခုလို့ လည်း မမြင်တတ် ကြပါဘူး ။ ကြီးမားတဲ့အပြစ် လုပ်ထားပါစေအုံး  ခွင့်လွှတ်သင့်တဲ့ အရာတွေ ဖြစ်နေရင်  စိတ်ဆိုးပြီး ပါးစပ်က ပြောချင်ပြောလိမ့်မယ် ကိုယ့်ဖက်က အကျိုးအကြောင်း မှန်မှန်နဲ့  ရှင်းပြပေးနိုင်ရင်  ခွင့်လွှတ် ပေးတတ်ကြပါတယ် ။ တဖက်က  ကိုယ့်ရဲ့ အမှားအတွက် တောင်းပန်ရုံနဲ့  ကြေအေးပေးတိုင်း  မကြာမကြာ အမှားတွေ လုပ်နေရင် ဒါဟာ မိမိချစ်သူအပေါ်  တန်ဖိုးမထားဘူး ဆိုတဲ့ အဖြေက ရှင်းနေပါပြီ ။

4) အပြန်အလှန် တန်ဖိုးထားခြင်း

ချစ်သူဘဝမှာ  အဓိကကျတဲ့အချက် ဆိုရင် မမှားပါဘူး။ ကိုယ်က ချစ်တဲ့စိတ်ကြောင့် လူတစ်ဦးတစ်ယောက်ကို ပါတ်သက်လိုက်မိရင် တန်ဖိုးထားပါ ။ မိမိချစ်သူရဲ့ အကောင်းအဆိုးကို ဝေဖန်ပေးပြီး လမ်းကောင်း ညွှန်ပြခြင်းနဲ့  အဆိုးမှ အကောင်းဖက်သို့ ပြောင်းလဲနိုင်ရပါမယ် ။ မိမိ ချစ်သူကို  အပေါင်းသင်း သူငယ်ချင်းတွေကြား ၊ ဆွေမျိးအသိုင်းဝိုင်း တွေကြားထဲ မျက်နှာငယ်စေမဲ့  အပြုအမူမျိုးကို ရှောင်ရှားတတ်ရပါမယ် ။ ဒါမှ တစ်ဦးအပေါ်တစ်ဦး လေးစားမှု ရှိလာပြီး လေးနက်တဲ့  ချစ်ခြင်း မေတ္တာတွေ ပိုင်ဆိုင်လာပြီး ခိုင်မြဲတဲ့  ချစ်ခြင်းခရီးကို  တက်လှမ်းနိုင်ရမှာ ဖြစ်ပါတယ် ။

5) လေးစားတတ်ခြင်း

မိုးလောက်ကြီး ချစ်တယ် ပါးစပ်က ဘယ်လောက် ပြောပြော မိမိချစ်သူကို အလေးအနက် မထားရင် အလကားအချစ် တန်ဖိုးမဲ့တဲ့ အချစ်ဆိုရင်  မမှားပါဘူး ။ ချစ်သူ မကြိုက်တဲ့ အလုပ်ကို လည်း  ကွယ်ရင်လုပ်မယ် ချစ်သူကို ပေးထားတဲ့ ကတိကို  မကြာမကြာ ချိုးဖောက် နေမယ်ဆိုရင်  မိမိချစ်သူကို မလေးစားရာ ကျသလို ဖြစ်စေပါတယ် ။ ဥပမာ အားဖြင့် မိမိ ချစ်သူကို နေ့ လယ် ဖုန်းဆက်မယ် လို့  ကတိပေးထားရင်  အလုပ်မအား ဖြစ်နေလို့   ဖုန်ဆက်ဖို့  အခွင့်မသာတောင် message လေး တစ်ကြောင်းလောက်နဲ့  အသိပေး လိုက်ခြင်းဟာလည်း  မိမိ ချစ်သူကို အလေးနက်ထား လေးစားခြင်းကို ပြသရာ ရောက်စေပါတယ် ။


ကတိ ပေးထားပြီး  ဖုန်းမဆက် message တစ်စောင် မပို့ ပဲ နောက်မှ တောင်းပန်လိုက်မယ် ဆိုတဲ့  အမူကျင့်ဟာ မိမိရဲ့ ပေါပျက်ပျက် စာရိတ္တကို ပြလိုက်ခြင်း ဖြစ်သလို တဖက်က စောင့်မျှော်နေသူအတွက်လည်း မိမိအပေါ် အလေးနက် မရှိဘူးဆိုတဲ့ ခံစားချက်နဲ့   နာကျင်စေပါတယ် ။ အခုလို ပေါ့ပျက်ပျက် မကြာခဏလုပ်မိလို့   တဖက်က ထပေါက်ကွဲရင်  မိမိ အလွန်ဖြစ်တာမို့   အဆိုးမဟုတ်တော့ပါဘူး ။ တဖက်က လမ်းခွဲသွားခဲ့ရင်တောင်  အပြစ်မဟုတ်တော့ပါဘူး ။ မိမိ ချစ်သူကို တကယ် တန်ဖိုးထားပြီး လေးလေးနက်နက် ချစ်တယ် ဆိုရင်  တစ်စောင် ဆယ့်ငါးကျပ် တစ်မိနစ် လောက်မျှသာ အချိန်လေး ပေးဖို့   မတွန့် တိုပါနဲ့ ။


ဘဝတစ်လျှောက်လုံး လက်တွဲပြီး အတူ နေထိုင်သွားဖို့  ရည်ရွယ်ထားတဲ့ ချစ်သူ ဆိုရင်  အပြန်အလှန် လေးစားမှုမှ ယုံကြည် အားကိုးတဲ့ မေတ္တာ ခရီးကို လျှောက်ပါ ။ ကတိ သစ္စာကို  ကိုယ်စီ လက်ကိုင်ထားပြီး လေးနက်ပြီး နွေးထွေးတဲ့ မေတ္တာအိမ်ကို တည်ဆောက်ကြပါ ။

ဒါမှမဟုတ်ပဲ  အသက်မကတော့ ချစ်တယ် ပြောပြီး လုပ်ချင်ရာကိုလုပ် ပြီးမှ sorry ပြောလိုက်မယ် ဆိုရင် တန်ရာ တန်ရာ ပေါ့ပျက်ပျက် sorry  ဆိုတဲ့ မေတ္တာတွေသာ ပိုင်ဆိုင်ရမှာ မြေကြီး လက်ခပ်မလွဲပါပဲ ။

#MayNoe

No comments

Powered by Blogger.