Header Ads

💘 ရာသီခွင်များရဲ့ ရည်မှန်းချက်နဲ့ စိတ်သဘောထားများ 💘


💓💓💓💓💓💓💓💓💑
သင့်ရဲ့ ရာသီခွင်က သင် ဘယ်လောက်ထိ ရည်မှန်းချက် ကြီးတယ်၊ ရည်မှန်းချက်တွေ အပေါ် ဘယ်လို ခံယူချက်တွေ ထားတယ် ဆိုတာကို ခန့်မှန်းလို့ ရတယ်တဲ့ friend တို့ရေ….။

သင့် ရာသီခွင်က ပြောပြနေတဲ့  သင့်ရဲ့ ရည်မှန်းချက်ဆိုင်ရာ စိတ်သဘောထား လေးတွေကို ဖတ်ကြည့်လိုက်ကြရအောင်နော်။

1) မိဿရာသီဖွား (Aries)
(မတ် ၂၁ ရက်မှ ဧပြီ ၂ဝ အတွင်း မွေးဖွားသူများ)

မိဿ ရာသီဖွားတွေဟာ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး သူမတူအောင် စိတ်ဓာတ် ပြင်းပြကြပါတယ်။ ရည်မှန်းချက် ပြည့်ဝဖို့ဆိုရင် ဘယ်လို အခက်အခဲတွေကို မဆို ဇွဲမလျှော့တမ်း လျှောက်လှမ်းနိုင်သူတွေ ဖြစ်ကြပါတယ်။ မိမိရဲ့နေ့ရက်တွေ ကိုလည်း ရည်မှန်းချက်တွေဆီ လျှောက်လှမ်းဖို့ ခြေလှမ်းအဖြစ် အသုံးချတတ်ကြပါတယ်။

2) ပြိဿရာသီဖွား (Taurus)
(ဧပြီ ၂၁ ရက်မှ မေလ ၂၁ အတွင်း မွေးဖွားသူများ)

ပြိဿ ရာသီဖွားတွေရဲ့ ပန်းတိုင်ဟာ ဆူးငြောင့်တွေနဲ့ ပြည့်နှက်နေတဲ့ လမ်းတစ်ခုဖြစ်ပါတယ်။ ရည်မှန်းချက်တွေနဲ့ ပတ်သက်ရင် လက်တွေ့ကျပြီး လုပ်ဆောင်လို့ ရနိုင်တဲ့ ပန်းတိုင်တွေကို ချမှတ်ထားတတ်ကြပါတယ်။ မိမိ လိုချင်တဲ့အရာတွေကို ဘယ်လို အကြောင်းကြောင့်မှ လက်လွတ်မခံဘဲ ရအောင် ယူတတ်ကြတာ ပြိဿ ရာသီဖွားလေးတွေပါ။

3) မေထုန်ရာသီဖွား (Gemini)
(မေ ၂၂ ရက်မှ ဇွန် ၂၁ အတွင်း မွေးဖွားသူများ )

မေထုန် ရာသီဖွားတွေဟာ အဆုံးသတ်မှာ ရရှိခံစားရမယ့် အကျိုးကျေးဇူးကို မြင်ယောင်ကြည့်ပြီး  ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ကျော်ဖြတ် နိုင်ကြသူတွေပါ။ ပြဿနာများကို ဖြတ်ထိုးဉာဏ်နဲ့ ကျော်ဖြတ်နိုင်ပါတယ်။ အကျိုးနဲ့ အပြစ်ကို မြင်အောင်ကြည့်ပြီး ပညာသားပါပါနဲ့ လိုချင်တာကို ရအောင် ယူတတ်ကြပါတယ်။

4) ကရကဋ်ရာသီဖွား (Cancer)
(ဇွန် ၂၂ ရက်မှ ဇူလိုင်လ ၂၃ အတွင်း မွေးဖွားသူများ)

လုပ်ဆောင်သမျှ အရာတိုင်းမှာ ထိပ်ဆုံးဖြစ်ချင်တာ ကရကဋ် ရာသီဖွားတွေပါ။ မိမိရဲ့ ရည်မှန်းချက်တွေဆီကို လျှောက်လှမ်းရင်း သူတစ်ပါးကိုလည်း အားပေး ကူညီတတ်ပါသေးတယ်။ အရာရာကို သွေးအေးအေးနဲ့ ဖြေရှင်းနိုင်ပြီး ရက်ရော ပျူငှာတဲ့ နှလုံးသား ပိုင်ရှင်တွေပါ။ ဘဝမှာ အောင်မြင်ကြသလို အများရဲ့ယုံကြည်ကိုးစားမှုကိုလည်း ခံရတတ်ပါတယ်။

5) သိဟ်ရာသီဖွား (Leo)
(ဇူလိုင် ၂၄ ရက်မှ သြဂုတ်လ ၂၃ အတွင်း မွေးဖွားသူများ)

အုပ်စုလိုက် ဖော်ဆောင်ရမယ့် ရည်မှန်းချက်တွေမှာ သိဟ် ရာသီဖွားတွေက ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ မိမိကိုယ်ကို အပြည့်အဝ ယုံကြည့်တယ်၊ အကောင်းမြင်တတ်တယ်။ မိမိရဲ့ စိတ်အားထက်သန်မှု တွေနဲ့ အခြားသူတွေကိုပါ တက်ကြွလာအောင် ဖန်တီးပေးနိုင်ပါတယ်။

6) ကန်ရာသီဖွား (Virgo)
(သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂၃ အတွင်း မွေးဖွားသူများ)

ကန် ရာသီဖွားတွေကတော့ မြင်လိုက်တာနဲ့ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်တဲ့ ပုံကို ထင်ဟပ်နေတဲ့သူတွေပါ။ ရည်မှန်းချက်တွေကို အကောင်းဆုံးသော နည်းလမ်းတွေနဲ့ ဖြည့်တင်းကြပြီး အရာရာမှာ စေ့စပ်သေချာစွာနဲ့ အမှားနည်းအောင် ဆောင်ရွက်တတ်ကြပါတယ်။ ရည်မှန်းချက် ပြင်းပြလွန်းတာကြောင့် အများက စိတ်ကြီးတဲ့သူ တစ်ယောက်အဖြစ် မြင်တတ်ကြပါတယ်။

7) တူရာသီဖွား (Libra)
(စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၃ အတွင်း မွေးဖွားသူများ)

တူ ရာသီဖွားတွေကတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တဲ့ ရည်မှန်းချက်တွေကို ချမှတ်ထားပြီး တစိုက်မတ်မတ်ပုံမှန် ကြိုးစားတတ်ကြသူတွေပါ။ ဘဝရည်မှန်းချက်တွေ ချမှတ်ထားပေမဲ့ ပြင်းပြပူလောင်စွာ ကြိုးစားတတ်သူတွေတော့ မဟုတ်ပါဘူး။ ရောင့်ရဲ အေးချမ်းတဲ့ စရိုက်ကြောင့် ခြေလှမ်းတွေကိုလည်း တည်ငြိမ်စွာ လျှောက်လှမ်းတတ်ကြပါတယ်။

8) ဗြိစ္ဆာရာသီဖွား (Scorpio)
(အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ဗြိစ္ဆာ ရာသီဖွားတွေဟာ အမှားတွေကို သင်ခန်းစာယူပြီး ရည်မှန်းချက်အတွက် ခြေလှမ်းအဖြစ် အသုံးချတတ်ပါတယ်။ အခက်အခဲတွေကို ရည်မှန်းချက် တစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံပြီး စိတ်ဓာတ် ကြံ့ခိုင်စွာကျော်ဖြတ်နိုင်ကြပါတယ်။

9) ဓနုရာသီဖွား (Sagittarius)
(နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ဓနု ရာသီဖွားတွေဟာ အခြေအနေ တစ်ခုချင်းစီမှာ ရည်မှန်းချက်တွေ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်တတ်သူတွေ ဖြစ်ကြပါတယ်။ ရည်မှန်းချက်တွေဆီကို စိတ်ဓာတ် တည်ငြိမ်စွာနဲ့ ယုံကြည်မှုရှိစွာ လျှောက်လှမ်းတတ်ကြပါတယ်။

10) မကာရရာသီဖွား (Capricorn)
(ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၂ဝ အတွင်း မွေးဖွားသူများ)

မကာရ ရာသီဖွားတွေရဲ့ ရည်မှန်းချက်တွေအတွက် စိတ်ရှည် သည်းခံမှုကတော့ အားလုံးက သြချရလောက်ပါတယ်။ ကြုံရတဲ့ အခက်အခဲ တွေကိုတောင် ရည်မှန်းချက်တွေ ပြည့်ဝဖို့ အခွင့်အရေးအဖြစ် ဖန်တီးတတ်ကြပါတယ်။ တစ်ခါတလေမှာ မိမိရဲ့ အခြေအနေနဲ့ ဝေးကွာတဲ့ ရည်မှန်းချက်တွေကြောင့် စိတ်ပင်ပန်းတတ်ပါတယ်။

11) ကုမ်ရာသီဖွား (Aquarius)
(ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

ကုမ် ရာသီဖွားတွေဟာ မိမိရဲ့ရည်မှန်းချက်တွေကို အနုပညာဆန်စွာ အသေးစိတ် ပုံဖော်နိုင်ပါတယ်။ မိမိလုပ်သမျှတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိတယ်။ စိန်ခေါ်မှုတွေကို နှစ်သက်တယ်။

12) မိန်ရာသီဖွား (Pisces)
(ဖေဖော်ဝါရီ ၂ဝ ရက်မှ မတ် ၂ဝ အတွင်း မွေးဖွားသူများ)

မိန် ရာသီဖွားတွေရဲ့ ရည်မှန်းချက်တွေဟာ အနည်းငယ် အိပ်မက်ဆန်ပါတယ်။ စိတ်ကူးယဉ် ကမ္ဘာတွေမှာ နစ်မျောနေတတ်ပြီး လက်တွေ့ အကောင်အထည်ဖော်တဲ့ ခြေလှမ်းတွေကတော့ နည်းတတ်ပါတယ်။ အနုပညာဆန်တဲ့ လုပ်ငန်းတွေတော့ အောင်မြင်တတ်ပါတယ်။

သင့်အတွက် မှန်နေခဲ့ရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါအုံး။

credit gandawin

No comments

Powered by Blogger.