တကယ်ချစ်ရင် မချည်နှောင်ပါနဲ့ 👫
💓💓💓💓💓💓💓💓💑
ကိုယ် အရမ်း ချစ်ရသူကို မချည်နှောင်ပါနဲ့ လွတ်လပ်ခွင့် ပေးထားပါ... ချည်နှောင်မှ ငြိမ်နေမယ် ဆိုရင် သင့်အပေါ် တကယ် မချစ်လို့ ပါ။
တကယ် ချစ်တဲ့သူ ဆိုတာ အနေ နီးသည် ဖြစ်စေ ဝေးသည် ဖြစ်စေ ကိုယ့်ချစ်သူ မကြိုက်တာ တွေကို နှလုံးသားက အလိုလို သိနေပြီး ဦးနှောက်က Auto ဘရိတ် ဖမ်းပီးသား ဖြစ်နေ ပါတယ်။
ဖိအား မပေးပါနဲ့ ကိုယ်တန်ဖိုး ထားရ သူကို အရမ်းကြီး ဖိအား မပေး ပါနဲ့... သူ့စိတ်က အလိုလို ဖြစ်လာပြီး စိတ်၏ စေရာ အတိုင်း ကိုယ့် အပေါ် အလိုက် သိ နားလည် ပေးတာက ပိုပီး ချိုမြိန် ပါတယ်။ ဖိအား ပေးမှ ကိုယ်လို ချင်တာ ရတာက မချိုမြိန် သလို ရေရှည် တည်မြဲ မှာလည်း မဟုတ်ဘူး လေ။
လူ ဆိုတာက ဖိလွန်းရင် တွန်းကန် တတ်ပြီး ထွက်ပေါက် ရှာသွား တတ် ပါတယ်။
ကိုနိုင်လို့ ရတယ် ဆိုပြီး တရစပ် ဖိအား ပေးမိရင် ကိုယ်က ကောင်းစေ ချင်တဲ့ စေတနာ ဖြစ်ပေမယ့် လည်း တစ်ဖက်မှာ နာကျင် သွားနိုင်ပြီး ကိုယ့်ကို ကျောခိုင်း သွားတာ မျိုး ဖြစ်စေတတ် ပါတယ်။
မေတ္တာတရား ဆိုတာက တကယ် လေးနက် လာခဲ့ရင် သူ မကြိုက်တာ ကိုယ် မကြိုက်တာ ကို နှလုံးသားက အလိုလို သိလာပြီး ဦးနှောက်က ထိန်းချုပ် လာတတ် တာ မျိုးပါ ။
ချည်နှောင်ပီးမှ ၊ ဖိအားပေးမှ ရလာတာ ဆိုရင် လေးနက်မှု မရှိလို့ ပါ။
လေးစားစွာဖြင့်
💚💚💚
Credit _ ဇင်းနစ် မကွေး

Post a Comment