သူ မှ လွဲ ၍ ..... 💑
💚 ကျမသူ့ ကိုအလွန်ချစ်၏ 💚
ကျမ ဖုန်းလေး ရဲ့ lock screen မှာ
ချစ်သခင် သူ့ ရဲ့ နာမည် အစ စာလုံးလေး ကို pattern လုပ်ထား တဲ့ အထိ။
မိုးလင်းလို့ ဖုန်းဖွင့် လိုက်တိုင်း သူ့ နာမည်
လေးနဲ့ ထိတွေ့ပြီး ကျမရဲ့ နေ့သစ် ကို စ ချင် မိလို့ ။
💚 ကျမ သူ့ကို အလွန် မြတ်နိုး၏💚
ကျမဖုန်းရဲ့ music list ထဲမှာ သူ့ အကြိုက်ဆုံး သီချင်းတွေ ၊ သူ ကျမကို ဆိုပြ ခဲ့တဲ့ သီချင်း တွေပဲ လှည့်ပတ် ထည့်ထားတဲ့ အထိ။
ကျမ စာရေးရင်း သီချင်း နားထောင်တဲ့ အခါမှာ ear phone ထဲက ကြားနေ ရတဲ့ သီချင်းသံ လေး ၊ နွေးထွေးတဲ့ သူ့ အသံလေး များလား စိတ်ကူး ယဉ်ပြီး ကျေနပ် နေချင် မိလို့။
💚 ကျမ သူ့ကို အလွန် တန်ဖိုး ထား၏ 💚
ကျမ ရည်မှန်းချက် ၊ မျှော်လင့်ချက် ၊ ကျမ အနာဂါတ်၊ ကျမ ဘဝ လျှောက်လှမ်းဖို့ သူ့ အဆုံး အဖြတ်ကို နာခံ မယ်လို့ တွေးထား တဲ့ အထိ။
ကျမရဲ့ ဘဝ တစ်သက် တာလုံး အချစ်ဆုံးသူ အနား မှာသာ ရှိခဲ့ရင် အရာ အားလုံး ပြည့်စုံ သွားပြီ လို့  ခံယူ ထားခဲ့ချင် မိလို့ ။
💚 ကျမ သူ့ကို အလွန် ရိုသေ လေးစား၏ 💚
သူ့ ရာထူး ၊ သူ့ အဆင့် အတန်း၊ သူ့ အာဏာ ၊သူ ဘာကြီးဘဲ ဖြစ်ဖြစ် ဘာတခုမှ မရှိလဲ လေးစားပြီး ချစ်နိုင်တဲ့ အထိ။
ကျမက လွဲပြီး ဘယ် မိန်းကလေး ကိုမှ အလေး အနက် မထား၊ နေရာ မပေး၊ အချိန် မပေး တတ်တဲ့ သူ့စိတ်ဓာတ် ၊ သူ့ အနေအထိုင် ၊ သူ နဲ့ ဘယ်သူ ပြိုင်ပြိုင်
ဆိုင်တယ် သဘော မထား ၊ ကျမ တစ်ယောက်ထဲ ကိုဘဲ အလေးထား ကြင်နာ တတ်တဲ့ သူ့ကို လက်လွှတ် ဆုံးရှုံး မခံနိုင် လို့ ။
ငယ်
ပန်သုငယ်
(17.12.2017)
💚💚💚
Credit _ PanThuNge

Post a Comment