Header Ads

🌼 ကျမ ရှင့်ကို မေ့နိုင်ခဲ့ပါပီ 🌼


"နင် လိမ့်လိုက် တော့"...

"နင်နဲ့ငါ ဒီနေ့က စ လမ်းခွဲပြီ"...

စိတ်တိုတိုနဲ့ ပြောချလိုက် မိတယ်။ သူမ မျက်နှာလေး ချက်ချင်း မဲ့သွား တယ် ပြီးတော့ ရှိုက်ကြီး တငင် ငိုတယ် စကား မေးလည်း မရ စကားလည်း ပြန်မပြော တော့
သြော် မိန်းခလေး တွေများ ... သူတို့ ဘက်က လမ်းခွဲမယ် ပြတ်မယ် အကြိမ်ကြိမ် အခါခါ ပြောတာကျ ကောင်းတယ် ကိုယ့်ဘက်က တစ်ခါလေး စိတ်တိုလို့ ပြောရော ဟန်တောင် မဆောင်နိုင် ဘူးလို့ စိတ်ထဲ ကနေ ကြိတ်ပြော လိုက် မိသေး တယ်။

"ကောင်းပြီလေ"...

"နင့်ဘက်က ပြတ်သား ရက် ပြီပဲ"...

"ငါ မတားတော့ ပါဘူး နင် ပျော်ပါစေ ဟာ"...

ပြောပြီး မျက်နှာကို လက်နဲ့ အုပ်ငိုရင်း ချာကနဲ လှည့်ထွက်သွား တော့ တာပါပဲ။ မတားဘူး နေပါစေပေါ့... အရင် ကလည်း ခုလိုမျိုး မကြာ ခဏ စကားများ ရန်ဖြစ် နေကျ သတ်နေကျ ပဲလေ မခေါ် မပြော အလွန်ဆုံး သုံးလေးရက် ပေါ့ စိတ်ဆိုး ပြေရင် ဖုန်းတစ်ချက် ကောက် ဆက်ပြီး စကားရော ဖောရောနဲ့ ပြန်ဝင် ပြန်ချော့ လိုက်မယ်

သူမ အစပိုင်းမှာ ခေါ်သမျှ ဖုန်းကို ပိတ်ပစ် ချပစ်မယ် အကြိမ်ရေ များလာရင် မနေနိုင်ဘူး ကိုင်တာပဲ ဘာပြော စရာ ရှိလို့လဲ ပြတ်ပြီ ဆို ... နင် ပစ်ထားတဲ့ အချိန် ငါသေသွားရင် သိတောင် သိလိုက်မှာ မဟုတ်ဘူး မှတ်လား...

ဒါမှ မဟုတ်ရင်လည်း သူတို့ စိတ်ထဲ ရှိတာကို ခရား ရေလွှတ် သလို တောက်လျှောက် ပြောမယ် ခေါင်းလေးညိတ် ဟုတ်ကဲ့ နောက် မဆိုးတော့ ဘူး မပြောတော့ မလုပ်တော့ဘူး လိမ္မာပါ့မယ် ပြောလိုက်ရင် အားလုံး Peace ဖြစ်တာပဲ...

ငါပိုင်တာပဲ သူမက ငါ့လက်ခုပ် ထဲက ရေပဲ... ငါ့ကို သူမ ဘဝထက် ပိုချစ်တာ ပါလို့ ဝန်ခံ ဖူးတာပဲ... ငါဘယ်အချိန် ရိုက်သတ် ရိုက်သတ် ရနိုင်တဲ့ သူမက ငါအတွက်တော့ ပလိုင်း ထဲက ဖားပဲ... ကိုယ့် အတွေးနဲ့ကိုယ် အထင်တွေ ဇွတ်ကြီးပြီး စိတ်အေး လက်အေးပဲ နေလိုက် တော့တယ်

"သူမ ငါ့ဘဝ ထဲက ထွက်မသွားရဲ ပါဘူးကွာ" ပေါ့။

သူမနဲ့ အဆက် အသွယ်ပြတ် တာ တစ်လ တောင် ပြည့်တော့မယ် ။ ကျနော်လည်း ပျော်ပျော်ကြီး နေပစ်လိုက်တယ် ။ ဘော်ဒါတွေနဲ့ Game တွေ အမုန်း ဆော့တယ်။ အပြင်တွေ ထွက်တယ် ကဲပစ် လိုက်တယ် ။ အရင်လို ဘယ်ရောက် နေလဲ မေးမယ့်သူ မရှိ ။ ထမင်း စားရဲ့လား နေပူတယ် ဂရုစိုက် ဆိုပြီး ပွမ်မယ့် သူလည်း မရှိလို့ ပျော်စရာ ကောင်းမယ် ထင်ခဲ့ရ ပေမယ့် တကယ်တမ်း တော့ တက်တက် စင်အောင် လွဲမှန်း နားလည်လာ ခဲ့တယ်။


Aww ငါ့ Family တောင် ငါ့ကို ဂရု မစိုက်တာ သူမက အစစ အရာရာ တန်ဖိုး ထားခဲ့တာ ပါလား? သူမ ငါ့အနား မရှိတာ ငါ့အတွက် သေလူ လိုပဲ ဘာမှ အဓိပ္ပာယ် မရှိပါလား ဆိုတာ သိခဲ့ရတယ် တကယ်တော့ သူမက သူ့ထမင်း သူစား သူ့မိဘက မွေးပြီး ကျနော့်ကို လာချစ်ပေး နေတဲ့ ရှာမှရှား ချစ်ဖို့ ကောင်းတဲ့ ချစ်သူပါလား ဆိုတာ လက်တွေ့ ကြုံလာမှ သိခဲ့ ရတယ်။

သူမကို ချော့ဖို့ ဖုန်းဆက်ဖို့ ဖုန်းလေး ကိုင်ပြီး ချီတုံ ချတုံ ခဏ ခဏ ဖြစ်တယ် ။ မဆက်သင့် သေးဘူး ထားထား လိုက်ရမလား? ငါပြောထားတဲ့ စကား ငါ့မာနနဲ့ငါ နေလိုက်ရ မလား? Question ပေါင်းများစွာနဲ့ Fight နေမိတယ်။

ဒီတစ်ခါ Case က သိပ်ပြီး မူမမှန် သလိုပဲ အရင်က ဆို ကျနော်နဲ့သူမ ခုလို အဆင် မပြေတိုင်း သူမက Status တွေတင်ထား Shares ထား လေ့ရှိတယ် ။ ဘယ်လို အဆင် မပြေတာ သတိရတာ ဒါမှမဟုတ်လည်း စိတ်နာတယ် ဘာညာပေါ့လေ ။ ခုဟာက အဲ့လိုမဟုတ်ဘူး သူမ လိုင်းပေါ်မှာ ရှိနေပေမယ့် Status နဲ့ Photo ဘာ တစ်ခုမှ မတင် တော့ဘူး ။

ဒါ ကျနော့် အတွက် စိတ်ပူစရာ ကောင်းမှန်း ဘယ်သူမှ မသိပေမယ့် ကိုယ်တိုင်တော့ သိနေတယ်။ နောက် တစ်ချက်က... ကျနော့် Acc ကို သူမ လုံးဝမ Block တာပဲ။ ဘယ့်နှယ့် အရင်ကဆို ခုစကားများ အခုတန်း Block တော့ တာပဲလေ ။


ဒီတစ်ခါ တော်တော်လေးကို ထူးဆန်း နေပြီ။ ပိုဆိုးတဲ့ အချက်က... အခု ကျနော် ဆက်တဲ့ ဖုန်းကို တစ်ချက်တည်းနဲ့ ဂွက်ဆို တန်း ကိုင်တာပဲ။ ကျနော်လည်း လန့်ပြီး ဖုန်း ပစ်ချ မိတယ် ။ ဟုတ်တယ်လေ အရင်ကဆို သူမ စိတ်ကောက် နေချိန် အနိမ့်ဆုံး အခါ တစ်ထောင် လောက် ဝင်မှ ကိုင်တာ.. ခုကျတော့ First time မှာတင် ကိုင်တာကိုး စိတ်ထဲမှာလည်း တော်တော်လေး လန့်မိတာ ခုလောက် သွေးပျက်တာမျိုး တစ်ခါမှ မဖြစ် ဖူးဘူး (ဘုရား ဘုရား ငါစိုးရိမ် သလို မဟုတ်ပါ စေနဲ့) ရောက်ဘူးတဲ့ ဘုရား အကုန် အာရုံပြု ပြီး နောက် တစ်ကြိမ် ဖုန်း ထပ်ခေါ် လိုက်တယ်။

တူ.. တူ.. တူ...

ကိုင်တယ် ချက်ချင်းကို တန်းကိုင်တာ "Hello" တဲ့။
ကျနော်လည်း အရင် အတိုင်းပဲ မှတ်ပြီး နေကောင်းလား? မာမား တို့ရော ဘယ်သွားလဲ? စားပြီးပြီလား? ကျောင်းတက် ရတာ အဆင် ပြေလား? ရာသီ ဥတု အေးတယ် အနွေးထည် ဝတ်ရဲ့လား? နေနိုင် ရက်တယ် နော် တစ်လတောင် ရှိပြီ သိလား? ဘယ်တွေ လျှောက်သွား သေးလဲ? aww သဲရဲ့ ခွေးလေးရော အစာ စားရဲ့လား? ဖုန်းတောင် မဆက် ဘူးနော်? စုံနေ တာပါပဲ ပြောတာ မေးတာတွေ...

သူမ ဘက်က ဘာတစ်ခွန်းမှ ထွက်မလာ ခဲ့ဘူး အရင်ဆို သာလိကာ လေးလို ပကျိပကျိနဲ့ ရန်တွေ့ ပြပါလိမ့်မယ် ခုက ဘာဖြစ်တာလဲ ပေါ့။ ဖုန်းထဲ ၁၀ စက္ကန့် လောက် တိတ်သွားတယ် ပြီးတော့ သူမ အသက် ရှုသံ ယဲ့ယဲ့လေးနဲ့ စကား တစ်ခွန်း ပြောတယ် ကျနော့် အတွက်တော့ မြောက်ကိုရီးယားက ပစ်ချ လိုက်တဲ့ နျူ ကလီးယား ထက် ပိုပြင်း သလိုပါပဲ။


"ကျမ ရှင့်ကို မေ့နိုင် ခဲ့ပြီ"

တဲ့ တစ်ခွန်း ထဲပါ။ ယောင်ရမ်းပြီး ဟာ မလုပ်ရဘူး အဲ့လို မလုပ်နဲ့ မနောက်ပါနဲ့ သဲရယ်တွေရော ဘယ်အချိန်ထဲက ကျနေခဲ့မှန်း မသိ မျက်ရည်တွေရော တောင်းပန်ပါတယ် ဘာပဲ လုပ်ရ လုပ်ရပါ တွေရော ထွက် မသွား ပါနဲ့ ခွင့်လွှတ်ပါ တွေရော... ပြောရင်းနဲ့ စိတ်တို လာလို့ အော်မိ တာရော မသွားရဘူး မင်းကို ငါပိုင်တယ် မင်းက ငါ့ရဲ့ တရားဝင် RS ဆိုတာရော ငါမင်းကို လာသတ် မှာနော် ။


ငါ့ကိုယ်ငါ သတ်မှာနော် ဆိုပြီး ခြိမ်းခြောက်မိ တာတွေရော ငိုလည်းငို တောင်းပန် ဖုန်းထဲ ကနေ ဒူးတွေလည်း ယောင်ပြီး ထောက်မိ လက်အုပ် ချီမိ စုံနေ တာပါပဲ တကယ့် အရူးတစ်ပိုင်း ဖြစ်ရတာပါ။ သူမ ဘက်က နှုတ်ဆက် သွားခဲ့ ပါပြီ ။ ဒီတစ်ခါ ထာဝရ ထွက်သွား ခဲ့ပါ ပြီလေ။
____________________________

ဘယ်အရာ ကိုမှ လျှော့မတွက် ပါနဲ့ ။ငါနဲ့ တွဲလာတဲ့ တစ်လျှောက် သူက အေးတာပဲ ငါပြောသမျှ နာခံတယ် ။ ငါပြောရင် ပြီးတယ် ။ ငါ မရှိရင် သူ မနေတတ် ဘူး ။ ငါမှငါ သူက ငါ့ကို သိပ်ချစ်တာ ခွင့်လွှတ် ပေးလိမ့်မှာပဲ ။ ကျေအေး ပေးမှာပဲ တထစ်ချ သတ်မှတ် မထားလိုက် ပါနဲ့။ ကျောက်ဆောင် ကျောက်သား တွေတောင် ထိပါများ တိုက်စားပါ များလာရင် ပြိုလဲ ပျက်စီး ပွန်းပဲ့ တတ်ကျ သေးတာပဲ... လူဆို ပိုလို့တောင် ခံစားတတ် နာကျင် တတ်ပါ သေးတယ်။


တစ်ကြိမ် တစ်ခါ သည်းခံ ပေးတာ ရှော့မရှိ ပေမယ့် သင့်ဘက်က ထပ် တလဲလဲ Foul လာခဲ့ရင် ဘယ်လောက်ပဲ တုန်နေ အောင် ချစ်နေ ပါစေ သင့်အနားမှာ တွယ်ကပ် နေမှာ မဟုတ်တော့ ပါဘူး သင့်ကို စွန့်ပစ်ဖို့ပဲ ဆုံးဖြတ် တော့ မှာပါ။ စိတ်နာခြင်း တွေ ဆီ မရောက် သေးခင် ပြန်ချော့ပါ အမှားပြန် ပြင်ဆင် ပေးလိုက်ပါ။ သင့် ချစ်သူကို တောင်းပန်ရင် အောက်ကျတယ် လို့ ဘယ် ဘုရားမှ ဟောမထားခဲ့ ပါဘူးလေ။        ။

Credit _ s_m

No comments

Powered by Blogger.