❀ တာဝန်မဲ့တဲ့ ယောင်္ကျားနဲ့ တကယ်ချစ်တဲ့ ယောင်္ကျားဆိုတာ ❀
★ ★ ★
အချစ်ကလွဲလို့ မင်းအတွက် ဘာမှ မရှိဘူး အချစ်ရယ် ဆိုပဲ။
အဲဒါ တာဝန်မဲ့တဲ့ ယောင်္ကျား တစ်ယောက်ရဲ့ စကားပါ။ တကယ် ချစ်တယ် ဆိုရင် ကိုယ့်ချစ်တဲ့သူ အတွက် လိုအပ်တာ လုပ်ပေးနိုင်ရပါမယ်။ ချစ်ပါတယ် လို့ ပြောပြီး ဘာမှ မကူညီ မလုပ်ပေးတာ တကယ်မချစ်လို့ပါ။
နောက်ပြီး ချစ်ပါတယ် ပြောပြီးတော့ လက်ထပ်ဖို့ နေ့ရွှေ့ညရွှေ့ ငွေမရှိသေးလို့ အိမ်ကိစ္စတွေက မပြီးသေးလို့ ဘာဖြစ်လို့ နဲ့ အချိန်ဆွဲနေတာဟာ သင့်ကို တကယ် မချစ်လို့ပါ။
တကယ်ချစ်တယ် ဆိုတဲ့ နောက်မှာ တာဝန်ယူမယ် ဆိုတဲ့ စိတ်ထားလေး ပါနေပါတယ်နော်။ အချစ်ဆိုတာ သူ့အကျိုးကို လိုလားတဲ့ စိတ်ပါပဲတဲ့ ။ တကယ် ချစ်ရင် ကိုယ့်ချစ်တဲ့သူရဲ့ အကျိုး သူ စိတ်ချမ်းသာစေမယ့် ကိစ္စတွေကို လုပ်ပေးကြပါတယ်။
ချစ်တယ် လို့ ပြောပြီး စိတ်ချမ်းသာမှု မပေးပဲ စိတ်ဆင်းရဲမှုတွေ ပေးနေတာ တကယ် မချစ်လို့ပါ မိန်းကလေးတို့ရေ။ သူနဲ့တွေ့ရင် စိတ်ချမ်းသာ ပျော်ရွှင် သွားစေတာကမှ တကယ် အချစ်စစ်ပါ ။
အားလုံး အချစ်စစ် နဲ့ တွေ့နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ။
credit
Post a Comment