Header Ads

ချစ်သူဘဝ သာယာမှုကနေ ပြောင်းလဲသွားနိုင်တဲ့ အချက် (4) ချက်


❀ ❀ ❀ ❀ ❀ ❀ ❀
အချို့ သော စုံတွဲတွေဟာ နှစ်ယောက် အတူ ရှိနေရင် ယခင် ကထက် ပိုမို အောင်မြင် ကြပြီး ပျော်ရွှင် ကြရလေ့ ရှိပါတယ်။ ဘယ်ပြဿနာ ကို မဆို အတူ လက်တွဲ ဖြေရှင်းနိုင် ပါတယ်။

သို့ပေမယ့် ပြဿနာ တွေကြုံတဲ့ အခါမှာ သင်ရော၊ သင့်ချစ်သူ ကောင်လေးပါ နှစ်ဦး အတူတူ မဖြေရှင်းနိုင် ကြဘူး ဆိုတာ ကတော့ သင်တို့ နှစ်ယောက် တစ်သားတည်း မကျသေး လို့ ဖြစ်ပါတယ်။

1) အပြည့်အ၀ မယုံကြည်ခြင်း

ယုံကြည်မှု ဆိုတာ ကတော့ ကျန်းမာ ပျော်ရွှင်တဲ့ အချစ်ရေးတိုင်း ရဲ့  အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ သင်နဲ့ အတူ ရှိနေတဲ့ လက်တွဲဖော်က သင့်ကို မယုံကြည်ဘူး ဆိုရင်တော့ သင်တို့ နှစ်ယောက် ရှေ့ ဆက်လည်း အလုပ် ဖြစ်မှာ မဟုတ်တော့ ပါ။

2) အခက် အခဲ တွေကို ဖွင့်ဟ တိုင်ပင်မှု မရှိခြင်း

နှစ်ဦးစလုံး အတွက် ယုံကြည်မှု ဟာ အရေးပါ သလို အားကိုး အားထား ပြုခြင်း ဟာလည်း အခြား အရေးပါတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ သူ့ဘက်က သင့်ကို အားကိုး အားထား မပြုတာ ကြောင့် သူ့ အခက်အခဲ တွေကို မတိုင်ပင် ဘဲ တစ်ယောက်တည်း ဖြေရှင်း နေတယ် ဆိုရင်တော့ သင်ဟာ သူ့အတွက် အဆင်သင့် မဖြစ်သေး သလို သူဟာလည်း သင့်အတွက် အဆင်သင့် မဖြစ်သေး ဘူးလို့ ဆိုနိုင် ပါတယ်။


3) ချစ်တယ် လို့ မခံစားရခြင်း

နှစ်ဦးစလုံး အတွက် အချစ်ရေး တစ်ခုဟာ ဘယ်တော့မှာ ပြီးပြည့်စုံ နေတယ် ဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းပြီး ပြည့်စုံတဲ့ အချစ်ရေးကို တည်ဆောက် ရတာ ဖြစ်ပါတယ်။ သင့်ချစ်သူ၊ သင့်ကို ချစ်တဲ့ ပုံစံက သင် လိုချင်တဲ့ ပုံစံမျိုး မဟုတ်ဘူး ဆိုရင် ကိုယ့်ကို ချစ်တယ်လို့ ခံစား ရမှာ မဟုတ်ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် အရမ်း သ၀န်တို မယ်၊ ချုပ်ချယ်မယ် စသဖြင့် သဘောထား မတိုက်ဆိုင် မှုတွေ ရှိနေရင် တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်း ဆွေးနွေး ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလို မှ မဟုတ်ရင်တော့ သင်တို့ နှစ်ယောက် ရှေ့ဆက်ဖို့ အဆင်ပြေ နိုင်မှာ မဟုတ်တော့ ပါဘူး။


4) လုံခြုံမှု မပေးနိုင်ခြင်း

တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိ၊ အပြန်အလှန် အားကိုးမှုတွေ မရှိဘူး၊ ညှိနှိုင်း ဆွေးနွေးမှု တွေ မရှိတဲ့ နောက်မှာ သင်ကလည်း စိတ်ထဲမှာ လုံခြုံမှု ကို ခံစား ရမှာ မဟုတ်ပါဘူး။

ယင်းအပြင် တစ်ယောက် ရင်ခွင်ထဲမှာ တစ်ယောက် မလုံခြုံဘူး ဆိုတာ ဘယ်သူ့ အပြစ်မှ မဟုတ်ပါဘူး။ သင့်တော်တဲ့ အချစ်ရေး မဖြစ်လာသေး တာပဲ ဖြစ်ပါတယ်။

Credit _ Original

No comments

Powered by Blogger.