💗 မာနဆူးလေးတော့ ထားပါရစေ 💗
❀ ❀ ❀ ❀ ❀ ❀ ❀
ပုံပြင်တွေ ခဏ ခဏ အပြောခံရအောင် ကိုယ်က ပုံပြင် ကြိုက်တဲ့ ကလေးအရွယ် မဟုတ်တော့ဘူး
လိုသုံးအဖြစ် အသုံးချခံရအောင်… ကိုယ်က သက်မဲ့ အရာဝတ္ထု မဟုတ်ဘူး
ကစားချင်သလို ကစားရအောင်… ကိုယ်က မင်းဆော့နေကျ game ထဲက အရုပ်မဟုတ်ဘူး
ရွှေ့ချင်တဲ့အကွက် အရွှေ့ခံရအောင်… ကိုယ်က မင်းရဲ့ ကျားကွက်ထဲက သားကောင် မဟုတ်ဘူး
ဟန်ဆောင်နေမှန်း သိရက်နဲ့ အလိမ်အညာတွေ လက်ခံရအောင်… ကိုယ်က တုံး အနေတဲ့ နလပိန်းတုံး မဟုတ်ဘူး
နာကျင်မယ်မှန်း သိရက်နဲ့ ရှေ့ဆက်တိုးရအောင်… ကိုယ်က အသိစိတ် ကင်းမဲ့နေတဲ့ အရူး မဟုတ်ဘူး
အတိုင်းအတာ တစ်ခုကို ကျော်လွန်ပြီး သည်းခံရအောင်… ကိုယ်က ပါရမီတွေ ရင့်သန်နေတဲ့ အရိယာ မဟုတ်ဘူး
ဂုဏ်ပကာသနတွေ ပစ္စည်းဥစ္စာတွေ မပေါများပေမယ့်… သိက္ခာ နဲ့ တန်ဖိုးလေးတော့ ကြွယ်ဝချင်ပါတယ်… မာနကြီးတာ မဟုတ်ပါ ( ကြီးစရာလည်းမရှိပါ )
But…
ရှိသင့် ရှိထိုက်တဲ့ မာန ဆူးလေးနဲ့တော့ ဝန်းရံပါရစေ 😊
credit original writer

Post a Comment