💑 RS တစ်ခု တည်ဆောက်ပြီးရင် အချိန်ပေး ဂရုစိုက်ပါ ပစ်မထားပါနဲ့
💓💓💓💓💓💓💓💓💑
Exam ရှိတာ အလုပ်များတာ လက်ခံတယ်။ ၂၄ နာရီ လုံးလုံးတော့ Busy ဖြစ်မနေပါဘူး။ တစ်မိနစ်လား တစ်စက္ကန့်လေး ဘဲလား။ ဖုန်း ပြေးဆက်လိုက် လူချင်း ပြေးတွေ့လိုက်။ ဘယ်သူက တရားစွဲမှာ မို့လို့လဲ? တစ်ကယ် ချစ်တဲ့သူက ဘာ Reason မှ မပေးဘူး။
တစ်ကယ့် Problem တွေက အချိန်တွေ ကြာလာတာနဲ့အမျှ တန်ဖိုးထားရကောင်းမှန်း မသိတော့တာပါ။ ငါပိုင်ပါတယ် ငါ့လက်ခုပ်ထဲက ရေပါဆိုပြီး အထာကြီးနဲ့ အကျောကြီးနဲ့ ဇယားတွေ ခင်းလာမယ်။ တစ်ဖက်လူက ရွာသာကြီးဘဲ ရောက်ရောက် သေသေရှင်ရှင် ဖြစ်ချင်တာ ဖြစ်နေပစေ လှည့်မကြည့်တော့ဘူး။ ရက်စက်ချက် 9+ ဘဲ။
အချိန်မပေးနိုင်ဘူး မှတ်လား? အစကတည်းက တွဲမနေနဲ့။ ရည်းစားလည်း ထားမနေနဲ့။ ကိုယ့်ဘာသာ ကိုယ်နေ သူလည်း သူ့ဘဝလေးနဲ့ သူနေပါစေလေ။
မရခင်က ခုဘဲ ကားအောက်ထဲ ပြေးဝင်တော့မလို… ရေထဲဘဲ ပြေးခုန်ချတော့ မလိုလို… အသားတွေ တဆတ်ဆတ် တုန်အောင် ချစ်ပြတာက တစ်မျိုး… ရလည်းပြီးရော ကင်ဂျုံ အမ်းလို ရုပ်တည်သွားပြီ… Gamer ကြီးတွေ ဖြစ်သွားပြီ။
အပြင်သွားဖို့ ပြောကြည့် ခေါင်းညိတ်တဲ့နေ့ ထီသာ ပြေးထိုးတော့… ဖုန်းကို တစ်ချိန်လုံး တစ်ကိုင်ကိုင်နဲ့ မျှော်မနေနဲ့ ရူးတောင် သွားဦးမယ်… ဘေးက ဝိုင်းလှော်တဲ့ Bff တွေကြောင့် သတ်ရပြန်ပြီ…
မိန်းခလေး တစ်ယောက် မရင့်ကျက်သေးရင် တကယ့်ကို အမှားတွေဖြစ်ဖို့ ရာခိုင်နှုန်း များပါတယ်။ စိတ်ထဲ ထင်ရာစိုင်းဖို့ဘဲ သိတယ် ခုလောလောဆယ် လုပ်လိုက်ရမှ။
မှားမှန်း သိသိနဲ့တောင် ရှေ့ဆက် မှားတတ်ကြတာ… ထစ်ခနဲရှိ ရွဲ့မယ် လက်စားချေမယ် ဆိုတာချည်း။ နောက်ဆက်တွဲ Shock တွေဘာတွေ နားမလည်တော့ဘူး။ ကိုယ်က ဘယ်ဘက်က ကြည့်ကြည့် နစ်နာတာ မတွေးမိကြဘူး။
ရည်းစားထားမယ်ဆို သေချာ ရွေးချယ်ပါ။ ခုခေတ်က Fake တွေက ခပ်များများရယ်။ ချစ်တယ် ဆိုတဲ့ Definition ဘာမှန်းမသိလည်း ချစ်တယ် ဆိုတာချည်းဘဲ။ လေပဲ စိုက်ရတာကိုး :D လူဆယ်ယောက်ကို ချစ်တယ် လိုက်ပြော အနိမ့်ဆုံး နှစ်ယောက်လောက် ထိရင် တွက်ခြေကိုက်ပြီ ဆိုတာမျိုး။
လက်ရှိကိုကြည့် Rs တွေ ဘယ်လို ဇာတ်သိမ်းသွားလဲ။ စိတ်ခံစားမှုကို First ထားကြည့် ဘဝပျက်တာဘဲ ရှိမယ်။ ။
Credit#s_m
Post a Comment