Header Ads

ချစ်တတ်ဖို့တော့ လိုလိမ့်မယ် 💘


'' ကိုကို . . .သဲ နေမကောင်းဘူး သိလား''

'' သြော်    . . . အေး အေး . . နေမကောင်းရင်  ဆေးသောက် လေ ''

''ဟွန့် . .ကိုကို့ အသံကြီး ကလည်း  ပြောချင် သလိုလို မပြောချင် သလိုလိုနဲ့ ''

'' မဟုတ်ပါဘူး. . သဲ ရဲ့ ။ နေ မကောင်းရင်  ဆေးသောက် ရမှာပေါ့ ''

'' ဟင့်အင်း . . . ဆေး မသောက်ချင် ဘူး ကိုကို ရဲ့ ခါးလို့  ''

'' အာ့ဆိုလည်း  မသောက်နဲ့ လေ ''

'' ဟာ . . .ကိုကို။ တော်ပြီ . . .  ဖုန်းချလိုက် တော့မယ်  . . .ဒါပဲ ''

'' ဟာ . .  သဲ .. . သဲ ''

ဖုန်းက ကျသွားပြီ ။

အဓိက ပြဿနာက  နေ မကောင်းတာ မဟုတ်ပါ ဘူး။ အားကိုး တစ်ကြီးနဲ့ ဂရုစိုက်တာ လေးကို လိုချင်ရှာ တာပါ။

နေမကောင်း ဘူးလေ ။ ဆေးက ခါးမှန်းတော့ သိတာပေါ့။ ဒါပေမဲ့ ဆေးမသောက်ချင် တာကို သောက်ချင် လာအောင် ကလေးလေး ကို ချော့ပြော သလိုမျိုး  ချော့ပြော စေချင် တာပါ။

အဓိက လိုချင်တာ အဲ့ဒါ ။ နွေးနွေး ထွေးထွေး  ဂရုစိုက်မှုကို လိုချင် နေတာ။

ဘော်ဒါတို့ရေ . . .
မိန်းကလေးတွေကို ချစ်တဲ့ အခါ... ချစ်တာ တစ်ခုနဲ့ မလုံလောက် ပါဘူး။ သူတို့ စိတ်ကို နားလည် ထားဖို့ လိုပါလိမ့်မယ်။

💚💚💚
credit ® ခဲတံ ®

No comments

Powered by Blogger.