ရွှေထူးနဲ့ ရွှေမှုံရတီတို့ ချစ်သူဖြစ်နေကြပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်
ရွှေမှုံရတီ ဆိုတာ ဟာလည်း အနုပညာလောကမှာ သရုပ်ဆောင်ချက်တွေက ကောင်းလွန်းအားကြီးလို့ ရုပ်ရှင်ကားတွေ များစွာ ရိုက်ကူးနေရတဲ့ အချေ မင်းသမီးလေး ဖြစ်ပါတယ် ...
သူမကလည်း ကြာသေးခင်ကမှ သူမရဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့ကြတာ ဖြစ်ပြီး ဒီရက်ပိုငှ်းမှာတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ သူမရဲ့ ချစ်သူ အသစ် အကြောင်း အမြဲ တင်ခဲ့တာလည်း ဖြစ်ပါတယ် ...
သူမ ချစ်သူလေးရဲ့ ရိုဆန်မှုတွေကြောင့် အသည်းနှလုံးတွေ အရည် ပျော်မတတ် ဖြစ်ခဲ့ရတယ်ဆိုတဲ့ ရွှေမှုံရတီဟာ ချစ်သူ အသစ် တယောက် ပိုင်ဆိုင်ထားရပြီ ဆိုတာတော့ ဘယ်လိုမှ ငြင်းမရနိုင်ပါဘူး ...
ဒီနေ့ လူမှုကွန်ယက်စာ မျက်နှာမှာတော့ အဆိုတော် သရုပ်ဆောင် ရွှေထူးနဲ့ မင်းသမီး အချေမလေး ရွှေမှုံရတီတို့ ချစ်သူတွေ ဖြစ်နေကြတယ် ဆိုပြီး ပရိသတ်တွေကြားမှာ တော်တော်ကို သတင်း ပျံ့နှံ့နေပါတယ် ...
ရွှေမှုံရတီ တင်ထားတဲ့ ကွန်ပြူတာ Wallpaper နောက်က နံရံကွက်ကလည်း ရွှေထူးရဲ့ ကွန်ပျူတာခန်းက နံရံနဲ့ တူနေတယ် ဆိုတဲ့ အချက်ကြောင့် ပရိသတ် အတော်များများက ကောက်ချက် ချနေကြတာ ဖြစ်ပါတယ် ...
အရင် ချစ်သူနဲ့ ပြတ်သွားခဲ့ပြီးနောက် အင်တာဗျူး တခုမှာ ရွှေမှုံရတီဟာ မေမေစိတ်ဆိုးပြေမှ ရည်းစားထားမယ် ဆိုပြီး ပြောခဲ့ပါသေးတယ် ...
အခု မေမေ စိတ်ဆိုးပြေသွားပြီလား ရွှေမှုံလေးရေ ...
သူတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြတယ် ဆိုတာ မှန် ၊ မမှန် ကတော့ ပရိသတ်တွေကပဲ ဆုံးဖြတ်ကြည့်ကြပါနော် ...
LoveShortNotes












Post a Comment