Header Ads

ဖြိုးမြတ်အောင် ... မင်း ဘယ်သူလဲ


Myanmar Idol ကို စောလထော်ဝါးထဲက ကြည့်တယ် ။ သားငယ် မလွတ်ဘူး ။ ခု မင်းပေါ့ ။ ဘယ်သူ ... ဖြိုးမြတ်အောင် ။ ငါလည်း ဟင်္သာတ သားပါ ။ မင်းကို မသိဘူး ။ ဘယ်သိ မလဲ ။ မင်းက နာမည်ကြီးမှ မဟုတ်တာ ။ ငါမမှားဘူးနော် ဟျောင့် ။

ဒါပေမယ့်ကွာ အသံစစ်တော့ မင်း ပါလာတယ် ။ ဟင်္သာတသား ဆိုပြီး ငါမေးရတယ်ပေါ့ ။ ဟ ဘယ်ကကောင်လဲ ပေါ့ ။ ဆံရှည် ကိုယ်တော် ပါလား ။ ဂျလေဘီ များလား ။ စိတ်တော့ မဆိုးနဲ့ပေါ့ကွာ ။ ဒို့တိုင်းပြည်က ဆံရှည် နဲ့ ဂျစ်တစ်တစ် ရုပ်ဆို ဂျလေဘီ ထင်တာကိုး ။

ဒါနဲ့ မင်းက ဆိုပြတော့ ဗိုလ်ချုပ်သီချင်း ။ ကိုယ်ပိုင် သီချင်း ဆိုလား ။ မင်းဘော်ဒါ ရေးတယ် ဆိုလားကွာ နားထောင်ကြည့်မိတယ် ။ အံမယ် ... ကောင်းသားဟ ။ ရော့ အသံနဲ့ သီချင်းအဆန်းလေး ဆိုတာကလည်း လူပိန်း ပြော ပြောရရင် အားပါတယ် ပေါ့ ။

ငါလို ဂီတချစ်သူ တယောက်ကြတော့ အင်း ... ဒီကောင် ဆိုတာ mode ဝင်နေပါလား ... သူပဲ ဗိုလ်ချူပ် အမျိုး လိုလို နဲ့ ...

ထားပါ ဒါတွေ နောက်ဆုံး top 11 ထဲ ပါလာပြီး တကယ့် ပြိုင်ပွဲဝင်တော့မှ မင်းက ဆံပင်တွေ ဘာတွေ ညုပ်လို့ ။ လူကလဲ ဖြောင့်လာသလိုလို နူးညံ့သွား သလိုပဲ ။

ဒါနဲ့ မင်းဟာ သီချင်းတွေ ဆိုလာ ၊ ပြိုင်ပွဲ ဝင်လာတော့မှ အံမလေး ငါ မှားပါပေါ့လား ။  လူကို လူလို သိတတ်လိုက် တာမှ ၊ ရိုးသား လိုက်တာမှ ပြိုင်ပွဲ ကို အသံစစ် သွားဖို့တောင် လမ်းစရိတ် မရှိတာတောင် ပြောလိုက်သေး ကွာပါ့ကွာ ။

စောက်ကြီးစောက်ကျယ် အနံကြီး ကွင်းကျယ် ကိုယ်သိ ကိုယ်တတ် ဆိုတဲ့ လူတွေနဲ့ အဲ့ မှားလို့ ငါနဲ့ ပြောပါတယ် မြန်မာပြည်သိန်းတန်လို ဘုဂလန့် စာအုပ်ကြီးသမား ကတောင် မင်းကို ချီးကျူးယူရတဲ့ အထိဘဲ ။

မင်းအသံက ရော့ပါကွာ တခြားတော့ မင်းမရဘူးဟျောင့် ။ ပေါ့ ဆိုကြည့်ပါလား ။ ရူးခါသွားမှာပေါ့ ။ အသံအက်ကွဲကွဲ အော်နိုင်တယ် ။ အသံအိုးကြီး ရော့တော့ ပိုင်မပေါ့ ။ မင်းလိုင်းဘဲ ။

ငါ ထပ်မှားပြန်ပြီကွာ ။ ငါ ငါ ဟျောင့် ဂျင်းကောင် ။ မြင့်မြတ်အသံနဲ့ ပေါ့ဗျာ ။ ဒိုးခ ပါဘဲကွာ ။ မင်း ငါ့များ တမင်လုပ်ပြနေလား ။ ရော့ဘဲ ရမယ် ။ ပေါ့ လိုင်းဆို ရူးခါ သွားမယ် လို့ ငါထင်တာ ။ အားပါ ခိုင်ထူး ခတ္တာ ဆိုပြလိုက်တာ အံမလေးဗျာ ။ မင်းသာ ခိုင်ထူးမြင်ရင် ဖက်နမ်းမယ် ဆိုတာ ဟုတ်တယ် ဦးသိန်တန်ပြောတာ ။

သူဆိုတာထက်တောင် ကောင်းနေသေး သီချင်းနားထောင်တတ်သူကို ပြောပါတယ် ။ နလပိန်းတုံး တွေ သွားမမေးနဲ့ပေါ့ကွာ ။

ဘာ ချယ်ရီမြေ ဆိုတာများ ။ မင်းကွာ အံပါ့ လုပ်ဘဲ လုပ်နိုင်လွန်းတယ် ။ မင်းဆိုတဲ့ ကောင်ကလေ ဘာလာလာ ဒေါင်းဘဲ ။ ဒါပေမယ့် ငါစိတ်ထဲ မင်းကို နဂိုမြင်ထားတဲ့ ဂျလေဘီ များလား ဆိုတဲ့ အတွေးကတော့ သံသယ သိပ်မကုန်ဘူးဟ ။

မင်း အကောင့်ထဲငါက လိုက်ကြည့်မိတာကို ဆံပင်ရည်ကြီးတွေ ဂစ်တာကလည်း တီးပြီး သီချင်းဆိုတာတွေ တင်ထား ၊ ဘော်ဒါတွေနဲ့ လမ်းမတွေက ပုံတွေမြင်ပြီး ဒါနဲ့ မင်းအခု ပြန်လာတာ ကြိုတဲ့ အထဲ ငါ ပါလိုက်ခဲ့သကွ ။

အောင်မြတ်ယေး မှားပါပြီပေါ့လား ဗျာ .. ။ အော် ငါ့အတွေးခေါ်တွေ မှားပြီးကွာ ။ ဖြိုးမြတ်အောင် ယဉ်ကျေးတဲ့ မျက်လုံးတွေ ပရိတ်သတ် အပေါ်မှာ ထားတဲ့ လေးစားမှု ချစ်ခင်မှု ကျေးဇူးတရားကို လေးစားတတ်မှု ရိုသားတဲ့ မင်းရဲ့ ဟန်တွေက ဟန်ဆောင်မှု ကင်းမဲ့ လိုက်တာကွာ ။

ငါသိပြီ ဖြိုးမြတ်အောင် ဆံပင်ရှည် ထားပြီး ဂျစ်တစ်တစ် နေတတ်တိုင်း ဂျလေဘီ မဟုတ်ဖူး ဆိုတာ ၊ ဆံရှည်ထားတိုင်း လူမိုက် မဟုတ်ဖူးဘဲ ။

ငါဘေးက လူတွေ ငါ့နား ပတ်ဝင်းကျင်က ငါ့တွေ့နေရတာတွေကို ခုမှ ငါလည်း ပြန်စဉ်းစား ကြည့်တယ် ။ ဝေဖန်မိတယ် ။ အော် ဆံပင်ရှည်ထားတိုင်း လူမိုက် မဟုတ်သလို အသံကောင်း ဟစ်ပြီး စိတ်ထားကတော့ ဂျလေဘီတွေ စိတ်ထား ယုတ်ညံတာတွေကို ငါမင်းနဲ့ တွေ့မှ ခွဲခြားတတ်သွားပြီ ။

ကျေးဇူးဘဲကွာ ။ မင်းကို ငါအထင် မသေးရဲဘူး ။ အာဂ ကောင်ဘဲ ။ အော်လူတွေ လူတွေ ရယ်စရာလည်း ကောင်း ကြောက်စရာလည်း ကောင်းပါလားကွာ ။

မင်းကအနု ပညာရှင် ဖြစ်မဲ့သူ ဆိုတော့ သတိပေးမယ်ညီရေ လူတွေကို သတိထားပါ ။ ခုလိုဘဲ ရိုးသားပါ လူတိုင်းကို လေးစားပါ ။ ကိုယ်သိ ကိုယ်တတ် ဘယ်တော့မှ မလုပ်မိစေနဲ့ ။ မုဒိတာ စိတ်လေး အမြဲထားပါ ။

မင်းဟာ ဧရာဝတီရဲ့ စံပြ အနုပညာ ကဝေထဲက တယောက် ပါကွာ လေးစားပါတယ် ဖြိုးမြတ်အောင်
Congratulations ပါ

Nay Min Kha

No comments

Powered by Blogger.