Header Ads

မောင်ချိုကို အားပေးတာနဲ့ နှာဗူးဖြစ်ရောလား


နည်းနည်း ငံမယ်ဗျာ…

အခုထိ တချိန်လုံး ချမ်းမြေ့မောင်ချို နဲ့ ဖြိုးမြတ်အောင် ဆိုတဲ့ Myanmar idol အဆိုရှင် နှစ်ယောက်မှာ ပိုက်ဆံ ချမ်းသာတဲ့ ချမ်းမြေ့မောင်ချို အပေါ် ဝေဖန်တာတော့ တဖက်စောင်းနင်း ကျလွန်းတယ် လို့ မြင်မိတယ် ။

ဒိုင်တွေကို ဆဲဆိုပြီး ချမ်းမြေ့မောင်ချိုကို အားပေးရင်ပဲ တဏှာရူး ဏှာဘူးတွေ ဖြစ်ကုန်ရော ။ ပိုက်ဆံ ရှိတဲ့သူပဲ အနိုင်ရတယ် ဘာညာ ပြောနေတဲ့ ခင်များတို့ မရှက်ဘူးလား .... ?  သူ့ကံနဲ့ သူ ချမ်းသာတဲ့ မိသားစုမှာ လူဖြစ်တာ အပြစ်လား .... ? ။

ချမ်းမြေ့မောင်ချို ချမ်းသာမှုကြောင့် ပြောနေတဲ့ ပုံက မနာလိုသလို ဖြစ်မနေဘူးလား .... ? ။ ရပ်ကွက်ထဲ သာမာန်အရပ်သား အရက်မူး ပုဆိုးစလွယ်သိုင်း ဆဲတော့ အဲ့လူက အဲ့လိုဘဲ မူးရင် သွေးဆိုးတယ်လောက်နဲ့ ပြီးသွားပြီး ပိုက်ဆံရှိတဲ့သူ မူးပြီး ဆဲမိရင် ပိုက်ဆံရှိလို့ ဘယ်သူ့မှ လူမထင်ဘူး ။

ဘာညာ အမြင်တွေက မူးပြီးဆဲတာချင်း အတူတူ ပိုက်ဆံရှိတဲ့ အမူးသမားအပေါ် အမြင်က ပိုပို သာသာလေး အပြစ်ဖြစ်နေသလို ဖြစ်နေပြီဗျ ။

အခု အခြေအနေက ဒိုင်တွေ ဗီတိုအာဏါ သုံးပြီး ဆွဲထုတ်ရမယ့် အခြေအနေမှ မဟုတ်ပဲ ။ အသံစစ် လူရွေးခံဖို့ ချမ်းမြေ့မောင်ချို ဘယ်နှစ်ခါအထိ ကြိုးစားခဲ့ရ သလဲ .... ? ။

ခင်များတို့ ပြောသလို အနုပညာ အသိုင်းအဝိုင်းကမို့ ဆိုတာကြောင့် ဆိုရင်လဲ ပိုက်ဆံလည်း ရှိတယ် အနုပညာ အသိုင်းအဝိုင်းကလည်း ဖြစ်တယ် ... ဟုတ်ပြီ သူသာ ဖြတ်လမ်းနည်းနဲ့ ခွေထုတ်ချင်ရင် ခက်မလား ... ။

ခင်များတို့ ဝင်ပြိုင်ကြည့်ပါလား ....?  အသံစစ်တဲ့ အချိန်မှာ ပထမ တခါမှားတော့ ဒိုင်တွေက မပယ်ခဲ့ဘူးလား ... ? ကျနော် ဘယ်သူ ဆိုတာကိုမှ အရူးအမူး အားမပေးဖူးဘူး ။ vote လည်း ဘယ်သူ့မှ မပေးဖူးဘူး ။

ခင်ဗျားတို့ ဖြိုးမြတ်အောင်ကို နိုင်စေချင်ရင် အရင်ကထက် ပိုပြီး vote ပေးကြလေဗျာ ။ စည်းမျဥ်းကိုက ပရိတ်သတ်ပေးတဲ့ vote က ဆုံးဖြတ်ပါတယ် ဆိုနေမှ တကယ်တမ်း ခင်များတို့ မတရားဘူး ထင်ရင် အခု စည်းမျဉ်းကို ပြင်ခိုင်းရမှာဗျ ။

ချမ်းမြေ့မောင်ချိုဆိုတာ ခင်များပြောသလို စုတ်ပဲ့ အရည်အချင်း မဲ့နေရင် အခုလို အဆင့်တော့ ရောက်စရာအကြောင်း မရှိဘူး ။ ဖြိုးမြတ်အောင် တော်တယ် ကောင်းတယ် အနိုင် ရစေချင်တယ် ဆိုရင် ရှိတာ ပေါင်ပြီး vote ပေးကြလေဗျာ ။

ကျုပ်တို့ လူမျိုးတွေက အပေါ်ယံ အမြင်နဲ့ တိုက်ခိုက်နေရာမှာ ကျနော့ အမြင်တော့ မစ္ဆရိယစိတ် များလွန်းတယ်။ ဆင်းရဲလို့ ဂရုဏါ သက်တတ်ကြသလို တဖက်ကပြိုင်ပွဲဝင် ငွေရှိတာ ချမ်းသာတာနဲ့ပဲ အမုန်း မပွားကြပါနဲ့ စိတ်ဓါတ်တွေ မြင့်မြင့် ထားကြပါ ။

ဖြိုးမြတ်အောင်ပဲ ရရ ချမ်းမြေ့မောင်ချိုပဲ ရရ ကျုပ်က လက်ခုပ်တီး ပေးမယ် ။ ဘယ်သူ့ဖန်မှလည်း မဟုတ်ဘူး ။

တကယ်တမ်း ခင်များတို့ တိုက်ခိုက်ရမှာ vote ကို ဝယ်မရဘဲ တယောက်တခု ဒါမှမဟုတ်ရင် တခြား မျှတမယ့် နည်းလမ်းကို ချပြပြီး တောင်းဆိုကြပါလို့ ပြောချင်တယ် ။

ခင်များတို့ ပြောနေတာတွေ ဘေးက ကြည့်နေရင်း ဒိုင်တွေ အတွက်လည်း စိတ်မကောင်းဘူး ။ ချမ်းမြေ့မောင်ချိုအတွက်လည်း စိတ်မကောင်းဘူး ။

ခင်များတို့ ဝေဖန်လို့ဘဲ မပြိုင်ဘဲ (သို့) တမင်သက်သက် အမှားအများကြီး လုပ်ပေးပြီး ဖြိုးမြတ်အောင် အနိုင်ရတယ် ဆိုပါစို့ အဲ့ဒါကရော တကယ် ရသင့်လို့ပါ ပြောမယ်ဆိုရင် ခင်များတို့တွေ စိတ်ဓါတ် ခင်များတို့ပဲ မြင်တတ် ကြပါစေ .......

Nay Da Na

No comments

Powered by Blogger.