Header Ads

ေယာက်္ားေကာင္းနဲ႔ ေယာက်္ားေပ်ာ႔


(For Zawgyi) Unicode ဖြင့် အောက်တွင် ဖတ်နိုင်သည်

ဒီေနရာမွာေတာ့ ေယာက္်ားေကာင္း နဲ႔ ေယာက္်ားညံံ့ လို႔ မသံုးပဲ ေယာက္်ားေကာင္း နဲ႔ ေယာက္်ားေပ်ာ႔ လို႔ သံုးပါရေစ ။

ေယာက္်ားေကာင္း ဆိုတာ ကိုယ့္မိန္းမကို အရမ္း ခ်စ္တတ္တယ္ ။ ေယာက္်ားေပ်ာ႔ေတြ က်ေတာ့ ကိုယ့္ကိုယ္ကို ပိုခ်စ္တတ္ ပါတယ္ ။

ေယာက္်ားေကာင္း မ်ားဟာ ကိုယ့္မိန္းမကို အျပတ္ ယံုၾကည္တယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔ဟာ ကိုယ္ကိုကို ယံုၾကည္တဲ့ အျပင္ ကိုယ့္ရဲ႕အရည္အခ်င္း ကိုလည္း အျပတ္ ယံုၾကည္လို႔ပါ ။

ေယာက္်ားေပ်ာ႕ေတြ က်ေတာ့ အၿမဲ သံသယ ဝင္ေနတတ္တယ္ ။ သူတို႔ဟာ ကိုယ့္မိန္းမကို ယံုၾကည္မႈ မရိွသလို ကိုယ့္ကိုယ္ကိုလည္း ယံုၾကည္မႈ မရိွလို႔ ပါပဲ ။

ေယာက္်ားေကာင္း မ်ားဟာ မိန္းမ နဲ႔ ဘယ္ေတာ့မွ စိတ္မေကာက္ တတ္ပါ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကိုယ့္ခ်စ္တဲ့သူ ကို စိတ္ဆင္းရဲေအာင္ ျပဳလုပ္ျခင္းထက္ ေပ်ာ့ညံံ့တဲ့ အရာ မရိွေတာ့ဘူး ဆိုတာကို သူတို႔ နားလည္ထားလို႔ ပါပဲ ။

ေယာက္်ားေပ်ာ႔မ်ား က်ေတာ့ အိမ္မွာ ဘယ္သူ သာသလဲ ဆိုတာ ၿပိဳင္ေနတတ္တယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ အိမ္မွာ သနားစရာေကာင္းတဲ့ ၾသဇာေလးကို ရေနေသးလို႔ ပါပဲ ။

ေယာက္်ားေကာင္းမ်ား အတြက္ မိန္းမဆိုတာ အားႏြဲ႔တယ္ ။ အလိုလိုက္မယ္ ။ ယုယမယ္ ။ မိန္းမ ဆိုတာ ခ်စ္ဖို႔ ယူထားတာ ျဖစ္တယ္ ။

ေယာက္်ားေပ်ာ႔မ်ား အဖို႔ က်ေတာ့ မိန္းမ နဲ႔ ႏြား မသနားနဲ႔တဲ့ ၊ တခုခု အျငင္းအခုန္ေလးမ်ား ျဖစ္ခဲ့ရင္ မိန္းမရဲ႕ နားေခါင္းကို လက္ညိဳး ထုိးၿပီး ေျပာေလ့ ရိွတာက " ငါ့ကို ဒီလို အေက်ာႀကီးနဲ႔ လာမေျပာနဲ႔ေဟ့ " ။

ေယာက္်ားေကာင္း မ်ားဟာ မိသားစုေရာ အလုပ္ပါ ၾကည့္ရူ႕ ေစာင္မ ႏိုင္စြမ္း ရိွပါတယ္ ။ အိမ္ေထာင္ကို ဝန္ထုပ္ ဝန္ပိုးအျဖစ္ ဘယ္ေတာ့မွ သေဘာမထား ပါဘူး ။

ေယာက္်ားေပ်ာ႔မ်ား က်ေတာ့ ေန႔တိုင္း ညီးျငဴေနတတ္ ပါတယ္ ။ မင္းတို႔အတြက္ ေၾကာင့္ မို႔လို႔ ငါအကုန္လံုးဆံုးရံူးလိုက္ ရၿပီ ။

(For Unicode)

ဒီနေရာမှာတော့ ယောက်ျားကောင်း နဲ့ ယောက်ျားညံံ့ လို့ မသုံးပဲ ယောက်ျားကောင်း နဲ့ ယောက်ျားပျော့ လို့ သုံးပါရစေ ။

ယောက်ျားကောင်း ဆိုတာ ကိုယ့်မိန်းမကို အရမ်း ချစ်တတ်တယ် ။ ယောက်ျားပျော့တွေ ကျတော့ ကိုယ့်ကိုယ်ကို ပိုချစ်တတ် ပါတယ် ။

ယောက်ျားကောင်း များဟာ ကိုယ့်မိန်းမကို အပြတ် ယုံကြည်တယ် ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ကိုယ်ကိုကို ယုံကြည်တဲ့ အပြင် ကိုယ့်ရဲ့အရည်အချင်း ကိုလည်း အပြတ် ယုံကြည်လို့ပါ ။

ယောက်ျားပျော့တွေ ကျတော့ အမြဲ သံသယ ဝင်နေတတ်တယ် ။ သူတို့ဟာ ကိုယ့်မိန်းမကို ယုံကြည်မှု မရှိသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု မရှိလို့ ပါပဲ ။

ယောက်ျားကောင်း များဟာ မိန်းမ နဲ့ ဘယ်တော့မှ စိတ်မကောက် တတ်ပါ ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ချစ်တဲ့သူ ကို စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်းထက် ပျော့ညံံ့တဲ့ အရာ မရှိတော့ဘူး ဆိုတာကို သူတို့ နားလည်ထားလို့ ပါပဲ ။

ယောက်ျားပျော့များ ကျတော့ အိမ်မှာ ဘယ်သူ သာသလဲ ဆိုတာ ပြိုင်နေတတ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ အိမ်မှာ သနားစရာကောင်းတဲ့ သြဇာလေးကို ရနေသေးလို့ ပါပဲ ။

ယောက်ျားကောင်းများ အတွက် မိန်းမဆိုတာ အားနွဲ့တယ် ။ အလိုလိုက်မယ် ။ ယုယမယ် ။ မိန်းမ ဆိုတာ ချစ်ဖို့ ယူထားတာ ဖြစ်တယ် ။

ယောက်ျားပျော့များ အဖို့ ကျတော့ မိန်းမ နဲ့ နွား မသနားနဲ့တဲ့ ၊ တခုခု အငြင်းအခုန်လေးများ ဖြစ်ခဲ့ရင် မိန်းမရဲ့ နားခေါင်းကို လက်ညိုး ထိုးပြီး ပြောလေ့ ရှိတာက " ငါ့ကို ဒီလို အကျောကြီးနဲ့ လာမပြောနဲ့ဟေ့ " ။

ယောက်ျားကောင်း များဟာ မိသားစုရော အလုပ်ပါ ကြည့်ရူ့ စောင်မ နိုင်စွမ်း ရှိပါတယ် ။ အိမ်ထောင်ကို ဝန်ထုပ် ဝန်ပိုးအဖြစ် ဘယ်တော့မှ သဘောမထား ပါဘူး ။

ယောက်ျားပျော့များ ကျတော့ နေ့တိုင်း ညီးငြူနေတတ် ပါတယ် ။ မင်းတို့အတွက် ကြောင့် မို့လို့ ငါအကုန်လုံးဆုံးရူံးလိုက် ရပြီ ။

We Chat

No comments

Powered by Blogger.