အညိုးညိုး ပဲ
မယားဖြစ်သူကို လင်ဖြစ်သူက သွေးထွက် သံယို ဖြစ်အောင် ရိုက်နှက်မှု အတွက်
လင်မယား နှစ်ယောက် ရဲစခန်းသို့ ရောက်လာသည် ... ။
ထိုအခါ
စခန်းမူးက အမျိုးသားအား
" ခင်ဗျား ဗျာ
ကိုယ်က ချစ်လို့ ယူထားတဲ့ မိန်းမကို ဘာလို့ ဒီလောက်တောင် ရိုက်ရတာလဲ
ဒါ ရာဇဝတ်မှုနော်
ချက်ချင်း ဖမ်းချုပ် ပလိုက်လို့ ရတယ် ဘာမှတ်လဲ "
ထိုအခါ
အမျိုးသားက
" စခန်းမူးက ဘာသိ လို့လဲ
ဒီကောင်မက တအား ရိုင်းတာ
ကျနော့်ကို တချိန်လုံး ဆဲဆိုနေတာ ဗျ "
" ဒါဆိုလည်း ကောင်းကောင်း မွန်မွန် ဆုံမ ပေါ့ဗျာ "
" ဆုံးမ ပါတယ်ဗျာ
ဒါပေ ဒီကောင်မက နှုတ်ကို ကြမ်းတာဗျ "
" အဲ့ဒါနဲ့ပဲ ဒီလောက်ထိ ကွဲပြဲအောင် ရိုက်လိုက်တယ် ဆိုပါတော့ "
" မဟုတ်ဘူးဗျ
ကျနော်က နင့်ပါးစပ် ပိတ်ထားနော် မပိတ်ရင် ငါ လက်ပါ မိတော့မယ် လို့ ပြောတာကို
သူက ဘာပြန်ပြောတယ် မှတ်လဲ "
" ဘာပြောလဲ "
" ထိရဲရင် ထိကြည့် လိုက်လေ တဲ့
ကျမ အသားကို ထိလို့ ကတော့ လမ်းထိပ် ရဲစခန်းက အသား မဲမဲ ဗိုက်ပူပူနဲ့ စောက်ခွက်က ကျက်သရေ တစ်စက်မှ မရှိတဲ့ စခန်းမူးဆီ ဆွဲခေါ် သွားပလိုက်မှာတဲ့ ဗျာ "
" အမ် "
" ကဲကြည့် ဘယ်လောက် မိုက်ရိုင်းလိုက် သလဲ လို့ ဗျာ "
ထိုအခါ
စခန်းမှူးက
မျက်နာကြီး နီးမြန်း လာကာ
ဝုန်းကနဲ ထရပ်လိုက်ပြီး ပြောလိုက်တာက
" ခင်ဗျားတို့ ကိစ္စက ကျုပ်တို့ ရဲရေးရာ ကိစ္စ မဟုတ်ဘူး
ရဲစခန်းနဲ့ မဆိုင်ဘူး ရပ်ကွက်ရုံးမှာ သွားရှင်းကြ " တဲ့
😂😂😂
LuChonTaw
Post a Comment