Header Ads

တောင်ဥက္ကလာ ၁၀ ရပ်ကွက် ဆောက်လက်စတိုက်မှာ သရဲခြောက်လို့တဲ့


တောင်ဥက္ကလာ ၁၀ ရပ်ကွက် အသက ၂၆လမ်းက ဆောက်လက်စတိုက်မှာ သရဲခြောက်လို့တဲ့... ဖြစ်ပုံကဒီလိုပါ။ အဲအိမ်က အရင် ကျွန်တော့် သူငယ်ချင်းတွေ နေသွားတဲ့အိမ်။ အိမ်ကတစ်ထပ် အုတ်ခံပျဉ်ထောင် အိမ်လေး။

သူတို့ရှိစဉ် ကျွန်တော်တို့ ငယ်ငယ်ကတည်းက အစောင့်ရှိတယ် လို့ သိရတယ်။ သူတို့က နေရာတစ်ခု ပေးထားတယ်။ အေးအေးချမ်းချမ်းပဲ။ သူတို့က ဘုရားတရားနဲ့ ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်း နေသွားတယ်။

နောက်ပိုင်း သူတို့ရောင်းသွားတဲ့ လူတွေကျတော့ အသံကြားလိုက် သေးတယ်။ အိမ်ကို နှစ်ထပ် မတင်နဲ့တဲ့.. တင်ရင် တစ်မိသားစုလုံး ဒုက္ခပေးမယ်ဆိုပီး အိမ်မက်ပေးလို့ အရင်အိမ်ဟောင်းကို မဖျက်ပဲ ငုံပြီး တစ်ထပ်တိုက်ပုလေး ဆောက်သွားတယ်။

သူတို့ လက်ထက်မှာ ငှါးထားတဲ့ အိမ်ငှါးတွေ နေတာကျတော့ အသံ သိပ်မကြားရဘူး။ နည်းနည်းပဲ သိပ်မကြမ်းဘူး။ ခုတစ်လော အိမ်ဆောက်နေတာ နှစ်ထပ်ဆောက်မယ် ဆိုတော့ လမ်းထဲ့က လူတွေတောင် ပြောနေသေးတယ်.. ဘာသံကြားရမလဲလို့...


ညဘက် ထမင်းစားတုန်း လမ်းထိပ်မှာ လူတွေအများကြီး ရုတ်ရုတ်နဲ့ ပထမ ရန်ဖြစ်နေတာ ထင်လို့.. နောက် မှ ပုဏ္ဏက တိုက်မှန်း သိတာ... ဖြစ်ပုံက နှစ်ထပ် စတင်ပြီး စလက်လောင်းတဲ့ ပထမနေ့ ခဲနဲ့ နှစ်ချက်ပေါက်တယ်။ အဲ့မှာ စောင့်အိပ်တာ မိန်းခလေး တစ်ယောက် ယောကျာင်္းလေး ၅ ယောက် အိပ်တယ်။ အချင်းချင်း နောက်တယ် ထင်တာ။


အဲ့လို့နဲ့ နောက်ရက်ကျတော့ ခဲ့ကျတာမှ ပြောင်ဆန်နေတာပဲ။ အုတ်ခဲကျိုး နှစ်တစ်လက်မ တစ်ထောင်ကျော် လေးငါးချောင်း အိမ်အပေါ်ထပ်မှာ သွပ်ကျိုးနဲ့ တွဲချဉ်ထားတဲ့ ကွန်ဂရစ် ဘလောက်တုန်းတွေပါ။ အရင်တုန်းကတော့ အပြင်ဘက်က ပစ်တယ် ထင်ပြီး မီးထိုးပြီး လိုက်ရှာသေးတယ်။ နောက်မှ ပစ်တဲ့ဟာတွေက ခြံဝန်းထဲ့က သူတို့သုံးတဲ့ ပစ္စည်းတွေပဲ ဖြစ်နေတယ်။


စစချင်း လူသိပ် မများသေးခင် ကျွန်တော်တို့ လူတွေ ဝိုင်းကြည့်နေတုန်း နှစ်ချက် ထပ်ပေါက်သေးတယ်။ မျက်စိ ရှေ့တင်။ ဘယ်သူမှမရှိဘူး ဓာတ်မီးနဲ့ ထိုးပြီး ရှာနေတုန်း အချိန်မှာပဲ။ တစ်အောင့်ကြာတော့ ရဲတွေရောက်လာပြီး ရပ်ကွက် လူကြီးတွေနဲ့ အပေါ်တက် ရှာနေတုန်းမှာ ခဲသေးသေးနဲ့ နှစ်ချက် ထပ်ပေါက်သေးတယ်။ မျက်စိရှေ့ ဆိုတော့ ဘယ်လို စဉ်စားရမလဲတောင် မသိတော့ဘူး။

တောင်ဥက္ကလာ gp မှ

No comments

Powered by Blogger.