ကျနော့်ချစ်သူ နှင့် ဟ ဟ ရီရက်ရှင်
" ငြိမ်းမောင် ... နင်နဲ့ငါ ပြတ်ပြီ "
"ဟမ့် ... အေးကြည်မရယ် ဘာလို့လဲ "
"နင်စဉ်းစားလေ ညကဘာလို့ ငါ့ပုံကို ဟဟ ပေးတာလဲ "
"ဟို အဲဒါက "
ကျွန်ုပ်စဉ်းစားရခက်၏ ...
တမင်ပေးလိုက်ခြင်းတော့ ဟုတ်မည်မထင်
အမှန်က မရည်ရွယ်ပဲပေးလိုက်ခြင်းသာ ...
ဟဟရီအက်ရှင်က ကျွန်ုပ်၏ ဖေ့ဘရိတ် မဟုတ်ပါလား
"နင် တစ်ယောက်ထဲဆို ခံသာသေးတယ်
ခုဟာက နင်တို့တစ်မိသားစု လုံး ဝိုင်းလုပ်ကြတာ "
"ဘာ ... ဘာလုပ်တာ "
"ဟဟ ပေးတာလေ "
" စိတ်မဆိုးပါနဲ့ဟာနော် ... တမင်ပေးတာ မဟုတ်လောက် ပါဘူး "
" ဒီတစ်ခါတော့ ရှိပါစေ ... "
" တောက် ... တောက် ... တောက် "
အေးကြည်မက တစ်ဖက်လှည့်၍ ဖုန်းကီးဘုတ်အား ပေါက်ထွက်မတတ် အားပေးနေပြန်၏ ...
" ဟာ ... ငြိမ်းမောင် ကြည့်ဦး "
ငတိမက သူ့ဖုန်းအား ကျွန်ုပ်ထံ ထိုးပြ၏
သူမ၏ ဂျက်စ်နောင်း စတေးတပ်တွင် ဟ ဟ ရီအက်ရှင် တခု ရောက်နေပြန်သည် ...
ပေးသူက တခြားလူမဟုတ် ကျွန်ုပ်ညီမ အေးပုံ
" ထွီ ... အေးပုံတော့ လုပ်ပြီ "
အဲဒါကြောင့် နင့်ကို ပြောတာပေါ့ ...
ငါက ဖီးစတေးတပ်ပဲ တင်တာ သူတို့က ဟ ဟ ပဲ ပေးတယ်လေ "
" ဘာတင်လိုက်တာလဲ "
" အီအီး ပါတိုင်း လွမ်းတယ် ငြိမ်းမောင်ရယ် လို့ "
" ဖီ ... "
" နင့်အိမ်က လူတွေကို ပြောထားဟာ ...
ငါ့ကို ဟ ဟ မပေးနဲ့လို့ မပြောရင် ပြတ်မယ် "
" ဘုရား ... "
ကျွန်ုပ် ချော့ရပြန်၏ ... ချော့သော်လည်း မပြေ
ငတိမက ဟ ဟ မပေးရန်သာ အတင်းတောင်းဆို၏ ...
ထို့ကြောင့် ချက်ကင်နှင့်အတူ ကျွန်ုပ် စတေးတပ် တင်ရတော့၏
- အေးကြည်မစိတ်ကောက်နေသည် ... ဟ ဟ မပေးရ
ဟ ဟ ပေးရင် တန်းစီ ဘလော့မည် ... -
ပုံ ငြိမ်းမောင် ... at ကောက်ရိုးပုံ
အေးကြည်မ အနည်းငယ် ပြန်ပြုံးသွား၏ ...
ထိုအပြုံးက ကြာကြာမခံလိုက်ပေ
" ဟာ ... ဟ ဟ တက်လာပြီ "
ကြည့်လိုက်တော့ ... အဖေ ... နောက်ဆက်တွဲ ကွန်မန့် တခုပါ ထပ်ဝင်လာလေ တော့သည်
- ဟဟပဲ ရမယ် ငါ့သား ပုံ ... သာဂွ -
" ကိုင်း ... ငြိမ်းမောင် ဘလော့စမ်း "
ကျွန်ုပ် ကိုယ့်စကားနှင့် ကိုယ်မို့ အဖေ့ကို ရင်နာနာနှင့် ဘလော့ရတော့ သည် ...
အဖေလည်း စိတ်ကောင်းမည် မထင်
" ဟာ ... ဟဟ တက်လာပြန်ပြီ ... အေးပုံတဲ့ "
စကားသံအပြီး ကျွန်ုပ်ညီမ၏ ကွန်မန့်လည်း ထပ်ဝင်လာလေတော့၏
- ဟဟမလိုချင်လဲ ဟဟပဲရမယ် ကိုရီး -
" ခွီး ... "
အေးပုံကိုလည်း ဘလော့ရပြန်၏ ...
ကျွန်ုပ် အမေလည်းပါ၏ ...
ရွာလုံးကျွတ် နီးနီးဘလော့ လွှတ်လိုက်ရတော့၏
၎င်းနောက် ကျွန်ုပ်အကောင့်လည်း လူ ဆယ်ယောက် ပျော့ပျော့သာ ကျန်တော့သည်
ပြီးမှ အေးကြည်မ စိတ်ပြေသွားတော့သည် ...
" ငြိမ်းမောင် ... ဘလော့ ပြန်မဖြုတ်ရဘူးနော် "
" အေးပါ "
" နေဦး ... စတေးတပ်တင်ဦးမယ် "
သိပ်မကြာလိုက် ... အေးကြည်မ နာမည်နှင့် စတေးတပ် တခု တက်လာတော့၏
ငတိမအား ဆီးဖက်စ် လုပ်ထားရသေးသည်
- ငြိမ်းမောင် ... အရမ်းချစ်တယ် ... အူမွ -
ကျွန်ုပ် ဝမ်းသာအားရနှင့် လက်ဖ် ရီအက်ရှင် ပေးရန် လိုက်ခ် ခလုတ်အား ဖိနှိပ်ထား လိုက်သည်
" ကျဒိ ကျဒိ ... "
ပြီးနောက် ... လက်ဖ်ရီအက်ရှင်အား အားရပါးရ ဖိနှိပ်လိုက် တော့သည် ...
" ဘိုတောက် ... "
" လခွမ်း ... ဟဟ "
ကျွန်ုပ်မှာ ပြန်ပြင်ချိန်ပင် မရလိုက်တော့ပေ ...
အေးကြည်မ ပွဲကြမ်းလေတော့သည်
" နင် ဟ ဟ ပေးတယ်ပေါ့လေ "
" ဟိုလေ "
" ဘာမှ လာမပြောနဲ့ နင်နဲ့ ပြတ်ပြီ "
" ဟာ "
" ဒီမှာ ငြိမ်းမောင်
နင်သေလည်း ငါ့ကို မဖိတ်နဲ့ ... ငါလည်း နင်သေရင် မလာဘူး "
" ဖီး ... "
ရန်တွေ့တာတောင် သူ့ဖက်က အကောင်းချည်း ပြောသွားသေးတယ် ဂန်းနာမ ...
ကျွန်ုပ် ... စိတ်ဆိုး၍ ထွက်သွားသော အေးကြည်မ၏ နောက်ကျောကို ကြည့်ရင်း ...
အေးကြည်မ အကောင့်ထဲအား ဝမ်းနည်းစွာ ပြန်ဝင်ကြည့်လိုက် သောအခါ ...
" ကွန်တက် နော့ အဗေးလေဘဲလ် "
" ဖာ့ခ် " ထိုအချိန်မှစ၍ ကျွန်ုပ်သည် ...
ဟ ဟ ရီအက်ရှင်အား လွန်စွာ နာကျည်းမုန်းတီးခဲ့လေတော့သည် ... ။
ကတောက်စ်!
Credit nnnt
NandaNyiNyiThwin
Post a Comment