ဖြိုးမြတ်အောင် စာသားအမှား သီဆိုမှုကို ပရိသတ်ကော ဒိုင်တွေပါ မသိလိုက်ကြ
Myanmar Idol သီချင်းဆိုပြိုင်ပွဲ မနေ့ညက ဖြိုးမြတ်အောင် သီဆိုခဲ့မှုမှာ စာသား အမှားအယွင်း တစ်ခု ပါဝင်ခဲ့တာကို ဘယ်သူမှ မသိရှိခဲ့ ကြပါဘူး။ အမှားအယွင်း ဖြစ်ခဲ့တဲ့ နေရာကတော့ “ ငါဟာ နှိပ်မရတဲ့ ခလုတ်တစ်ခုပါ ” ဆိုတဲ့ စာသားကို “ ငါဟာ နှုတ်မရတဲ့ ခလုတ်တခုပါ ” ဆိုပြီး လွဲမှားစွာ သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။
သီချင်းအထဲမှာ ခလုတ် ၊ အနှုတ် ၊ သုည ဆိုတဲ့ ခပ်ဆင်ဆင် စကားလုံးတွေ ပါဝင်တာကြောင့် ရောထွေးနေပြီး အနည်းငယ် နေရာ လွဲခဲ့တယ်လို့ ယူဆရကာ သူကိုယ်တိုင်လည်း သိပုံ မရသလို ဒိုင်တွေလည်း မသိခဲ့ကြပါဘူး။ ပထမဆုံး အခေါက်မှာ မှားယွင်းခဲ့တာ ဖြစ်ပြီး နောက်အခေါက်တွေမှာတော့ ပြန်ပြင် သီဆိုသွားတာကို တွေ့ရပါတယ်။
ဒါဟာ ဆိုရင် အဓိပ္ပါယ်တွေပါ လွဲသွားစေတဲ့ အဓိပ္ပါယ်မဲ့ သီချင်းစာသား တစ်ကြောင်း ဖြစ်သွားစေ ခဲ့တာလည်း ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ရဲ့ စာသားအမှား သီဆိုသွားတာကို (0:46 မိနစ်တွင် ကြည့်ရန်) အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
Post a Comment