AB သွေးလေးတွေ
★ ★ ★
အချစ်ကြီး လို့လား.. ဒါမှမဟုတ် အစွဲအလမ်း ကြီးလို့လား.. ချစ်သူတွေပေါ်မှာ သစ္စာရှိ တတ်ကြလို့ ကျန်ရစ်ဖြစ်များပြီး အသည်းကွဲနေတာ များတယ်။
ချစ်သူ အပေါ်မှာလည်း သစ္စာမဖေါက် သလို သူတို့ကို လျစ်လျူရှုရင် ဂရူမစိုက်သလို ပစ်ထားရင်လည်း မချစ်တော့လို့လား လို့ AB လေးတွေက တွေဝေတတ် ကြတယ်လေ။
သူတို့က အချစ်ရေးမှာ ခံစားချက်ကို သိုဝှက်လေ့ မရှိကြလို့လည်း အမြဲ တဖက်သားရဲ့ လှည့်စားမှုကို ခံရလေ့ ရှိနေတတ်ကြတယ် တဲ့လေ...
တွေဝေတတ်တာ AB ပါ။ မသေချာ မရေရာတဲ့ အနာဂါတ် မနက်ဖြန်တိုင်း အတွက် သူတို့လေးတွေက လေထဲမှာ စိတ်ကူးအိမ်မက် လေးတွေကို အကောင်ထည်ဖေါ်နေတတ် ကြတယ်လေ။
စိတ်ကူး ထဲကအတိုင်း အပြင်မှာ ဖြစ်အောင်ကြိုးစားဖို့ ဇွဲလုံလ ဝိရိယရှိသူတွေထဲမှာ အမှတ်ပေးရမယ်ဆို AB လေးတွေကို လက်ညိုး အရင်ထိုး ရလိမ့်မယ်လေ။ ဇွဲရှိသူတွေ အနေနဲ့ပေါ့။
AB တွေက တခြား သွေးတွေလို မဟုတ်ဘဲ လူမှုဆက်ဆံရေးမှာ အရောတဝင် မလုပ်တတ်တာ သူတို့ရဲ့ ပင်ကို စရိုက်လေးပါ။ သီခြား ပင်ကို စတိုင်လေးနဲ့ အများစုက ခပ်အေးအေးလေး နေတတ်ကြတယ်လေ။
ဒါပေမယ့် သူတို့အရောတဝင် နေထိုင်လေ့ရှိတဲ့ သူငယ်ချင်း မိတ်ဆွေ အရင်းတွေကြားမှာတော့ ဟာသဥာဏ်ရွှင်တဲ့ လူပျက် တစ်ယောက်လိုတပါးသူ ပျော်ရွှင်အောင် နေတတ်ကြတတ်တယ်တဲ့
တိုက်ဆိုင်ရဲ့လား.. ABလေးတို့ရေ...
AB တွေက ဂီတကို အရမ်းမြတ်နိုးတယ် တစ်ယောက်ထဲ ပျင်းနေချိန်မှာ သံဇဉ်လေးတွေနဲ့ feeling လုပ်နေတတ်ကြတယ်။
ပျော်စရာရှိပီ ဆိုရင် တစ်ယောက်တည်း ကျိတ်မပျော်ဘဲ သူငယ်ချင်း အပေါင်းသင်း ချစ်သူတို့ကို ပျော်ရွှင်မှုကို ဝေမျှပီတိ ဖြစ်စေတယ်လေ။ ဝမ်းနည်းပီဆို နှစ်ယောက် မရှိဘူး။ ABတွေက အစွန်းဆုံးရောက်အောင် အားငယ်နေတတ် ကြပါတယ်..
မှန်ရင် share သွားနော်...
မူရင်းရေးသူ
Post a Comment