Header Ads

ချမ်း​မြေ့မောင်​ချို ​ဆေးရုံတက်ရောက် ကုသ​​​နေရ


Myanmar Idol Season 3 ရဲ့ Finalist ပြိုင်​ပွဲဝင်​ ချမ်းမြေ့မောင်ချိုဟာ တုတ်ကွေး ရောဂါဖြစ်ခြင်း ၊ အာသီးရောင်ခြင်း နဲ့ လေးဖက်နာ (ASO) တက်ခြင်း တို့ကြောင့် ဒီနေ့ ၊ သြဂုတ်​လ ၉ ရက်​​နေ့မှာ ရန်​ကုန်​မြို့ သုခကမ္ဘာ ​ဆေးရုံမှာ တက်​ရောက်​ ကုသ​နေ​တယ်လို့ ​သိရပါတယ် ​။


သူမဟာ သြဂုတ်လ ၁၁ နေ့ ညမှာ Myanmar Idol Final မှာ ဖြိုးမြတ်အောင်နှင့် အကြိတ်အနယ် သီဆို ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ် ။




ချမ်းမြေ့မောင်ချိုဟာ လတ်တလောမှာ ပရိတ်သတ် တချို့ရဲ့ ဝေဖန်မှုကို အပြင်းအထန် ခံစားနေရသူ တဦးလည်း ဖြစ်ပါတယ် ။ သူမဟာ အသက် ၁၉ နှစ်သာ ရှိပြီး အသက်အငယ်ဆုံး ပြိုင်ပွဲဝင် တဦး ဖြစ်ပါတယ် ။


မောင်ချိုတယောက် မြန်မြန် နေပြန်ကောင်းပြီး Final မှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

ပရိတ်သတ်ကြီးလည်း ဆုတောင်းပေးလိုက် ကြပါဦးနော် ... ။

LoveShortNotes

No comments

Powered by Blogger.