ယောက်ျားကောင်းတွေ ရှားလာတဲ့ ခေတ်မှာ မိန်းခလေးတွေ ကြုံတွေ့နေရတဲ့ ပြသနာ
ယောက်ျားတွေ ရှားပါးနေတယ် ဆိုပေမယ့် တကယ်တော့ သိပ်မရှားပါးသေး ပါဘူး ။ တကယ် ရှားပါးလာတာ ကတော့ ယောက်ျားကောင်းတွေပါ ။ ဒီလို ယောက်ျားကောင်း ၊ ခင်ပွန်းကောင်း တွေ ရှားလာတဲ့ ခေတ်ကြီးမှာ မိန်းခလေးများ ကြုံနေရတဲ့ ပြဿနာ တွေအများကြီး ရှိပါတယ် ။
ယေဘုယျ အားဖြင့် အဲ့ဒီ ပြသနာတွေ ကတော့
1) ချမ်းသာသူကို ရွေးမယ် ဆိုတော့လည်း လေးစားစရာက မကောင်းဘူး ဖြစ်နေပြန်တယ် ။
2) သာမန်လူကို ရွေးမယ် ဆိုတော့လည်း ကြိုးစားချင်စိတ်က မရှိ ဖြစ်နေတယ် ။
3) ရုပ်လေး ချောတဲ့သူကို ရွေးမယ် ဆိုတော့လည်း အမျှော်အမြင်က နည်းပါး နေတယ် ။
4) အရည်အချင်း တော်တဲ့သူကို ရွေးမယ် ဆိုတော့လည်း ဇီဇာ ကြောင်လွန်း တယ် ။
5) အလုပ် ကြိုးစားသူကို ရွေးမယ် ဆိုတော့လည်း သူ့မှာ ကိုယ့်အတွက် ပေးစရာ အချိန်မရှိ ဖြစ်နေတယ် ။
6) တာဝန်ယူတတ်တဲ့လူကို ရွေးမယ် ဆိုတော့လည်း အချစ်ကို စိတ်ကူးမယဉ်တတ်သူ ဖြစ်နေတယ် ။
7) စိတ်နှလုံး နူးညံ့တဲ့သူကို ရွေးမယ် ဆိုတော့လည်း သူ့ရည်းစားဟောင်းနဲ့က အမြဲ အမျှင်တန်းနေတယ် ။
8) ပညာတတ်တဲ့သူကို ရွေးမယ် ဆိုတော့လည်း နေရာတကာ သူသိ သူတတ် နဲ့ အမြဲတမ်း ဆရာ လုပ်နေတယ် ။
9) အဲ့ဒါဆို ပညာ မတတ်တဲ့သူကို ရွေးမယ် ဆိုတော့လည်း အမှား ပြင်ဆင်ပေးတိုင်း ဒေါသထွက် ခံရတယ် ။
10) ဟန်ပန်နဲ့ စမတ်ကျကျ နေတတ်သူကို ရွေးမယ် ဆိုတော့လည်း အများစုက လိမ်ညာတတ် ကြတယ် ။
တကယ်တော့ လောကကြီးမှာ Perfect ဖြစ်တဲ့သူ ဆိုတာ မရှိပါဘူး ။ ချစ်သူတွေ တယောက်ကို တယောက် ဖြည့်ဆည်းပေး ၊ နားလည်မှုပေးပြီး ပျော်ပျော် ရွှင်ရွှင် လက်တွဲသွားနိုင်ဖို့သာ အဓိကပါပဲ ... ။
Credit
Post a Comment