Header Ads

ဖေ့ဘွတ်ခ် လား ... ဘေးဘွတ်ခ်လား


အိမ်ထောင်ရေး နယ်ပယ်မှ ဆိုးကျိုးများ
-----------------------------------------
1)  အိမ်ထောင်သည် တချို့မှာမူ အိမ်က အမျိုးသား အမျိုးသမီးထက် FB မရှိလျှင် မနေတတ်သူတွေ ပေါ်ပေါက်လာသည်။

2)  ကုတင် တခုပေါ်တွင် အိပ်နေသော လင်မယားများကြား လက်တဝါးစာ မှန်ပြင်လေးများက ကြားလေသွေးကုန်ကြပါပြီ ။

3)  အဓိကသည် အိမ်ထောင်သည်များ ကြားတွင် FB ကြောင့် အိမ်ထောင်ရေး  ပြို ကွဲမှုများ များစွာဖြစ်ပေါ်နေပါသည်။

4)  စာရေးသူတို့ ငယ်စဉ် ညချမ်းချိန်ခါက စာသင်၊ အိမ်စာ လုပ်ခိုင်းပေး ခဲ့သော မေမေနှင့်ပင် နှိုင်းစာကြည့်ပါက ယခု မေမေလေးများမှာ ထိုအ လုပ်များအား သားသမီးအတွက် အချိန်မပေးတော့ဘဲ မှန်ပြင်လေးနှင့်သာ အလုပ်ရှုပ်နေ တော့သည်။

5)  အချို့သော အိမ်ထောင်ရေးတွေ မှာမူ ထမင်း ၊ ဟင်းတောင် မယားက မချက်တော့သည့် အခြေနေတွေ ရောက်ကုန်ကြပြီ ဆိုလျှင် မိတ်ဆွေတို့ ယုံကြည်ပါသလား ( စာရေးသူကတော့ ကိုယ်တွေ့မို့ ယုံကြည်ပါသည် )

6) အတွင်းမီး အပြင် မထုတ်အပ် ဆိုသည့် အိမ်ထောင့်ဝတ္တရားများ ပျက် ပြားကာ FB တွေက တဆင့် အိမ်ထောင်ရေး ပြသနာများကို  အကျယ်ချဲ့ပြီး ပြဌာန်းလာကြသည်။ ( အသားစားပုရိသ ကျားများက အိမ် ထောင်သည် အရွယ်ကောင်း များအား ချောင်းနေကြသည့် ခေတ်ကြီးကို အမျိုးသမီးမိတ်ဆွေတို့ သတိချပ် သင့်ပါတယ် )

7)  တခါတလေ အမျိုးသမီးများ ၊ အမျိုးသားဘက်မှ သံသယလွန်ကဲ ကာ CB က စကားပြောနေသည်က အစ ရန်ဖြစ်တာမျိုးတွေ ကနေ အိမ် ထောင်ရေး မသာယာတာတွေလည်း ရှိတတ်ပါသည် ။

8) အိပ်ယာဝင်ပုံပြင် ဟူသော ယနေ့ ကလေးများသည်ကား မိဘများရဲ့ မှန်ပြင်လေးများကြောင့် သူတို့နားမထောင်ရတော့သည့် အခြေနေကြီး  ဖြစ်နေပါပြီ ။

အကျိုးရှိရှိ သုံးကြရအောင်လားဗျာ
-----------------------------------

(1) မိသားစု ပျော်ပျော် ပါးပါး ပုံလေးတွေ တင်ကြပါ။

(2)  စာရေးတတ်သူအတွက် ဆောင်းပါး ၊ ကဗျာ ၊ ဝတ္ထု ၊ သီချင်း၊  စတဲ့ စတဲ့ လူမှုနယ်ပယ်ကြီး လှပအောင် တင်ကြပါ။

(3) FB မိတ်ဆွေတွေ အတွက် အကျိုးရှိစေမယ့် ဗဟုသုတ ရစရာလေး တွေ၊ ဆေးနည်းတိုလေးတွေ၊ သတင်းထူးလေးတွေ၊ စတဲ့ ပတ်ဝန်းကျင် ကိုအကျိုးရှိစေမယ့် အကြောင်းလေးတွေ တင်ကြပါ ။

(4) အဓိဌာန်ဝင်တာကို လူသိအောင် လုပ်ခြင်းထက် အဓိဌာန်ဝင်၍ ဘယ်လို အကျိုးကျေးဇူးတွေ ရခဲ့သလဲ ဆိုတာကို ကိုယ်တွေ့ဖြစ်စဉ် လေးတွေ တင်ကြပါ။

(5) ဆေးပုံတွေ တင်ပြီး ဖျားနေကြောင်း မျက်ရည်တွေ cmt တွေ ချူမယ့် အစား ဘာဖြစ်ရင် ဘာဆေးနည်းက ဘယ်လို နေ့ချင်း ၊ နာရီချင်း သက် သာတယ် ဆိုတာကို တင်ကြပါ ။

(6) အရက်သောက်နေပုံတွေ မတင်ပါနဲ့ ။ကိုယ်အရက်သမားမှန်း မသိအောင် status တွေ မတင်ကြပါနဲ့ ။

(7) ဘာဟင်းချက်စားတယ် တင်မယ့် အစား ဘယ်ဟင်းကို ဘယ်လို  ချက်ရသလဲ ဆိုတာကို တင်ပေးပါ ။ (အများလည်း ဟင်းချက်တတ်တာ ပေါ့)

(8) လုံခြုံမှု ကျိုးပေါက် စေမယ့် အကြောင်းအရာများ တင်မည့် တပ်မတော်သားများ ကတော့ ဒါတွေ လုပ်မယ့်အစား တိုင်းသူပြည်သားတွေ ကာကွယ် ရေးနဲ့လုံခြုံရေး စိတ်ဓါတ်တွေ ကိန်းဝပ်လာအောင် တင်ကြပါ ။

(9) အတိုချုံးပြောရရင်ဖြင့် ကိုယ့်fbလေးကို လှပအောင် ဗဟုသုတ၊ပျော် စရာများဖြင့် အလှဆင်ကြပါ။

မှတ်ချက်
---------
( သင့်ရဲ့  like တစ်ချက်တိုင်းဟာ ဖေ့ဘွတ်ခ် serverတွေ အလုပ်လုပ်နေ တာမို့ like တချက်တိုင်းမှာတောင် ကမ္ဘာမြေကြီး ပိုမိုပူနွေးပြီး အပူရှိန် တွေ မြင့်တက်လာတတ်ကြောင့် ဂေဟစနစ်တွေကို ထိခိုက်နေကြောင်း
အထူး သတိပြုသင့် ပါတယ် ... server တွေ ဆောင်းပါး အကြောင်းက တော့ လွန်ခဲ့ပြီးသော ရတနာပုံသတင်းစာ တစ်စောင်နဲ့ lashio news diary page မှာ စာရေးဆရာ သမန်းကျားက ရေးသားထား ပါသည် .. သိလိုပါက ရှာဖွေ ဖတ်ရှုနိုင် ပါတယ်ဗျာ )

ဒီမှာဘဲ နိတ္ထိတန်ကြောင်းပါဗျာ....

သုံးတတ်လျှင် ဆေးဖြစ်ပြီး မသုံးတတ်က ဘေးဖြစ်ပါသည် ...

KyawTayza (ဥက္ကလာ)

No comments

Powered by Blogger.