Header Ads

ဆရာကျော်ဆန်းလွင်၏ တပတ်စာ ဟောစာတမ်း (12-8-20108 မှ 18-8-2018 ထိ)


တနင်္ဂနွေ သားသမီးများ

စိတ် မငြိမ်မသက် ဖြစ်နေမည်၊ လုပ်ငန်းခွင်၌ အတွင်းရန် သဘော ပေါ်တတ်သည်။ လုပ်ငန်းစိတ်တိုင်းကျ ကောင်းနေခြင်း မရှိသေးစေကာမူ ငွေဝင်ကံ အထိုက်အလျောက် အဆင်ပြေနေလိမ့်မည်။ လူမှုရေး ရှုပ်ထွေးမှုများကို ရှောင်ကြဉ်ပါမှ စီးပွားရေး တိုးတက် အဆင်ပြေမည် ဖြစ်၏။

ရွှေထည်၊ အိမ်ခြံမြေ လုပ်ငန်းများ၌ အညံ့လေး ရှိ၏။ ပညာရေး၌မူ စိတ်သောက အခက်အခဲ ကြုံတွေ့ဖွယ် ရှိရာ ပိုမို ကြိုးစား အားထုတ်ရမည်။ စနေ၊ တနလာင်္၊ အင်္ဂါများနှင့် ကံအပ်စပ်၏။ သို့သော် မိတ်ဆွေများ၏ အကူအညီကို ထိရောက်စွာ ရလိမ့်ဦးမည် မဟုတ်သည့်အပြင် မိတ်ဆွေများကို မိမိက ကူညီစိတ်ပူ ပေးနေရတတ်၏။

ကျန်းမာရေး ဂရုပြုပါ၊ အချိုရည်နှင့် အဆီအဆိမ့်အစပ် လျော့စားသင့်၏။ သီလထိန်း ကုသိုလ်ပြု၍ စောင့်အရှောက် နတ်များကို တိုင်တည် လုပ်ဆောင်လျှင် ပိုမိုကံ ကောင်းလာသည်ကို တွေ့ရမည်။ အချစ်ရေးတွင် စိတ်ချမ်းသာရာရလာလိမ့်မည်။

အိမ်ထောင်ရေးကံ သင့်သည်။ ဇနီးဖြစ်သူ၏ ကျန်းမာရေးကိုတော့ ဂရုပြုပါ။ သားသမီးများ မိမိစကားသိပ်နားမထောင် ဖြစ်နေလိမ့်မည်။ ယခုရက် သတ္တပတ်အတွင်း တနင်္ဂနွေ သားသမီးများ အထူး ဂရုပြုရန်မှာ အလုပ်အကိုင် အပြောင်းရွေ့ လုပ်ရစရာ အခြေအနေပေါ်သည့်တိုင် ပြောင်းရွေ့ခြင်း မပြုသင့်သေးပါ။

ယတြာ။ ။ ဆင်းရဲနွမ်းပါး တောင်းစားသူအား ပဲပေါင်မုန့် စွန့် ကြဲပါ။ ရဟန်း သံဃာကို န၀ကမ္မ၀တ္ထုငွေ သို့မဟုတ် နို့မှုန့် လှူဒါန်းပါ။

တနလာၤ သားသမီးမ်ား

အဆင်မပြေမှု အနဲငယ်လေးများ ကြုံတွေ့ရစေကာမူ အောင်မြင်ဖြစ်ထွန်း ကံပွင့်လန်းမည့် ကာလဖြစ်၏။ အလုပ်အကိုင်၌ အခက်အခဲပြဿနာများ အောင်မြင်စွာ ကျော်လွှားနိုင်ပါမည်။ နိုင်ငံရပ်ခြားနှင့် သက်ဆိုင်သော လုပ်ငန်းများတွင်တော့ ကံမကောင်းသေးပါ။ တနလာင်္, ဗုဒ္ဓဟူး, ကြာသပတေးတို့နှင့် ကံအပ်စပ်သည်။

မိတ်ကောင်း ဆွေကောင်းများလည်း တိုးပွားလိမ့်မည်။ စက်ပစ္စည်းများ အပျက်အစီး အချို့အယွင်း ဖြစ်ပေါ်တတ်၏။ ပညာရေးကံ အကောင်းထဲတွင်ရပ်တည်နေကာ မိမိက သူတပါးကိုပင် ပညာရေးအကူအညီပေးနေရတတ်၏။ မှားယွင်းသော စကားအချက်အလက်ကြောင့် အခက်တွေ့ကိန်းရှိရာ ဂရုပြုပါ။

သိုက်,သရဲ, နတ်တို့ကြီးစိုးရာ ဒေသများသို့ ခရီးသွားခြင်း မသင့်၊ အနှောက်အယှက်မိတတ်ရာ အခါအားလျော်စွာ နတ်ဒေ၀တာများကို မေတ္တာပို့ခြင်း အမျှဝေခြင်း မေတ္တာခံယူခြင်း ပြုပါ။ လူငယ်များ အချစ်ရေးတွင် စန်းပွင့်ကာ ကြည်နူးပျော်ရွှင်ရကိန်းရှိ၏။

အိမ်ထောင်ရေးတွင်တော့ စိတ်ညစ်ရကိန်းရှိရာ ဂရုတစိုက် နားလည်မှုထား ကြင်နာရန် လိုအပ်ပါ၏။ ယခုတပတ်အတွင်း တနလာင်္ သားသမီးများ အထူးဂရုပြုရန်မှာ ဖြစ်ပေါ်၍လာသော အကောင်း အဆိုး လောကဓံ အပြောင်းအလဲများတွင် အခြေအနေကို ကောင်းသထက် ကောင်းစေရန် ကြိုးစား အားထုတ်ပါ။ သာယာပျော်ရွှင် မေ့လျော့ခြင်း မဖြစ်ပါစေနှင့်။ (အကောင်း ပိုများနိုင်သည်)

ယတြာ။ ။ ဆင်းရဲနွမ်းပါးသူအား သစ်သီးပေးလှူပါ။ သာမဏေ သို့မဟုတ် သီလရှင်ကို လက်ဖက်ထုပ် လှူဒါန်းပါ။

အင်္ဂါ သားသမီးများ

အစစ သတိထား လုပ်ဆောင်သင့်သော ကာလဖြစ်၏။ အလုပ်ကံ စီးပွားဝင်ငွေကံများ အထိုက်အလျောက် ကောင်းနေစေကာမူ မိမိ၏ ဆုံးဖြတ်ချက်မှားခြင်း, စိတ်ဆိုးဒေါသဖြစ်ခြင်း တို့ကြောင့် ထိခိုက် ပြောင်းလဲမှုများ ကြုံတွေ့ရကိန်း ရှိ၏။

ဝန်ထမ်းလုပ်ငန်း လုပ်ဆောင်သူများ အနေဖြင့်တော့ အညံ့မရှိလှပါ, စကားအပြောအဆို ဆင်ခြင်ရန်သာ လိုအပ်ပါ၏။ ပညာရေးကံ အကောင်းထဲတွင် ရပ်တည်နေသောကြောင့် ကောင်းသော ပညာများ သိမြင်သင်ကြားခွင့် ကြုံမည်, သိလွယ် တတ်လွယ်လဲ ဖြစ်နေလိမ့်မည်။

ရုပ်သံထွက် စက်ပစ္စည်းများ၊ ရေနှင့်ဆိုင်သော စက်ပစ္စည်းများ ပျက်စီးနစ်နာကိန်း ရှိ၏။ အင်္ဂါ, သောကြာများနှင့် ကံမအပ်စပ် ဖြစ်တတ်၏။ မိတ်ဆွေ အပေါင်းအသင်း များ၏ အကူအညီကို ထိရောက်စွာ မရသေးသည့်အပြင် သူတပါးနှင့် အဖော်လိုက်ပေးရမည့် ခရီးစဉ်များ မအပ်စပ်ပါ။

သီလထိန်း ကုသိုလ်ပြု၍ စောင့်အရှောက် နတ်များကို တိုင်တည်လုပ်ဆောင်လျှင် ကြုံတွေ့နေရသော အခက်အခဲများ အထိုက်အလျောက် အဆင်ပြေလာလိမ့်မည်။ အချစ်ရေးတွင် ပြဿနာ အခက်အခဲ များကြားမှ စိတ်ချမ်းသာ အောင်မြင်မှု ရတတ်ပါ၏။

အိမ်ထောင်ရေးကံ အကောင်းထဲတွင် ရပ်တည်မနေသောကြောင့် အပြန်အလှန် ပိုမို ဂရုစိုက် သည်းခံနားလည်ပေးကြရန် လိုအပ်ပါသည်။ ယခုရက် သတ္တပတ်အတွင်း အင်္ဂါသားသမီးတို့ သတိထားရန်မှာ ရန်သဘောဆောင်သော အခြေအနေများကို ကြုံတွေ့ရခြင်းနှင့် ဆေးဝါးများကို မိမိသဘောဖြင့် မိမိ မသုံးဆောင်ရန် ဖြစ်ပေ၏။

ယတြာ။ ။ နေထိုင် မကောင်းသူများအား ဆေးပစ္စည်း/ ဆေးအလှူငွေ ထောက်ပံ့ လှူဒါန်းပါ။ သီလရှင်ကို အ၀ါရောင် အချိုရည် လှူဒါန်းပါ။

ဗုဒ္ဓဟူး သားသမီးများအတွက်

လုပ်ငန်း ဆောင်တာများကို တကြိမ်တည်းနှင့် မပီးပဲ အကြိမ်ကြိမ် ကြိုးစားလုပ်ဆောင်မှ အောင်မြင်မည်ဖြစ်ရာ စိတ်ရှည်သည်းခံ ကျော်ဖြတ်ပါ။ အလုပ်အကိုင် စီးပွားရေးကံများ အကောင်းထဲသို့ ရောက်လာပေလိမ့်မည်။

အလုပ်များ တိုးတက် အဆင်ပြေနေ မည့်အပြင် ရင်းနှီးထားသော လုပ်ငန်းများမှ အကျိုးအမြတ်ပေါ်မည်။ ငယ်သူများထက်စာလျှင် ကြီးကဲသူများကြောင့် စိတ်ချမ်းသာ အဆင်ပြေမည်။ သူတပါးက မိမိကို အထင်လွဲမှား စွပ်စွဲပြောဆိုသည်ကို ဖြေရှင်းရကိန်း ရှိ၏။

ပညာရေးတွင် ကောင်းမွန်မှန်ကန်သော အသိပညာဖြင့် လေ့လာသင်ယူသမျှကို ခံယူနိုင်စွမ်းရှိနေမည်။ မိတ်ဆွေဟောင်းများ၏ ကူညီမစခြင်းကို ခံရကိန်းရှိ၏။ မျက်စိ ကျန်းမာရေး ဂရုပြုပါ။ သူတပါးက မိမိကို မှားယွင်းသော စကားပြောဆို သတင်းပေးသည်ကို ခံရတတ်၏။

အချစ်ရေးတွင် စိတ်ဖိစီးမှု များကြားမှ အဆင်ပြေမည်။ အိမ်ထောင်ရေးကံ အညံ့ထဲသို့ ရောက်လာတတ်၏။ ခင်ပွန်းဖြစ်သူ၏ ကိုယ်စိတ် ကျန်းမာရေး ဂရုပြုပါ။ ယခုရက် သတ္တပတ် အတွင်း ဗုဒ္ဓဟူးသားသမီးများ အထူးသတိထားရန်မှာ စိတ်ရှည်သည်းခံ ၍ အောင်မြင်မှုကို ရယူရမည် ဖြစ်ပေ၏။

ယတြာ။ ။ စိတ်ဝေဒနာသည် များအား စားစရာ,အချိုရည် ပေးလှူပါ။ အဆောက်အဦး လှူဒါန်းသော လုပ်ငန်းများတွင် အလှူငွေ ထည့်ဝင်ပါ။

ရာဟု သားသမီးများအတွက်

ရန် သဘောဆောင်သော ပြဿနာများ ကြုံတွေ့ရတတ်၏။ ကောင်းနေရာမှ မမျှော်လင့်ပဲ အခြေအနေ ဆိုးခြင်းဖြစ်တတ်ရာ ပြင်ပြင်ဆင်ဆင် လုပ်ဆောင်မှ အဆင်ပြေမည်။ ငွေမစုမိပဲ ကုန်စရာ ကိစ္စများ ပေါ်ပေါက်နေမည်။ စက်ပစ္စည်း ကောင်းများဝင်ခြင်း, ခရီးစဉ်ကောင်းများ ပေါ်ခြင်း ဖြစ်ကိန်းရှိ၏။

ပညာရေးကံ ကောင်းနေသော်လည်း အကြိမ်ကြိမ် ကြိုးစားလေ့လာမှ အောင်မြင်မှုရမည်။ မိတ်ဆွေများကြောင့် စိတ်အနှောက်အယှက် ဖြစ်ရခြင်း၊ သူတပါး ပြဿနာ ၀င်ပါရာမှ မိမိ၌ ဒုက္ခရောက်ရခြင်း၊ အများတိုက်တွန်းမှုကြောင့် မိမိမှားယွင်းခြင်း ဖြစ်ကိန်းများ တန်းစီနေလေရာ ဆင်ခြင်ပါ။

အင်္ဂါ၊ ကြာသပတေး၊ သောကြာများနှင့် ကံအပ်စပ် လိမ့်မည်။ ကျန်းမာရေးတွင် အာရုံကြော အားနဲခြင်း၊ အရေပြား,လက်, ဒူး တို့၌ ဥပါဒ်ပေါ်ခြင်း ဖြစ်တတ်၏။ ပရလောကသားများကို စနောက်ခြင်း မပြုသင့်၊ အနှောက်အယှက်မိတတ်ရာ အခါအားလျော်စွာ နတ်ဒေ၀တာများကို မေတ္တာပို့ခြင်း အမျှဝေခြင်း မေတ္တာခံယူခြင်း ပြုပါ။

အချစ်ရေး ကိစ္စများ စိတ်မငြိမ်မသက် ဖြစ်စရာ ကြုံနေတတ်၏။ အိမ်ထောင်ရေးကံ သင့်ပါ၏။ အိမ်ထောင်ဖက်၏ အကျိုးကျေးဇူးကို ပင်ခံစားရတတ်၏။ ယခုရက် သတ္တပတ်အတွင်း ရာဟု သားသမီးတို့ အထူး ဂရုပြုရန်မှာ ပြဿနာ အရှုပ်အရှင်းများနှင့် ကင်းအောင်နေသင့်ပြီး ကျန်းမာရေး ဂရုပြုရန် ဖြစ်ပါသည်။

ယတြာ။ ။ ဒုက္ခိတ တောင်းစားသူများအား ထန်းလျက်နှင့် အလှူငွေ စွန့်ကြဲပါ။ သီလရှင်/ ရဟန်းကိုရင်ကို စပျစ်သီး လှူဒါန်း ဆက်ကပ်ပါ။

ကြာသပတေး သားသမီးများအတွက်

စိတ်တိုင်းမကျ အားမလိုအားမရ ဖြစ်နေလိမ့်မည်, သို့သော် စိတ်ရှည်စွာ နားလည်မှု ထားပါ။ မမျှော်လင့်ထားသော ကံကောင်းခြင်း၊ ကံဆိုးခြင်း လောကဓံများ ဖြစ်ဖြစ်လာမည်။ သင်တန်းကောင်းများ တက်ရခြင်း၊ ခရီးစဉ်ကောင်းများ ပေါ်ပေါက်လာခြင်း၊ ငွေကြေးစီးပွား အထိုက်အလျောက် အဆင်ပြေနေခြင်း ဖြစ်ကိန်းရှိ၏။

အလုပ်အကိုင်၌ စိတ်သောကနှင့်တကွ နစ်နာ ထိခိုက်ကိန်း ရှိရာ မဆင်မခြင် ချဲ့ထွင် လုပ်ဆောင်ခြင်း မသင့်။ ပညာရေး၌ စိတ်တိုင်းကျဖြစ် ဦးမည်မဟုတ်။ ကြီးကဲသူများ နေထိုင်မကောင်း ဖြစ်တတ်၏။ ပရိတ်မန္တာန်ဂါထာများ အသံထွက် ပူဇော်ခြင်းပြုပါ။ သတ္တ၀ါအများကို မေတ္တာပို့ပါ။

မသန့်သောရေ၊ အဆိပ်ရှိသောသတ္တ၀ါ၊ နတ်မိစ္ဆာ စသည်တို့၏ အနှောက်အယှက်ပြုခြင်း ခံရကိန်းရှိ၏။ အချစ်ရေးတွင် ငယ်သူများနှင့်ပတ်သက်၍ စန်းပွင့်နေတတ်သည်။ အိမ်ထောင်ရေးတွင် စိတ်ချမ်းသာ အဆင်ပြေရမှု များလိမ့်မည်။

ယခုရက် သတ္တပတ်အတွင်း ကြာသပတေး သားသမီးများ အထူးသတိပြုရန်မှာ မိမိကိုယ်ကို ယုံကြည်မှုထား၍ စိတ်ရှည်သည်းခံ ကြိုးစားရမည် ဖြစ်ပေ၏။

ယတြာ။ ။ ဆင်းရဲသား ဒုက္ခိများအား အထည်အင်္ကျီ စွန့်ကြဲပါ။ သာမဏေ ရဟန်းသံဃာအား သစ်သီး လှူဒါန်းပူဇော်ပါ။

သောကြာ သားသမီးများအတွက်

မိမိကံ ကောင်း၍ အခွင့်ကောင်းများ ကြုံတွေ့စေကာမူ မိမိ၏ စိတ်မရှည် ဒေါသကြောင့် ဆုံးရှုံးနစ်နာ ရကိန်း ရှိ၏။ အလုပ်အကိုင်များ အောင်မြင်ဖြစ်ထွန်းခြင်း ဖြစ်မည်။ ငွေကြေး ဆုံးရှုံးနစ်နာကိန်းတော့ ရှိသဖြင့် ဆင်ခြင် သုံးစွဲပါ။

မိမိအိမ်တွင် နေထိုင် မကောင်းသူရှိက ပိုဂရုစိုက် ကုသပါ, ရောဂါသည်းလာ တတ်၏။ ပညာရေး သိသိသာသာ တိုးတက် ကံကောင်းသည်ကို တွေ့ရမည်။ မိမိ မိတ်ဆွေများ အခက်တွေ့ ပြဿနာ ရှိနေသည်ကို တွေ့ရတတ်၏။ အိမ်ထောင်ရေး၊ အချစ်ရေး ကိစ္စများတွင် စိတ်ဖိစီးမှုများရုံမက ကံမကောင်း ဖြစ်နေပေမည်။

ခရီးဝေးသွားခြင်း မကောင်းသေးပါ၊ ခရီးစဉ်များ မသွားဖြစ်ခြင်းလည်း ဖြစ်တတ်၏။ နေထိုင် မကောင်းသည့်အခါဖြစ်စေ၊ အရေးကြီးကိစ္စ ရှိလျှင်ဖြစ်စေ၊ ခရီးဝေး မသွားမဖြစ် သွားရသည့် အခါဖြစ်စေ … အဖြူရောင်, လိမ္မော်ရောင်, အနက်ရောင် အင်္ကျီများ ရှောင်ဝတ်သွားပါ။

ငယ်သူများထက် ကြီးကဲသူများ၏ ကူညီ မစခြင်း ခံရမည်။ အိမ်ဝယ်ဖြစ်လျှင် ကောင်းသောအိမ် ရမည်။ ယခုရက် သတ္တပတ်အတွင်း သောကြာ သားသမီးတို့ အထူး ဂရုပြုရန်မှာ အချစ်ရေး အိမ်ထောင်ရေး စိတ်များကြောင့် အလုပ်အကိုင်၌ စိတ်ဆိုးဒေါသ ၀င်ပါမလာစေရန်၊ ကပျက်ကချော် မဖြစ်စေရန် ဖြစ်ပေ၏။

ယတြာ။ ။ ဆင်းရဲနွမ်းပါး တောင်းစားသူများအား ငွေကြေး စွန့်ကြဲပါ။ သီလရှင်များအား ပုဇွန်ခြောက်ထုပ် သို့မဟုတ် အာလူးကြော်လှူဒါန်းပါ။

စနေ သားသမီးများအတွက်

အလုပ်အကိုင် တိုးတက် အောင်မြင်ခြင်း, ငွေကြေးစီးပွား မြတ်စွန်းခြင်းများ ထင်ထင်ရှားရှား ဖြစ်လာမည်။ သို့ရာတွင် သောကနှင့် ယှဉ်၍ လုပ်ဆောင်နေတတ်၏။ မိတ်ကောင်း ဆွေကောင်းများ တိုးပွားခြင်း၊ အကူအညီကောင်းများ ရခြင်းတို့ ဖြစ်မည်။

ပညာရေးတွင် စိတ်ဖိစီးမှုများ ရှိသော်လည်း သိလွယ်တတ်လွယ် ကိန်းရှိပါ၏။ သူတပါးအပေါ် မိမိ၏ ဂတိသစ္စာ ပေးထားမှုများအတိုင်း ဆောင်ရွက်ရန် အခက်အခဲ ဖြစ်ခြင်းမျိုး ကြုံတွေ့ရတတ်၏။ လူမှုရေး အချစ်ရေးပြဿနာများ မိမိ ကိုသော် လည်းကောင်း မိမိ ပတ်ဝန်းကျင် တွင်လည်းကောင်း ဖြစ်ပေါ်၍ လာတတ်ပေရာ ဂရုပြုပါ။

ယခုအပတ်၌ မိမိ ခုခံရေးကံ ချူချာနေသဖြင့် အချို့သော စနေသားသမီးများတွင် သိုက်ဆက်၊ ပယောဂ၊ ဆေးခပ် စသော အထူးအဆန်း ကိစ္စများက မိမိကို ပတ်သက်လာ၍ စိတ်ညစ်ရကိန်း ရှိပါ၏။ ထို့ကြောင့် သတ္တ၀ါ အများကို မေတ္တာပို့ခြင်းဖြင့် ကျော်ဖြတ်ပါ။

အိမ်ထောင်ရေးကံ အားမကောင်းသဖြင့် မဆင်မခြင် နေလျှင် ပြဿနာ အမှုအခင်း များပင် ကြုံတွေ့ရကိန်းရှိ၏။ ယခုရက် သတ္တပတ်အတွင်း စနေ သားသမီးများ အထူး သတိပြုရန်မှာ အားလုံးသော သတ္တ၀ါများကို မေတ္တာပို့ရန်၊ လောကီဂမ္ဘီရနွယ်သော ကိစ္စများကို မတတ်ကျွမ်းပဲ ထင်ရာ မလုပ်ရန်၊ စီးပွားရေး အလုပ်ကိစ္စသာ ဂရုစိုက်ရန် ဖြစ်ပါသည်။

ယတြာ။ ။ ဆင်းရဲနွမ်းပါး သူများအား စားစရာ စွန့်ကြဲပါ၊ ဘုန်းကြီးကျောင်း သိမ်များကို သန့်ရှင်ရေးပြုပါ။ ဘုရား စေတီများ၌ ရွှေသင်္ကန်း အလှူငွေ ထည့်ဝင်ပါ။

ဉာဏ်အား ၀ီရိယအားတို့ဖြင့် အခက်အခဲများ ကျော်လွှားနိုင်ကြပါစေ

ဆရာ ကျော်ဆန်းလွင်

No comments

Powered by Blogger.