Header Ads

Save Song သီချင်းမှာ ယုံကြည်ရာကို အကောင်းဆုံး သီဆိုခဲ့တဲ့ နေခန့်မင်းသစ် (ရုပ်သံ)


Myanmar Idol season 3 ရဲ့ top-6 ပြိုင်ပွဲမှာ နေခန့်မင်းသစ်ဟာ ပရိသတ်ပေးတဲ့ voting အရေအတွက် အနည်းဆုံး ရရှိခဲ့ပါတယ်.. ဒါကြောင့် save song သီချင်း ဆိုခွင့်ရတဲ့ အပေါ်မှာ နေခန့်မင်းသစ်ဟာ ကိုလေးဖြူရဲ့ ယုံကြည်ရာ သီချင်းကို သီဆိုခဲ့ပါတယ်..



သီဆိုရာမှာ အမှားအယွင်း နည်းပါးခဲ့ပီး အသံပါဝါ ကောင်းကောင်းနဲ့ သီဆို ခဲ့တဲ့အတွက် ပရိသတ်တွေရော ဒိုင်တွေပါ အကြိုက်တွေ့ ခဲ့ပါတယ်.. save လုပ်မယ် မလုပ်ဘူး ဆုံးဖြတ်ဖို့ ဒိုင်တွေ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပီး နောက်ဆုံးမှာတော့ နေခန့်မင်းသစ်ကို ဒိုင်တွေ အားလုံးရဲ့ ကိုယ်စား ကိုရန်အောင်က save လုပ်ကြောင်း ပြောကြားခဲ့ပါတယ်..



အမြဲတမ်း အပြုံးမျက်နှာ လေးနဲ့ ပရိသတ်ကို သီဆို ဖျော်ဖြေတတ်တဲ့ နေခန့်မင်းသစ်ဟာ save လုပ်ခံခဲ့ရပေမယ့် ၀မ်းမသာကြောင်း ပြောခဲ့ပါတယ်.. သူ ယခုအပတ် save ခံရတဲ့ အတွက် နောက်တပတ်မှာ ထွက်ခွာသွားရမယ့်သူက ၂ ယောက် ဖြစ်သွားခဲ့ပီး သူသာ မပါဝင်ခဲ့ပါက တသက်လုံး နောင်တရနေမယ် လို့ နေခန့်မင်းသစ်က ပြောခဲ့ပါသေးတယ်.. သူ့ရဲ့ အကောင်းဆုံး သီဆိုခဲ့တဲ့ save song သီချင်း ကိုလေးဖြူရဲ့ ယုံကြည်ရာ ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်...



Loveshortnotes

No comments

Powered by Blogger.