မှဲ့ဟောကိန်းများ (အမျိုးသား အမျိုးသမီး ကိုယ်ခန္ဓာရှေ့ပိုင်း)
မျက်နှာပြင်ပိုင်း မှဲ့ဟောကိန်းကို တင်ပြခဲ့ပြီး ဖြစ်ပါသည်။ နောက်ထပ် ကိုယ်ခန္ဓာ နောက်ပိုင်း မှဲ့အဟော ကိုလည်း ဆက်လက်ပြီး တင်ပြပေးသွားအုံးမှာ ဖြစ်ပါတယ်ခင်ဗျာ။
မှဲ့
ကောင်းကျိုးပေးသည်ကတော့ နည်းပါးသည်။ မကောင်းကျိုးကိုသာ အများဆုံး အကျိုးပေး တတ်၏။ မျက်နှာပြင်ပိုင်း မှဲ့အများစု မကောင်းကျိုး ပိုပေးတတ်ပြီး ကိုယ်ခန္ဓာရှေ့ပိုင်း မှဲ့များ ကောင်းကျိုး ပိုပေးတတ်သည်။
စကားပုံ အများအပြား ရှိပါသည်။ " မှဲ့တပေါက် မစွန်းစေရပါ" " ပြစ်မျိုး မှဲ့မထင်" " ခြောက်ပြစ်ကင်း သဲလည်းစင်" စသည့် စကားပုံများသည် မှဲ့နဲ့ပတ်သက်သော စကားပုံများဖြစ်သည်။
အမျိုးသမီးတဦး အပျိုစင် ဘဝပျက်စီးတော့မည် ဆိုလျှင် မဲ့အချို့ ထင်ရှားစွာ ပေါ်လာတတ်သည်ဟု ဆိုလိုသည်။ အပြစ်ကင်းစင်သော အမျိုးသမီးကောင်းမှာ မှဲ့အများပြား ရှိမနေတတ်ခြင်းကို ဆိုလိုပါသည်။
မိန်းမယုတ် တန်ဆာမည်ထိုက်သော မျက်ရည်ခံမှဲ့ စသည်လို အပြစ်တပါး အပါဝင်ဖြစ်သည်။ ဒါက ဗဟုသုတ သဘောသာပါ။
မှဲ့စလွယ်
ရှေးအခါ အမတ်မင်းများအား ဘုရှင်ချီးမြင့်သော စလွယ်ကို လွယ်ထားဘိကဲ့သို့ တနည်း ပုဆိုး(ဂွင်းသိုင်း) စလွယ်သိုင်းထားသလို ကိုယ်ခန္ဓာရှေ့ရော နောက်ရော အနည်းဆုံး (၇) လုံး ခန့် စလွယ်သိုင်းပုံစံ မှဲ့များစွာ တန်းစီရှိနေလျှင် ကောင်းကျိုး အထူးပေး တတ်ပါသည်။
ထိုသို့ မှဲ့စလွယ် အပါဝင် ထူးခြားဝိသေသမှဲ့များ အကြောင်းကို နောက်များမှာ ဆက်ပီး တင်ပြပေး သွားပါမည်။
၁။ အလွန်ဆင်းရဲ ဒုက္ခရောက်စေ တတ်ပါသည်။
၂။ အလွန်ဆင်းရဲ ဒုက္ခရောက်စေ တတ်ပါသည်။
၃။ ချမ်းသာကြွယ်ဝ စေနိုင်ပါသည်။
၎။ ချမ်းသာကြွယ်ဝ စေနိုင်ပါသည်။
၅။ စာပေ သင်ကြားတတ်မြောက် စေသည်။
၆။ ကြီးပွားချမ်းသာ စေသည်။
၇။ ကြီးပွားချမ်းသာ စေသည်။
၈။ ပညာတတ် ပညာရှိ ဖြစ်စေသည်။
၉။ ချမ်းသာကြွယ်ဝ စေမည်။
၁၀။ အဆုပ်ဝေဒနာ ခံစားရစေတတ်သည်။
၁၁။ ကျောက်ကပ်ဝေဒနာ ခံစားရစေတတ်သည်။
၁၂။ချမ်းသာခြင်း ဖြစ်စေတတ်သည်။
၁၃။ ချမ်းသာ အောင်မြင်သူ ဖြစ်မည်။
၁၄။ သြဇာအာဏာ ရှိသူဖြစ်မည်။
၁၅။ အောင်မြင်အောင် စွမ်းဆောင်နိုင်မည်။
၁၆။ ချမ်းသာ ကြွယ်ဝမည်။
၁၇။ အိမ်ထောင်ရေးကံ မကောင်းတတ်ပါ။
၁၈။ စီးပွားရေး ပြေလည်ယုံ ဖြစ်စေတတ်သည်။
၁၉။ ချမ်းသာကြွယ်ဝ စေမည်။
၂၀။ သူတော်ကောင်းစိတ် ရှိတတ်သည်။
၂၁။ ကြီးပွားချမ်းသာ စေမည်။
၂၂။ စိတ်သဘောထား ပြည့်ဝကောင်းမွန်မည်။
၂၃။ ချမ်းသာကြွယ်ဝ စေပါမည်။
၂၄။ ဘုန်းကံကြီးပြီး အောင်မြင်ချမ်းသာမည်။
၂၅။ ဘုန်းကံကြီးပြီး အောင်မြင်ချမ်းသာမည်။
၂၆။ စိတ်အားငယ်တတ်သူ ဖြစ်စေသည်။
၂၇။ စိတ်ပျော့ညံ့သူ ဖြစ်စေတတ်သည်။
၂၈။ သားကောင်းရတနာ ရတတ်သည်။
၂၉။ လူအများ လေးစားကြည်ညို ခံရစေမည်။
၃၀။ ကား/ စသော ယဉ်ပစ္စည်းများ ပိုင်ဆိုင်မည်။
၃၁။ အလွန် ကြွယ်ဝချမ်းသာ စေမည်။
၃၂။ အလွန် ကြွယ်ဝချမ်းသာ စေမည်။
၃၃။ စီးပွားရေး အဆင်ပြေပြီး ပညာရေး ညံ့စေတတ်သည်။
၃၄။ စီးပွားရေး အဆင်ပြေပြီး ပညာရေး ညံ့စေတတ်သည်။
၃၅။ စည်းစိမ်ဥစ္စာ ပေါများစေတတ်သည်။
၃၆။ စည်းစိမ်ဥစ္စာ ပေါများစေတတ်သည်။
အရာရာ မဆင်ပြေပြီး ကံကောင်းကြပါစေ။
ဆရာ အောင်ချမ်းမင်း
Post a Comment