သူ့ကို အရမ်း ချစ်မိသွားတဲ့ အခါ
အရမ်း ချစ်မိသွားတဲ့ အခါ
အသက် အရွယ် ကွာတာ ကိုလည်း ထည့်မတွက်ဖြစ် တော့ဘူး ... ။
အရမ်း ချစ်မိသွားတဲ့ အခါ
အဆင့် အတန်း ဆိုတာတွေက သိပ်ပြီး ကွာတာ မဆန်းတော့ဘူး ... ။
အရမ်း ချစ်မိသွားတဲ့ အခါ
သိက္ခာဆိုတာ တွေလည်း လိပ်ပြာငယ်ကုန်တယ် ...။
အရမ်း ချစ်မိသွားတဲ့ အခါ
မာန ဆိုတာတွေက သိပ်ပြီး အရောင် မကြွတော့ဘူး ... ။
အရမ်း ချစ်မိသွားတဲ့ အခါ
ပကာသန ဆိုတာ တွေက သိပ်ပြီး မချွန်မြတော့ဘူး ... ။
အရမ်း ချစ်မိသွားတဲ့ အခါ
သူကြိုက်ပြီး ကိုယ်မကြိုက်တဲ့ အရာတွေကို
လိုချင်ကျင့်ရှိအောင် ကြိုးစားတတ် လာပြီး
ကိုယ်ကြိုက်ပြီး သူ မကြိုက်တဲ့ အရာတွေကို
စွန့်နိုင် ကျင့်ရှိအောင် ကြိုးစားတတ် လာတယ် ... ။
အရမ်း ချစ်မိသွားတဲ့ အခါ
ကိုယ့်ရဲ့ အဆင်မပြေခြင်း တွေကို ခဏခေါက် ထားပြီး
သူ့ရဲ့ အဆင်မပြေခြင်း တွေကို
ရှေ့လျှောက် ဘယ်လို ဖေးထောက်ပေးရ မလဲ အတွေးနဲ့
နှစ်ယောက်စာ ပူပင်တတ် လာတယ် ... ။
အရမ်း ချစ်မိသွားတဲ့ အခါ
ပြည့်စုံခြင်း မရှိတဲ့ ဘဝရဲ့ အပူတော ထဲမှာ
သူတယောက်တည်း အသက်ရှူ မောနေမလား ဆိုပြီး
ကိုယ်ပါ သူ့အစား တွေးရင်းနဲ့ မောလာတယ် ... ။
အရမ်း ချစ်မိသွားတဲ့ အခါ
မာယာ များတဲ့ ရောင်စုံ လူတွေ ကြားမှာ
သူတယောက်ထဲ အဆင်ပြေနေ မလား ဆိုပြီး
ကိုယ်ပါ သူ့အစား ရတတ် မအေးနဲ့ စိတ်ပူလာတယ် ...။
အရမ်း ချစ်မိသွားတဲ့ အခါ
ဘယ်လိုမှ မလိုက်ဖက်တဲ့ သူ့စရိုက်နဲ့ ကိုယ့်စရိုက်ကို
လိုက်ဖက် လာအောင် တစ်ရှိုက် မက်မက်နဲ့
ကီးကိုက်တတ် လာတယ် ... ။
အရမ်း ချစ်မိသွားတဲ့ အခါ
သူ သဘောမကျ မှန်း သိပေမယ့်လည်း
ခခ ယယ ခိုဝင်တတ် လာတယ် ... ။
အရမ်း ချစ်မိသွားတဲ့ အခါ
သူ မလိုအပ်မှန်း သိပေမယ့်လည်း
မေတ္တာတွေ အလကား သာသာ ပေးချင်လာတယ်
အရမ်း ချစ်မိသွားတဲ့ အခါ
သူ မလိုချင်မှန်း သိပေမယ့်လည်း
မငြိုမငြင် ပေးချင် လာတယ် ...။
အရမ်း ချစ်မိသွားတဲ့ အခါ
သူနဲ့သာ ဆိုရင် သွေးထွက်ထွက် ချွေးထွက်ထွက်
သဘာဝရဲ့ ရိုက်နှက်ချက် တွေကို
ဒိုးတူပေါင်ဖက် ရုန်းကန်ဖြတ်မယ် လို့ တွေးတတ်လာတယ် ...။
အရမ်း ချစ်မိသွားတဲ့ အခါ ...
တကယ်တော့
ဘယ်ကောင်လေး ကောင်မလေးက မှ မအကြပါဘူး
သိပ်ချစ်တတ်လွန်းကြတာရဲ့နောက်ကွယ်မှာ
မိုက်ရူးရဲ ဆန်တဲ့ စိတ်လေး ခပ်ပါးပါး ကပ်ပါသွား တာပါ
သူမုန်းနေမှန်း သိလျက်နဲ့တောင်
ရုန်းထွက် မသွားနိုင်တဲ့ အထိ ရူးနှမ်းနေတာ မျိုးလေ ...။
Kz

Post a Comment