(3) ည ဆက်တိုက် လပြည့်ဖြစ်မယ့် ဒုတိယဝါဆို
2018 ခုနှစ် အတွက် ဒုတိယဝါဆို လပြည့်နေ့ဟာ ထူးခြားမှုတွေ ရှိနေတဲ့ နေ့လို့ ဆိုနိုင်ပါတယ်။ လပြည့်နေ့ဟာ ၂၇ ရက် (သောကြာနေ့) ဖြစ်ပေမယ့် လပြည့်ဖြစ်ခြင်း ကိုတော့ ကျနော်တို့ ၂၆၊ ၂၇၊ ၂၈ ရက် (၃ ရက်) တိုင်တိုင် မြင်တွေ့ရမှာပါ။ ၂၇ ရက်နေ့ ညသန်းခေါင် အချိန်မှာတော့ ၂၁ ရာစုရဲ့ အကြာမြင့်ဆုံး လကြတ်ခြင်း ကိုလည်း မြင်တွေ့ကြရမှာပါ..။ ဘာဖြစ်လို့ပါလဲ..?
လ ဟာ ကမ္ဘာကို ဘဲဥပုံစံ လမ်းကြောင်း အတိုင်း နာရီလက်တံ ပြောင်းပြန် လည်သလို လှည့်ပတ်နေပါတယ်။ သူ့ရဲ့ ပတ်လမ်းကြောင်းဟာ ၅ ဒီဂရီခန့် တိမ်းစောင်းပြီး တစ်နာရီကို ၂၂၈၈ မိုင်နှုန်းနဲ့ ရွေ့လျားပါတယ်။ ဘဲဥ ပုံစံ လမ်းကြောင်းကို တာဝေးပြေးလမ်း တစ်ခုလို့ သတ်မှတ်ကြည့်လျှင်.. ပုံမှန် ပြေးနှုန်းအတိုင်း ပြေးနေတယ် ဆိုပေမယ့်.. အနီးဆုံး အချိန်မှာ ခရီးရောက် မြန်ပြီး.. အဝေးဆုံး အချိန်မှာ အချိန်ပို ကြာကြာ ပြေးရမှာပါ။ (ပုံ)။
လ ဟာ ဒုတိယဝါဆို လပြည့်ညမှာ ကမ္ဘာနဲ့ အဝေးဆုံး အကွာအဝေးကို ရောက်ရှိလို့ နေမှာပါ။ အင်္ဂလိပ်လိုတော့ Apogee လို့ ခေါ်ပါတယ်။ အဝေးဆုံး နေရာကို ရောက်နေလို့ အရွယ်အစားဟာလည်း ပုံမှန်ထက် သေးငယ်နေမှာဖြစ်ပြီး.. အဝေးဆုံး ပတ်လမ်းကြောင်းကို ပတ်နေရတဲ့ အတွက် ပုံမှန်ထက်လည်း နှေးကွေးနေမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လပြည့် အမှတ်ကို စ ဝင်ချိန်မှ ပြန်ထွက်ချိန် ဟာလည်း (၃) ရက်လောက် ကြာမြင့်မှာ ဖြစ်သလို.. လပြည့်ည ရောက်ချိန်ဖြစ်တဲ့ ကမ္ဘာ့အရိပ် တည့်တည့်ကို ဖြတ်သန်းချိန် (တနည်း) လကြတ်ချိန် ဟာလည်း ကြာမြင့်မှာ ဖြစ်ပါတယ်။ ၂၆ နဲ့ ၂၈ ရက် ညများဟာ လပြည့်အမှတ် ဆိုပေမယ့် အနားသတ်လေး တွေမှာတော့ အနည်းငယ် မှောင်နေမှာပါ။ ဒါမယ့်.. လ ထွက်ချိန်၊ ဝင်ချိန်တွေကတော့ အချိန် သိပ်မကွာလှပါ။
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)



Post a Comment