နားလည်မှု..
ဘယ်လို အရာမျိုးမဆို နားလည်မှုက အဓိကပါ.. လူတစ်ယောက်ရဲ့ စိတ်နှလုံးကို နားလည်ဖို့ ဆိုတာလည်း အခက်ခဲဆုံး အရာပါပဲ..
ချစ်ခြင်း မေတ္တာမှာလည်း နားလည်ပေးနိုင်မှသာ ယုံကြည်မှု ဆိုတဲ့ လမ်းစကို ရှာနိုင်မှာ ဖြစ်ပါတယ်..
လူတစ်ယောက်ရဲ့ နားလည်နိုင်မှု ဆိုတာ အခြေတည်ပြီး အဲဒီလူ အပေါ်မှာ ဖြစ်တည်လာမယ့် ပေါက်ဖွားလာမယ့် ဘယ်လို အရာမျိုးမဆို စိတ်ချမ်းမြေ့မှု ရရှိစေမှာပါ..
နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ လူမှုရေးတွေ အချစ်ရေးတွေဟာ ဘယ်တော့မှ ပြတ်စဲ ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး..
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ဆိုတဲ့ တံတားလေးသာ ခင်းထားခဲ့ရင် ပြသနာ ဆိုတဲ့ စာသားဟာ ဘယ်ခေါင်းစဉ် အောက်မှာမှ မဝင်ရောက်နိုင်ပါဘူး..
အမုန်းပွားစရာ မလိုဘူး.. အချင်းများစရာ မလိုဘူး.. အခက်ခဲဆုံး ဆိုတဲ့ နားလည်မှုလေးကို ကိုယ့်ရဲ့ စိတ်နှလုံးလေးမှာသာ ချိတ်ဆွဲနိုင်ရင် ကိုယ်ရော တစ်ပါးသူပါ ငြိမ်းအေးမှာ အမှန်တကယ်ပါပဲ..
Eiphookhinkhin
Post a Comment