သင့်ကို တကယ်ချစ်တဲ့သူ ဆိုတာ...
သင် အရမ်း ချစ်ရတဲ့သူက သင့်အပေါ်မှာ ဘယ်လောက် လေးနက်သလဲ ၊ ဘယ်လောက် ချစ်သလဲ ဆိုတာက ဒီအတိုင်း ကြည့်ရုံနဲ့ မသိနိုင်ပါဘူး ။
သူနဲ့ကိုယ် ရန်တွေ ဖြစ်ကြလို့ ကိုယ့်ဘက်က အလျော့ မပေးမိတဲ့ အချိန် .....
သူ ဖြစ်စေချင်သလို ကိုယ့်ဘက်က ဖြည့်ဆည်း မပေးနိုင်တော့တဲ့ အချိန် .....
သူနဲ့ကိုယ် အခြေအနေ အမျိုးမျိုးကြောင့် ဝေးကွာနေ ကြချိန် ကျမှပဲ .....
သူ ကိုယ့်ကို ဘယ်လောက် ချစ်သလဲ ?
သူ ကိုယ့်ကို ဘယ်လောက် အလေးအနက် ထားသလဲ ?
ကိုယ်က အရမ်းကောင်းမှ သူက ပြန်ကောင်းတာလား ?
ကိုယ့်အပေါ် ဘယ်လောက် သံယောဇဉ် ကြီးသလဲ ?
သင့်ကို သူ ဘယ်လောက် မစွန့်လွှတ်ပဲ တောင့်ခံထားနိုင်သလဲ ?
ဆိုတာတွေနဲ့ ဆုံးဖြတ်နိုင် ပါတယ် ။
တချို့က အရမ်း ပိုင်ဆိုင်ချင် ကြပေမဲ့ စိတ်ပျက်စရာ ကြုံလာတာနဲ့ သင့်ကို အလွယ်တကူပဲ စွန့်ခွာတတ်ကြသလို .....
တချို့ ကျတော့လည်း သင့်ဘက်က အလျော့ပေးနေ သရွေ့တော့ အဆင်ပြေနေ ပေမဲ့ သင့်ဘက်က နည်းနည်းလေး အလျော့ မပေးလိုက်တာနဲ့ စွန့်ခွာချင် လာသလို .....
တချို့က သင့်ထက် သာတဲ့သူတယောက်နဲ့ တွေ့တဲ့ အခါမှာ အလွယ်တကူပဲ သင့်အပေါ် အေးစက် သွေးအေး သွားတတ်ကြ တယ် ။
တချို့ကတော့ သင့်ဘက်က အချိန်ပေးနေသရွေ့တော့ အဆင်ပြေနေ ပေမဲ့ သင့်ဘက်က ဂရုမစိုက်နိုင်တော့ရင် သင့်ကို စွန့်ခွာလာချင်တတ် ကြတယ် ။
အဲလိုလူတွေနဲ့ တွေ့ခဲ့ရင် သူတို့ဟာ သင့်အပေါ်မှာ တကယ် မချစ်ခဲ့တဲ့ လူတွေ ဆိုတာ သိနိုင်ပါတယ် ။
အဲလို လူတွေနဲ့ လမ်းခွဲရရင်လည်း တကယ် ဝမ်းနည်း ရမှာက သင် မဟုတ်ပါဘူး ။ သင့်ကို မချစ်တဲ့လူ တယောက်ကို ဆုံးရှုံး ရတာထက် ကိုယ့်အပေါ် အရမ်းကောင်းတဲ့ လူတယောက်ကို ဆုံးရှုံး လိုက်ရတဲ့ သူတို့က ဆုံးရှုံးမှု ပိုပြီး များတာပါ ။
သင့်ကို တကယ် ချစ်တဲ့သူဆိုတာ သင်က သူ့အပေါ် ဘယ်လောက် ဆိုးဆိုး သူ တတ်နိုင်သလောက် သည်းခံပေး သလို သင့်အပေါ်မှာ အပြည့် အဝ နားလည်ပေးတတ်သူ ပဲ ဖြစ်ပါတယ် ။
တကယ်လို့ အခြေအနေတွေ အကြောင်း ဖန်လာလို့ သင့်အပေါ် တကယ် ချစ်ခဲ့တဲ့သူဟာ သင့်ကို စွန့်လွှတ်ခဲ့ရင်တောင် အဲဒါ သူ့ဘဝရဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက် တခုပဲ ဖြစ်ခဲ့မှာ သေချာပါတယ် ။
KZ
Post a Comment