မိန်းခလေးတွေ ယောက်ျားလေးကို မြင်မြင်ချင်း သဘောကျတဲ့ အရာ
မိန်းခလေး တယောက်ဟာ ယောက်ျားလေး တယောက်ကို စပြီး မြင်မြင်ချင်းမှာ ဘယ်အရာကို သဘောကျအထင်ကြီးလေ့ ရှိသလဲ။ ဝတ်ထားတဲ့ နာရီလား ၊ စီးလာတဲ့ ကားလား ၊ ရုပ်ရည်လား ။
ဘယ်အရာက မိန်းခလေးတွေကို မြင်မြင်ချင်း သဘောကျစေ တာလဲ ။ မိန်းခလေးတွေ မြင်မြင်ချင်း သဘောကျတဲ့ အရာက ဘာဖြစ်မလဲ ဆိုတာ အတွက် ကောင်မလေး (10) ယောက်ကို အင်တာဗျူးလုပ် မေးမြန်းထားတာလေး တွေကို ဖော်ပြပေးလိုက် ပါတယ် ။
ဒီ မိန်းခလေး ဆယ်ယောက် ဖြေထားတာဟာ ကျမတို့ မိန်းခလေး တော်တော်များများနဲ့ တိုက်ဆိုင် ပါတယ် ။ ဒါ့ကြောင့် ဒီ (10) ချက်ဟာ တကယ် မိန်းခလေးတိုင်းလိုလို သဘောကျတဲ့ အချက်တွေ ဖြစ်ပါတယ်။
1) ကျမ တယောက်ထဲရဲ့ အမြင်အရတော့ ယောက်ျားလေး တယောက်ဟာ ထွေထွေ ထူးထူးတွေ မလုပ်ပဲကျမကို လာမိတ်ဆက်တာကို သဘောကျ ပါတယ် ။ " ကျနော် ခင်ဗျားကို သိသလိုလိုပဲ " တို့ ၊ " ကျောင်းတုန်းက သူငယ်ချင်းနဲ့ တူလို့ " တို့ အကွက်တွေကို ကျမ သဘော မကျပါဘူး ။ ကျမက ပွင့်ပွင့် လင်းလင်း လာမိတ်ဆက်ရဲတဲ့ သူမျိုးကို ပိုသဘောကျ ပါတယ် ။
2) ကျမကို ရယ်မောအောင် လုပ်နိုင်တဲ့ ယောက်ျာလေးတွေကို သဘောကျ ပါတယ် ။ ဒါပေမယ့် လူရွှင်တော် လိုမျိုး လုပ်နေတာမျိုးတော့ မဟုတ်ဘူးပေါ့ ။ ဟာသဥာဏ် ရှိတာကို ကျမ အရမ်း သဘောကျပါတယ် ။
3) သပ်သပ်ရပ်ရပ် ဝတ်စားတတ်ပြီး သန့်သန့် ရှင်းရှင်း နေတတ်တဲ့ သူမျိုးကို ကျမ သဘောကျ ပါတယ် ။ ယောက်ျား တယောက်ဟာ ညစ်ပတ်နေရင် ကျမ အရမ်း ရွံပါတယ် ။
4) ယောက်ျားလေး တယောက်ဟာ ယုံကြည်မှု အပြည့်နဲ့ ရှိနေရင် ကျမ သဘောကျ ပါတယ် ။ ကြွားဝါတာမျိုးတော့ မဟုတ်ဘူးပေါ့ ။ မာန်တက်နေတာမျိုး ကတော့ အမြင်ကတ်ဖို့ ကောင်းပါတယ် ။ ကျမယောက်ျားလေးတွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေချင် ပါတယ် ။
5) စကားပြောတတ်တဲ့ သူမျိုးကို သဘော ကျပါတယ်။ စကား တခွန်းနှစ်ခွန်းပြော အပြီးမှာ ဘာမှမပြောတတ်တဲ့ သူတွေနဲ့ ကျမ အဆင်မပြေ ပါဘူး ။
6) ကျမကို အထင်ကြီးစေတဲ့ အချက်ကတော့ ကျမပြောနေတာကို အာရုံစိုက်ပြီး နားထောင် တတ်ခြင်းပါပဲ ။
7) ကျမကတော့ အားကစား လိုက်စားပြီး ကြံ့ခိုင်တဲ့ ယောက်ျားလေးတွေကို သဘောကျပါတယ် ။ ယောက်ျားလေး တယောက်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်တာ အရမ်း Sexy ဖြစ်ပါတယ် ။
8) ကျမကတော့ အမှန်တရားကို ချီးကျူး တတ်တဲ့ ယောက်ျားမျိုးကို သဘောကျ ပါတယ် ။ ဟန်ဆောင်ပြီး ချီးကျူး မြှောက်ပင့်တာမျိုးကို ကျမ သဘောမကျ ပါဘူး ။ ကျမပြောနေတာကို စိတ်ဝင်တစား နားထောင်ပြီး ကျမ တကယ် အားသာတဲ့ အချက်တွေကို ချီးကျူးတာ မျိုးကို သဘောကျ ပါတယ် ။
9) ကျမ ကတော့ Suit ဝတ်ထားတဲ့ ယောက်ျားလေးတွေကို ပိုမို သဘောကျမိ ပါတယ် ။ ဒါမှမဟုတ် button down shirt မျိုးပေါ့ ။
10) ကျမက စကားပြောနေရင်း ကျမကို သက်တောင့် သက်သာနဲ့ အရင်ကတည်းက သိနေတဲ့ ပုံစံမျိုး စကားပြောတတ်တဲ့ ယောက်ျားလေးတွေကို သဘောကျ ပါတယ် ။
Thoughtcatalog
Post a Comment