ဒီလို ချမ်းသာတဲ့သူ...
ကျန်ခဲ့တဲ့နှစ် 2017 ကို ပြန်ဆန်းစစ် ကြည့်လိုက်တော့ .....
စီးဖို့ ကားအသစ် 3 စီး ဝယ်နိုင် ခဲ့တယ် ။ အလုပ်အကိုင်တွေ ကလည်း ထင်ထားတာထက် ပိုပြီး အလုပ် ဖြစ်တယ် ။
ပိုက်ဆံတွေ ပိုနေလို့ ၀ယ်ထားတဲ့ ကွန်ဒို တိုက်ခန်းတွေ ကိုလည်း နိုင်ငံခြားသား တွေက ဈေးကောင်း ပေးပြီး ငှားထားတော့ လစဉ် ရတဲ့ ဝင်ငွေတွေကို ပြန်စုပြီး မြေကွက် 5 ကွက် ဆိုင်ခန်း 3 ခန်း ထပ် ဝယ်နိုင်ခဲ့တယ် ။
ကမ္ဘာပတ်တဲ့ အပန်းဖြေ ခရီးတွေလည်း အကြိမ်ကြိမ် သွားဖြစ်တယ် ။ 2 လ 1 ကြိမ် Bangkok မှာ Medical Check up လုပ်တယ် ။ အားလုံး Ok ပါ တယ် ။
သူငယ်ချင်းတွေ နဲ့ စုပြီး ကုမ္ပဏီ တွေ ထပ်ထောင်နိုင် ခဲ့တယ် ။
ဘဏ်မှာချည်း အသားတင် ငွေ သိန်း 5000 ကျော် ထည့်စုထား နိုင်ခဲ့တယ် ။
အထင်တော့ မကြီးလိုက်ပါနဲ့ ။ အဲ့ဒါ ကိုယ် မဟုတ်ဘူး ။ သူများပါ..
ဒီစာကို ဖတ်ရင်း ဝမ်းသာ အားကျ နေရင်တော့ သင်ဟာ ကိုယ့်အပေါ် မုဒိတာစိတ် ရှိလို့ပါ ။
စာဖတ်ရင်း တစုံတရာစိတ် ဖြစ်နေရင်တော့ သင်ဟာ ကိုယ့်အပေါ် တစုံတရာ မူမမှန်စိတ် ရှိလို့ပါ ။
စာဖတ်ရင်းနဲ့ ရီချင်နေရင်တော့ ..... သင်ဟာ ကိုယ့်အကြောင်း ကောင်းကောင်း သိသူပါ ။
Credit Original
Post a Comment