မိန်းမတွေကို အ တယ်လို့ မထင်နဲ့ ...
ယောက်ျား တွေဟာ ဆန္ဒကို ရှေ့တန်း တင်တတ်ကြ ပေမယ့် မိန်းမ တွေကတော့ ဘ၀ကို ရှေ့တန်း တင်တယ် ။
ယောက်ျားတွေက ချစ်တယ်လို့ စပြောပေမဲ့ အပြောခံရတဲ့ မိန်းမတွေ ကပဲ တသက်လုံး ဆက်ချစ်ကြရတယ် ။
ယောက်ျား ဆိုတာ မျိုးက ကတိတလုံး လွယ်လွယ် ပေးတတ် ကြပြီး မတည်တတ်ကြ ပေမဲ့ မိန်းမ ဆိုတာက ရထားတဲ့ ကတိတလုံးကို အချိန်တိုင်း တန်ဘိုးထား မျှော်လင့်နေ တတ်တယ် ။
ယောက်ျား ဆိုတာ မျိုးက အတူတူ နေလာတာ ကြာရင် ရိုးအီ သွားတတ်ပေမယ့် မိန်းမတွေ ကတော့ အတူနေလာတာ ကြာလေလေ သံယောဇဉ် ပိုလေပါပဲ ။
မိန်းမ တယောက်က အပြစ် တခု လုပ်မိရင် ယောက်ျား ဆိုတာ ထပ်ခါ ထပ်ခါ မြင်တတ်ပေမယ့် ယောက်ျားတယောက်က အပြစ်တခု လုပ်ရင် မိန်းမကကောင်းခဲ့တဲ့ အကြောင်းအရာလေးကိုပဲ ပြန်မြင်ပြီး ခွင့်လွှတ်ချင်နေကြတယ် ။
ယောက်ျားတွေရဲ့ အချစ်က ခန္ဓာကိုယ်နဲ့ ရင်းပြီး သာယာမှုနဲ့ ချစ်တယ် ။ မိန်းမတွေရဲ့ အချစ်က ခန္ဓာကိုယ် မပါလည်း စိတ်ခံစားချက်နဲ့ ရင်းပြီး နှစ်လုံးသားနဲ့ ချစ်တယ် ။
ယောက်ျား ဆိုတာ လမ်းခွဲချင်ရင် အကြောင်းပြချက် မထားတတ်ဘူး ။ သစ်စိမ်းချိုးလည်း ချိုးတတ်တယ် ။ သူတို့ကြောင့် ဘ၀ ပျက်သွားရင်တောင် မဆိုင်သလိုလည်း နေတတ်ကြတယ် ။
မိန်းမ ဆိုတာ လမ်းခွဲချင်ရင် တစ်ဘက်လူရဲ့ ရပ်တည်မှုနဲ့ ခံနိုင်ရည်ရှိ မရှိကြည့်တယ် ။ ထွက်သွားရတဲ့ အကြောင်းရင်းကို လက်ခံပေးနိုင်မယ့် အနေအထားထိ စောင့်တယ် ။ နှစ်သိမ့် ဆွေးနွေးပြီးမှ နွေးနွေး ထွေးထွေး ထားခဲ့ တတ်ပြီး သစ်စိမ်းချိုး မချိုးတတ်ဘူး ။
ပြီးတော့ သတင်းစကားလည်း အမြဲ နားစွင့်ပြီး စိတ်လေနေလား ပေတေနေလား အမြဲ စုံစမ်းပြီး ထားခဲ့မိရင်တောင် အဝေးကနေ တည့်မတ် ပေးတတ်တာ မိန်းမ သဘာဝပါ ။ ဘာလို့လဲ ဆိုတော့ မိန်းမ ဆိုတာ မိခင်မျိုးနွယ်က ဆင်းသက်လာ လို့ပါ ။
စိတ်ထိခိုက် ခံစားလွယ်ပြီး သနားလွယ်တာ ၊ အဲ့ဒါကို လူတွေက အယုံလွယ်တယ် ဆိုပြီး အပြစ်တင်ကြ ပါတယ် ။
ဒါပေမယ့် ယောက်ျားတွေထက် မိန်းမတွေက ပိုလည်ပြီး ဖြတ်ထိုးဉာဏ်ကျ မိန်းမတွေက ပိုကောင်းပါတယ် ။
ယောက်ျား တယောက်ကို ဒုက္ခပေးဖို့ ပညာ ဆိုတာ မသင်ပဲ တတ်တဲ့ မွေးရာပါ ပညာဆိုသောငြား ဒုက္ခမပေးကြတာ ဒုက္ခပေးဖို့ ၀န်လေးတတ်ကြတာ မိန်းမတွေက အ လို့ မဟုတ်ပါဘူး ။
မူလ အခြေခံ စိတ်ဓာတ်ကိုက မိန်းမတွေက ကိုယ်ချင်းစာတတ်တဲ့ နေရာမှာ ယောက်ျားတွေထက် သာပြီး ခွင့်လွှတ် သီးခံတတ်တဲ့ စိတ်ကလည်း ယောက်ျားတွေထက် သာပါတယ် ။
ကမ္ဘာပေါ်မှာ ရှိသော မိန်းမတိုင်းက မိခင်မျိုးနွယ်က ဆင်းသက်လာကြပြီး သနားကြင်နာ တတ်ကြ လို့ပါ ။
ယောက်ျားတွေက သူတို့ကိုယ် သူတို့ ထားခဲ့ရလို့ အနိုင်ရတယ် ထင်နေကြပေမဲ့ တကယ်တော့ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင် ခွင့်လွှတ်တတ်တဲ့ မိန်းမတွေက အချစ်ရှုံးသမား ဘ၀နဲ့ နာကျင်စွာ ကျန်နေခဲ့ ရမယ် ဆိုရင်တောင် ခမ်းနားတဲ့ စိတ်ဓာတ်ကြောင့် တစ်သက်လုံး လိပ်ပြာသန့် ပါတယ် ။
ယောကျာ်းတိုင်းကို မဆိုလိုပါဘူး ။ တချို့ယောက်ျားတွေပါ ။
Credit
Post a Comment