သ၀န်တိုတာ အရမ်းချစ်လို့ပေါ့
ကျနော့် ကောင်မလေးက ကျနော့အပေါ် သဝန်တိုချက်တွေက 9+ မက ရှိတယ် ။ သူငယ်ချင်း ကောင်မလေးတွေနဲ့ မုန့်သွား စားတာ ၊ အပြင် လျှောက်လည်တာ လုံးဝ မကြိုက်ဘူး ။ လမ်းမှာတွေ့လို့ မတ်တပ်ရပ် စကားပြောမိ ၊ နှုတ်ဆက်မိ ၊ လက်ပြမိရင်တောင် မျက်နှာ ကွက်ခနဲ ပျက် ၊ Weather က ချက်ချင်း မ Fine တော့ ဘူး ။
ပြီးတာနဲ့ ဘယ်သူလဲ ဘယ်ကလဲ ဘာတွေ ပက်သက် ထားလို့လဲ တော်တော် ရင်းနှီးမယ့်ပုံနော် ... အဲ့လောက်ဖြစ်နေရင် လိုက်သွားပါလား ? Ex လား ဘာလား? ဘေးက ချစ်သူကို မေ့နေတယ် မှတ်လား ?
ဆိုပြီး ရစ်ပြပါလိမ့်မယ် မဟုတ်ဘူး သူငယ်ချင်းပါ လို့ ရှင်းပြလည်း မရ ၊ တောင်းပန်လည်း လက်မခံ ။ ပြောသေးတယ် ။ မဟုတ်တာ လုပ်ထားလို့ ဒီလောက်ထိ လာရှင်းပြနေတာလား တဲ့ ..... အဲ့လို။
------------------------
ဖုန်းဆက်တယ် ဘယ်ရောက်နေတာလဲ က အရင်မေးတယ် ။ ပြီးရင် ကိုယ့်အသံ နားမထောင်ဘဲ ဘေးက ကားသံတွေ လူသံတွေ စကားသံတွေ နားစွင့်တော့တာပဲ ။
Location အမှန် မပြောဘဲ လိမ်လို့ မရဘူး သူမက နပ်တယ် ပါးတယ် ။
ဟင် .... အိမ်မှာလည်း ပြောသေး ကားသံတွေ ကြားနေ ရတယ် ၊ တိတ်ဆိတ်နေတာပဲ Toilet ထဲမှာ မှတ်လား ?
ကျနော့် စိတ်ထဲ ကျိတ်ပြီး သူမကို ချီးကျုးမိတယ် ။ ကမ တော်တော် တော်တာပဲ Spy လုပ်စားလို့ ရတယ်လို့။
------------------------
မျက်လုံးပဲ ဟိုကြည့် ဒီကြည့် ကြည့်မှာပေါ့ ။ အဲ့တာကို မဟုတ်ဘူး ။ ရှင် ဟိုကောင်မလေးကို ကြည့်နေတာ ကျမ မသိဘူး မှတ်နေလား ? တော်တော် ယွနေလား ? တဲ့ ။ ဟမ် မဟုတ်ပါဘူး ဟာ ငါဒီတိုင်းပဲ ဘာရယ်မဟုတ်ကြည့်တာပါ ပြောလည်း မရဘူး ။
တလမ်းလုံး ပြောလို့ မဆုံးတော့ဘူး ။ သူလုပ်မှ ကိုယ်လည်း အိမ်က ထွက်ကတည်းက မျက်နှာ ပုဝါ စီးလာရမလို ဖြစ်နေပြီ ။
------------------------
နှစ်ယောက်သား အပြင်သွားလို့ ယောင်ပြီး လက်ချင်း မတွဲဘဲ နေမိတာ ခပ်ခွါခွါလေး လျှောက်မိတာ ... ၊ အဲ့လိုလုပ်မိရင် သေပြီသာမှတ် ။ ဘာလဲ ရှင်က ကျမကို လူသိမခံချင်လို့ Silent တွဲတာလား ? ရှင့်ကောင်မတွေ မြင်မှာ တွေ့မှာ စိုးလို့လား ? အဲ့လိုတွေ ... ရစ်လို့ မပြီးတော့ဘူးမှတ် ။ သွားပြီ တနေ့လုံး စိတ်ကောက်တော့ တာပဲ ။
------------------------
ကျနော့ ဖုန်းကို ယူစစ်တယ် ။ မသင်္ကာစရာ နာမည်တွေ ဖုန်းနံပါတ်တွေ မြင်ပြီ တွေ့ပြီဆို မေးတော့တာပဲ ။ ဘယ်သူလဲ ဘယ်ကလဲ ? ဘာလို့ ပြန်ခေါ်ထား တာလဲ? အဲ့ မသင်္ကာတဲ့ဖုန်း မိန်းခလေး နာမည်နဲ့ဆို သူမ အသာလေး မှတ်သွားတယ် ။ အိမ်ရောက်ရင် ခေါ်ကြည့် ၊ ဆက်ကြည့်တော့ တာပဲ ။ အဲ့လောက် သဝန်တိုတာ ..... ။
နောက်ဆို ဘယ်လို လုပ်ရလဲ သိလား ? သူငယ်ချင်း ကောင်မလေး ဖုန်းနံပါတ်တွေကို ယောက်ျားလေး နာမည် Antique နာမည်တွေ ဒိုင်ရှိုလေး ထားထားရတဲ့ အထိ ။ ( ဥပမာ - ကိုလှအေး ၊ ကိုတင်ရွှေ ၊ ကိုမြဝင်း ) ပေါ့။ အဲ့လိုတွေ ထားတော့ သူမ ကျေနပ်နေရောလေ ။ ကိုယ့် Contact lists မှာဆို ဘဲနာမည်တွေ ချည်းပဲ ။
လိမ်မှ ရတဲ့ အခါ မျိုးမို့ မသိမသာ လိမ်လိုက်ရတယ် ။ သူမက ရစ်လုံးလေ။
------------------------
နောက်တခုက ဖုန်း Busy ဖြစ်တဲ့ကိစ္စ ။ ဖုန်းပဲဗျာ ပြောဖို့ထားထားတာ မဟုတ်ဘူးလား ? အလုပ်နဲ့ ပြောချင်ပြောမယ် ဘော်ဒါတွေနဲ့ ပြောချင်ပြောမယ် ၊ အိမ်နဲ့ မိသားစုတွေနဲ့ ပြောချင် ပြောမှာပေါ့ ။
ခုဟာက မဟုတ်ဘူး သူမ ဆက်လို့ ကိုယ့်ဖုန်း မအားတော့ဘူးဆို သေချာပြီ ။ ရှင် တခြားကောင်မနဲ့ Q နေတာတဲ့ ။ ရှင်းပြလည်း လက်မခံဘူး ၊ သစ္စာမရှိဘူး ချည်း အပြောခံရတာ ။
နောက်ဆို အပြောမခံချင်တာ စကားမများချင်တော့ တာ နဲ့ပဲ Sim card အသစ်တွေ ဝယ် သူမ မသိအောင်တိတ်တိတ်လေး ဘော်ဒါတွေဆီ ခိုးဆက်ရတဲ့ အထိ ။
Active Now ဖြစ်နေတာ မြင်ရင် ပြေးလာပြီ ။ ရှင် လူယုတ်မာ ကလိန်ကကျစ် တခြားကောင်မနဲ့ Q နေ Chat နေလို့ ကျမဆီ စကားမပြောနိုင် မခေါ်နိုင် ဖြစ်နေတာလား ဆိုပြီး ပြဿနာ ရှာပါတော့မယ် ။
ဇာတ်ကားလေးတွေ ဒေါင်းနေတာပါ ၊ ဘောလုံးပွဲလေး ကြည့်နေတာပါ ၊ ML Game လေး ဆော့နေတာပါ ပြောလည်း မယုံဘူး ။ ကလော်တုတ်လို့ကို မဆုံးတော့ဘူး ။
------------------------
ကြာတော့ စိတ်ကုန်လာတယ် ။ သူမကို ချစ်တယ် တော်တော့ကို ချစ်ပါတယ် ။ ဒါပေမယ့်ဗျာ ခုလောက်ထိ သဝန်တိုနေတာ မျိုးတော့ သည်းမခံနိုင်တော့ဘူး ။ နားလည် မပေးနိုင်တော့ဘူး ။ ပေါက်ကွဲလာပြီ ။ တခါက နှစ်ခါကျ များလာပြီလေ ။
------------------------
ဒီလိုနဲ့ တရက်ကျတော့ စိတ်ပေါက်ပေါက် နဲ့ နင်နဲ့ငါ လမ်းခွဲတော့မယ် ၊ နင်နဲ့ ဝေးနေတာပဲ ကောင်းတယ် ၊ ငါ့ဆီ ဘယ်တော့မှ မလာနဲ့ ၊ ဆက်လည်း မဆက်သွယ်နဲ့ ၊ ငါ့ကို လွတ်လပ်ခွင့် ပေးပါတော့ ဆိုပြီး ပြောမိပြောရာ ပြောချလိုက် မိတယ် ။
ကျနော် ထင်ထားတာ Aww သူမ အရင်အတိုင်း ငါ့ကို ပြန်ဖြဲ ပြန်အော်မယ် ၊ စိတ်ကောက်ပြီး နေမယ် ၊ ဒါမှမဟုတ် ပွစိပွစိနဲ့ ရန်ပြန်တွေ့မယ်ပေါ့လေ ... ။
ကျနော် တက်တက် စင်အောင် လွဲသွားတယ် ဘာပြောတယ် မှတ်လဲ ? ပေါက်ခနဲကျလာတဲ့ မျက်ရည်တွေကို လက်နဲ့ ပင့်သုတ်ရင်း ကနေ ... ကောင်းပြီလေ ... ငါလည်း နင့်ကို စိတ်ကုန်နေတာ ကြာပါပြီ ပင်လည်း ပင်ပန်းနေပြီတဲ့ မပူပါနဲ့ ငါထွက်သွားပေး မှာပါ ... အဲ့တော့ ဒီနေရာမှာပဲ ရပ်တန့်လိုက်ကြတာပေါ့ တဲ့ ... ပြောပြီး သူမ လှည့်ထွက်သွား ခဲ့တယ် ။
------------------------
ကျနော်ကလည်း Aww ခဏပဲ နေမှာပါ ။ သူမ စိတ်ပြေတဲ့ အချိန် ပြန်ချော့ လိုက်မယ် ။ ခုလောလောဆယ် လွတ်လွတ် လပ်လပ် နေဦးမှ ဆိုပြီး ကဲပြစ် လိုက်တယ် ။ သာသာ ယာယာ နေပစ်လိုက်တယ် ။
အဲ့ဒီ အချိန်ကျမှ သူမ တန်ဖိုး ဘယ်လောက်ကြီးမှန်း သိတာ။
------------------------
ဂရုစိုက် မခံရ ၊ အလေးထား မခံရ ၊ သွားချင်တာသွား Control ပေးမယ့်သူ မရှိ ၊ ပြောမယ့်ဆိုမယ့်သူ မရှိ ကြာတော့ ကိုယ့်ကိုယ်ကို Zero အပေအတေ တယောက်လို ခံစားလာ ရတယ် ။ ဂရုစိုက်မှုတွေ မရတော့ မနေတတ်သလို ဖြစ်လာတယ်။
------------------------
တကယ်တော့ ကိုယ်က ဘာကောင်မှ မဟုတ်ဘူး ။ ဒါကို သူမက တုန်နေအောင် ချစ်ပေးခဲ့တာ အရိပ်တကြည့်ကြည့် စိတ်ပူပေးခဲ့တာလေ ။ မာန်တက် ခဲ့တယ် လို့ ပြောလို့ရတယ်။
------------------------
ငါ့ကိုတော့ သူမက သိပ်ခိုက်နေရှာ တာပဲ ။ ငါမရှိရင် သူမ မနေတတ်တော့ဘူး ။ အချိန်တန်ရင် ငါ့အတွက်ပဲ သူမက ပလိုင်းထဲက ဖါး ၊ ဘယ်အချိန် ထ ရိုက်ရိုက် ဆိုပြီး ကိုယ့်ဘဝကိုယ် သွေးနားထင် ရောက်ခဲ့တာ မြင်မကောင်းဘူး ။
------------------------
တလ နီးပါးလောက် ရှိပြီ ။ ကျနော့်ကို အဆက်အသွယ် မလုပ်တာ ဒီကြားထဲ သူမဆီ ဖုန်းဆက်တော့ မကိုင်ဘူး လိုင်းကျသုံးတယ် စာကျ ပြန်မပို့ဘူး ဘာလားပေါ့ ။
သူ့ Acc ထဲ ဝင်ကြည့်တော့ အနေအထား မပျက်ဘူး ။ အရင်ကထက် ပိုတောင် ပျော်နေသလိုလို တင်လိုက်တဲ့ ပုံတွေဆိုတာ အလန်းဇယား ။ သူမ ပိုလှလာတာ မြင်ရလေ ပိုကြေကွဲရလေပဲ စိတ်ထဲက နှမြောလိုက်တာ ပြောမနေနဲ့ ။
------------------------
တနေ့ တနေ့ သူမ ဆက်သွယ်လာနိုး အရင်လို ဂရုစိုက်မှု သဝန်တိုမှုတွေ ပြန်ရလိမ့်နိုးနဲ့ ။ အချိန်တွေသာ ကုန်သွား ပြောင်းလဲသွား ခဲ့တယ် ။ သူမ ကျနော့် ဘဝထဲ ယောင်လို့တောင် ခြေဦး လှည့်မလာတော့ ပါဘူး ။
------------------------
သူမ မမှားခဲ့ပါဘူး မှန်ပါတယ် ။ ကျနော်ကသာ မှားခဲ့တာ ၊ ကိုယ့်လက်ထဲ ရှိနေ ပိုင်ဆိုင်နေတုန်း လစ်လျုရှုခဲ့မိတာ ၊ တန်ဖိုးထားရကောင်းမှန်း မသိ မေ့မေ့ လျော့လျော့ နေခဲ့တာပါ ။
------------------------
မိန်းခလေး တယောက်ရဲ့ သဝန်တိုမှုက ချစ်ခြင်းကို ကိုယ်စားပြုတာပဲ ဆိုတာ မသိခဲ့မိဘူး ။
ဘာပြောပြော သူမ သဝန်တိုတတ်တာလေးတွေကိုလွမ်းမိတယ် ပြန်လိုချင်မိတယ် ။
ဒါပေမယ့် သူမ ကျနော့် ဘဝထဲက အပြီးတိုင် ထွက်ခွာသွား ခဲ့ပြီလေ ..... ။
Credit:Original
Post a Comment