ရင့်ကျက်လာခဲ့ပါပြီ..
ရင့်ကျက်လာတယ် ထင်ပါရဲ့..
မချစ်လို့ မေ့ထားနိုင်သူ ကိုလည်း အရင်လို သတိတရနဲ့ တမ်းတ မနေတတ်တော့ဘူး ။
ရင့်ကျက်လာတယ် ထင်ပါရဲ့
ကိုယ့်စေတနာကို တန်ဖိုးမထားတဲ့သူ တချို့အပေါ် အရင်လို အချိန်ကုန်ခံ ဖြေရှင်းမနေတတ်တော့ဘူး ။
ရင့်ကျက်လာတယ် ထင်ပါရဲ့
ကိုယ်အပေါ်မှာ အမြင်မကြည်သူ တချို့အပေါ် အရင်လို သိပ် ဂရုမစိုက်တတ် တော့ဘူး ။
ရင့်ကျက်လာတယ် ထင်ပါရဲ့
သူတဖက်သားရဲ့ မကောင်းလေလွင့်သတင်းတွေ ကြားမိတဲ့အခါတိုင်း အရင်လို တကူးတကနဲ့ နားမထောင်တတ်တော့ဘူး ။
ရင့်ကျက်လာတယ် ထင်ပါရဲ့
ကိုယ်မှန်နေမှန်းသိပေမယ့် တစ်ဖက်ကဆန့်ကျင် လာတဲ့အခါတိုင်း အရင်ကလို စိတ်လိုက်မာန်ပါနဲ့ မတုန့်ပြန်တတ်တော့ဘူး ။
ရင့်ကျက်လာတယ် ထင်ပါရဲ့
တဖက်စောင်းနင်း ပုတ်ခတ် တတ်တဲ့ လူတချို့ရဲ့ စကားလုံး တချို့ပေါ် အရင်လို စိတ်ထဲ နစ်ပြီး ခံစားမနေတတ် တော့ဘူး ။
ရင့်ကျက်လာတယ် ထင်ပါရဲ့
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ထပ်တူ မကျတဲ့ အခါတိုင်း သူ့အတွေး ကိုယ့်အမြင် မျှတွေးရင်း အချို့အရာတွေ ကို နားလည် လက်ခံ တတ်လာတယ် ။
" ငါ " ဆိုတဲ့ အစွဲ တွေ သိပ်မထားတတ် တော့ဘူး ။ သူ့ဘက် ကိုယ့်ဘက် မျှတွေရင်း တချို့အရာတွေ အပေါ် အကောင်း မြင်တတ် လာတယ် ။
ရင့်ကျက်လာတယ် ထင်ပါရဲ့
တချို့လူတွေရဲ့ စိတ်ဓာတ်တွေ တချို့အဖြစ်အပျက် တွေဟာ ပြောင်းလဲလို့ မရနိုင်ဘူး ဆိုတာ နားလည်ပြီးတဲ့နောက် ကိုယ့်ရဲ့အတွေးတွေကိုပဲ ပြောင်းလဲလာတတ် ခဲ့တယ် ။
ရင့် ကျက်လာတယ် ထင်ပါရဲ့
ဝမ်းနည်းစရာတွေ ကြုံတွေ့တဲ့ အခါတိုင်း အရင်လို တယောက်ထဲ ကြိတ်ပြီး ငိုကြွေး မနေတတ် တော့ဘူး။ ကြည်နူးစရာတွေ ပြန်လည် အစားထိုးရင်း ဘဝကို နေပျော်ဖို့ တန်ဖိုးထားတတ် လာတယ် ။
" စိတ်ပျော်ရွှင်ဖို့သာ အရေးကြီးတယ် " ဆိုတာ နားလည်လာပြီးနောက် ကိုယ့်စိတ်ကို ထိခိုက်စေမယ့် နာကျင်စရာ မှန်သမျှကို ပယ်ချတတ် လာခဲ့တယ် ... ။
WMH
Post a Comment