Header Ads

ကိုကို ဆိုတာ...


" ကိုကို " ဆိုတာ ၁၅, ၁၆ ကို ခေါ်တာ မဟုတ်ဘူး.... အနည်းဆုံး အသက်က ၂၃ အထက် ဖြစ်ရမယ်....😌

တချက် ကြည့်လိုက်တာနဲ့ တည်ငြိမ်ပီး ရင့်ကျက် နေရမယ်....😚

" ကိုကိုရေ " လို့ ခေါ်လိုက်တာနဲ့ သူ ထူးလိုက်တဲ့"ဗျာ"ဆိုတဲ့အသံက နွေးထွေးမှုအပြည့် ရှိရမယ်...

အသားခပ်လတ်လတ် မျက်ခုံးကောင်းကောင်း အနည်းဆုံး အရပ် ၅' ၆'' ရှိရမယ်....😉

ဆံပင်ကို အပေါစား ဆိုးဆေးတွေ ဆိုးမထားပဲ သဘာဝ အနက်ရောင် အတိုင်း သပ်သပ်ရပ်ရပ် ဖီးသင်ထားရမယ်...😁

ပုဆိုး ကောင်းကောင်း ဝတ်တတ်ရမယ် (မုန့်ဖက်ထုပ် ဖင်ကျပ်ဘောင်းဘီ) မဟုတ်ပဲ လူကြီးဆန်ဆန် ဝတ်
တတ်ရမယ်...😗

မသိတာ မတတ်တာ မေးတဲ့အခါ အမြဲတမ်း welcome ဖြစ်နေပီး ဖြေရှင်းချက် ပေးနိုင်တဲ့ ဆရာဆန်ဆန် ပုံမျိုး ဖြစ်ရမယ်..

အမှားလုပ်ပီး..... " ကိုကို တောင်းပန်ပါတယ် " ဆိုတာမျိုးထက် အမှားကင်းပီး " ကိုကို မကြိုက်တာတွေ
သိပ်မလုပ်နဲ့ ခလေး " ဆိုတာမျိုး ဖြစ်နေရမယ်....😃

ကိုကို စိတ်ဆိုးအောင် လုပ်ရင် ကိုကို ချော့ရမယ်... ခလေး စိတ်ဆိုးအောင် လုပ်ရင်လဲ ကိုကိုက ချော့တတ်ရမယ်...😝

အာ့လို ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံမှ "ကိုကို" လို့ ခေါ်တယ်ကွဲ့...

2000, 2001 ဖွား မောင်လေ့တို့ ဘေးဖယ် နေစေချင်တယ်😏

credit

No comments

Powered by Blogger.