Header Ads

မိန်းကလေးတစ်ယောက်ရဲ့ ခံယူချက်


မိန်းကလေး တစ်​ယောက်ရဲ့ ခံယူချက်ကို သဘောကျလို့ ပြန်လည် မျှဝေပေးတာပါ။
............

ကျွန်မရဲ့ ပါးပြင်နုနုကို ရှင် နမ်းရှိုက်ပြီး အသိတရားမဲ့တဲ့ အခါ ရှင့်ပါးပြင်ကို ရိုက်မယ့် သူနဲ့ တွေ့မယ် ဆိုတာ မမေ့နဲ့..

ကျွန်မ လက်ကို အပျော်သဘော ဆုပ်ကိုင်ပြီး ထားခဲ့တဲ့အခါ ရှင့်လက်ကို အပျက်သဘောနဲ့ ဆုပ်ကိုင်မယ့်သူနဲ့ တွေ့မယ်ဆိုတာ မမေ့နဲ့..

ကျွန်မ ဘဝကို ရေနစ်အောင် တွန်းချပြီးတဲ့အခါ ရှင့် ဘဝကို နွံထဲဆွဲချမယ့်သူနဲ့ တွေ့မယ်ဆိုတာ မမေ့နဲ့..

ကျွန်မရဲ့ အလွမ်းကို လှောင်ပြောင်ပြီးတဲ့အခါ ရှင့်ရဲ့ အချစ်တွေကိုလည်း ဟားတိုက်မယ့်သူနဲ့ တွေ့မယ်ဆိုတာ မမေ့နဲ့..

ကျွန်မ သံယောဇဉ်ကို မျက်ကွယ် ပြုတဲ့အခါ ရှင့်ရဲ့ မေတ္တာတရားကိုလည်း စုံလုံးကန်းမယ့်သူနဲ့ တွေ့မယ်ဆိုတာ မမေ့နဲ့..

ကျွန်မအပေါ် သစ္စာမဲ့ပြီးတဲ့ အခါ ရှင့်နောက်ကွယ်မှာ ဖောက်ပြန်တဲ့သူနဲ့ တွေ့မယ် ဆိုတာ မမေ့နဲ့..

ဝဋ်ဆိုတာ မတောင်းဘဲနဲ့ ပြည့်တဲ့ဆု အလှည့်ကျ မနွဲ့စတမ်းပေါ့.. ရှင်.. ကျွန်မလို အလှဆုံး ပြုံးထားနိုင်ဦးမလား .. ?

ကျွန်မ စောင့်ကြည့်နေတယ် ဆိုတာ...မမေ့နဲ့...

Kyaw Kyaw Khaing ( Bago )

No comments

Powered by Blogger.