Header Ads

ညီမလေး သင်ဇာ သို့ အကြံပေးစာ


ညီမလေး သင်ဇာရေ ......

ဘာတဲ့ ..... ညီမလေး ပြောတာလေ
ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆိုတော့ ကိုယ်ကြိုက်တာကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိပါတယ် ဟုတ်လား

ညီမလေး အဲ့လိုပြောတော့  အမ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ စကားလေးကို သွား သတိရတယ်
" လွတ်လပ်ရေး ရပြီ ဆိုတာနဲ့ လမ်းပေါ် တက်ပြီး ငရုပ်သီး လှမ်းချင်တဲ့ သူမျိုးတွေလည်း ရှိတယ် " တဲ့
ညီမလေးကလည်း ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်ပြီ ဆိုတာနဲ့ တခြား အလုပ် ဘာမှ မစဉ်းစားတော့ပဲ ဇကာပေါက် အကျီကြီး ဝတ်ပြီး နို့သီခေါင်း မြင်အောင်ပြဖို့ပဲ ကြိုးစားတော့တာလား ညီမရေ့

ဝတ်ပါ ... ဒီလို ဝတ်ရမှ ညီမလေး ကြိုက်တယ် ဆိုရင် ဝတ်ပါ ...

ဒါပေမဲ့ ညီမလေးရေ... ညီမလေးမှာ အကိုတွေ မောင်တွေ ရှိလား ဆိုတာတော့ အမ မသိပါဘူး ... သေချာတာတော့ ညီမလေးမှာ အဖေတော့ ရှိမှာပါ ...

ညီမလေး ဒီလို ဝတ်စားထားတာကို ညီမလေး အဖေ အကို မောင်တွေ မြင်ရင် သူတို့ အင်မတန် ရှက်ကြလိမ့်မယ် ညီမလေး

ဘယ်မိဘမှ ကိုယ့်သားသမီး ဒီလောက် အဖြစ်ဆိုးနေတာ ကို မတားမြစ်ပဲ နေကြမှာ မဟုတ်ပါဘူး ... ညီမလေး ဗီဇကိုက မိမနိုင် ၊ ဖမနိုင်ဖြစ်နေပြီ ထင်ပါရဲ့

ညီမလေးကြောင့် ညီမလေး မိဘမောင်ဘွားတွေ ဘယ်မျက်နှာနဲ့ လူတောထဲ သွားရမလဲ

ညီမလေးကြောင့် ညီမလေး မိသားစုဝင်တွေ ခမျာ အရှက်တကွဲ အကျိုးနည်း ဖြစ်ပြီး စိတ်ဆင်းရဲမှုတွေ ကြုံရရှာလိမ့်မယ်

ဒါ ညီမလေးအတွက် ကြီးမားတဲ့ အကုသိုလ် တခုဆိုတာ ညီမလေး သိပါရဲ့လား

နောက် ညီမလေး ဓာတ်ပုံကို မြင်နေရ တွေ့နေရတဲ့ ပုဂ္ဂိုလ်တွေ ထဲမှာ အမတို့ ဗုဒ္ဓဘာသာဆို ရဟန်းသံဃာတွေ ရှိမယ် ၊ ခရစ်ယာန် ဘာသာဝင်တွေ အတွက် ဆို ဖာသာတွေ ဘရာသာတွေ ရှိမယ်

မတည်ငြိမ် မရင့်ကျက် သေးတဲ့ သာသနာ့ ဝန်ထမ်း ရှင်ရဟန်းငယ်လေးတွေ ညီမလေး ဓာတ်ပုံမြင်လို့ သူတို့ စိတ်သန္ဓာန်မှာ ကာမရာဂရဲ့ နှောက်ယှက်ခြင်းကို ခံရမယ်ဆိုရင် ညီမလေးမှာ အကုသိုလ်က တိုးပြန်ပြီ

တည်ငြိမ် ရင့်ကျက် နေတဲ့ သာသနာ့ ဝန်ထမ်း ဆရာတော် ဘုရားကြီးတွေ မြင်မယ် တွေ့မယ် ဆိုရင်လဲ " အော် မိုက်မဲလိုက်တဲ့ ဒကာမ " လို့ တွေးလိုက်တာနဲ့ သူတော်ကောင်းကြီးတွေရဲ့ ကဲ့ရဲ့ခြင်းကို ခံရပြန်လို့ ညီမလေးမှာ အကုသိုလ်က ထပ်တိုးသွား ပြန်ပြီ

ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် ယောက်ျား သားတွေ မြင်ပြန်တော့လဲ ပုထုဇဉ် ပီပီ ဝဇီကံ မနောကံနဲ့ ပြစ်မှား မိကြပြန်ရော ...
အဲဒီ အကုသိုလ်တွေကလည်း ဘယ်သူ့ အတွက်လို့ ထင်လဲ ...... ညီမလေး အတွက် ပါပဲနော် ...

သူတို့ဘာ သူတို့ ကြည့်တာ ကိုယ်နဲ့ ဘာဆိုင်လဲ လို့ မပြောပါနဲ့ ညီမလေး
သူတို့တွေ ကြည့်အောင် ညီမလေး အရှက်မရှိ အကြောက်မရှိနဲ့ ဝတ်ပြထားတာလေ

အမတို့ မိန်းမသားတွေ မြင်ပြန်တော့လဲ မဖွယ်မရာကြီးမို့ ဒေါသတွေ ဖြစ်ပြီး စိတ်မထိန်းနိုင်ပဲ ဆဲကြ ဆိုကြတော့လဲ  အကုသိုလ်တွေပဲ တိုးပြီးရင် တိုးနေကြ ရတယ်
အဲဒီ အကုသိုလ်တွေ ကလည်း သွယ်ဝိုက်သော နည်းနဲ့ ညီမလေး ဖန်တီးထားတဲ့ အကုသိုလ်တွေပဲ မဟုတ်လား ညီမလေးရေ

အဆိုးဆုံးက မြန်မာ မိန်းကလေး ငယ်လေးတွေ အတုယူ မှားပြီး ညီမလေးလို လိုက်ဝတ်မယ် ဆိုရင်တော့ ဒီဝဋ်ကြွေးတွေ ဆပ်ကုန်ပါ့ မလား လို့ တွေးမိတယ်

တော်တန်ရုံ မိန်းကလေး တယောက်ဟာ ညီမလေးလို မဝတ်ရဲပါဘူး
သူတို့မှာ အသိဥာဏ်က ထိန်းချုပ်ထားတော့ အရှက်မဲ့ အကြောက်မဲ့ အလုပ်တွေ မလုပ်ဝံ့ကြ ပါဘူး ၊ မလုပ်ရဲကြပါဘူး

တနည်းအားဖြင့်တော့ ညီမလေးက အသိဥာဏ် ကန်းနေလို့ ဒီလို အောက်တန်းကျတဲ့ အလုပ်တွေကို လုပ်တာပါ ညီမရေ

ညီမလေးလို ရှေ့ဆောင်လမ်းပြ လုပ်ပြီး ဝတ်ပြနေတဲ့ အခြား အနုပညာရှင်တွေ ကလည်း ညီမလေးနဲ့ အတူတူ အဝိဇိကို သွားမဲ့ အဖေါ်တွေပါပဲ ညီမလေးရေ

ဒီလို သာမန် မိန်းကလေးတွေမှာတောင် ရှိတဲ့ အသိဥာဏ်မျိုးတွေ ညီမလေးတို့ အသိမှာ မရှိတာ ဖြစ်နိုင်တာကတော့ ခင်ပွန်းကြီး ဆယ်ပါးထဲက ဆယ်ပါးလုံး မဟုတ်တောင် တပါးပါးတော့ ပြစ်မှား မိထားပြီ ဆိုတာ ညီမလေး သဘောပေါက် ထားပါ

ညီမလေးတို့ ကတော့ ညီမလေးတို့ကိုယ် ညီမလေးတို့ ဟုတ်လှပြီ ထင်နေမှာပေါ့

အမတို့ အမြင်ကတော့ ညီမလေးမှာ အကုသိုလ်တွေ များလွန်းလို့ ညီမလေးတို့ရဲ့ ဘဝလမ်း အမှန်တွေကို သမာဒေဝ နတ်ကောင်း နတ်မြတ်တွေက ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ ညီမလေး မမြင်မတွေနိုင်အောင် လှည့်စားပြီး ဖျောက်ထား လိုက်ပြီ

ညီမလေး ဘဝခရီးမှာ အကြိမ်ကြိမ် လမ်းပျောက်ရဦးမှာပါ

ကိုယ်လုပ်တဲ့ အလုပ် တခုက ဘယ်လောက် အတိုင်းအထိ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ပတ်ဝန်ကျင်ကို ထိခိုက်တယ်ဆိုတာ ညီမလေး မစဉ်းစားမဆင်ခြင်ပဲ ဆက်လုပ်နေမယ် ဆိုရင် အသိ သတိ ရလာတဲ့ တနေ့ ညီမလေး ဘယ်လောက် ကြောက်ရွံ့ တုံလှုပ် သွားမယ် ဆိုတာ မတွေးကြည့်ရဲအောင် ပါပဲ

ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်တဲ့ ကိစ္စ ဆိုတာ အဲ့ဒီမှာ စတာပဲ ညီမလေးရေ

အမ အကြံပေးချင်တာ ကတော့ ဘာသာရေးနဲ့ အရမ်း ကင်းကွာအောင် မနေပါနဲ့

ဘုရားတရားကို ဟန်ဆောင် မလုပ်ပဲ တကယ် လုပ်ကြည့်ပါ

သူတော်ကောင်းတွေ ပြောတဲ့စကားကို ကြားနိုင်တဲ့ နားကို ပိုင်ဆိုင်သူ ဖြစ်ပါစေ

အသိဥာဏ်ပညာနဲ့ ယှဉ်သော မျက်လုံးများနဲ့ အမှန်ကို မြင်အောင်ကြည့် နိုင်ပါစေ

ဒီဘဝ မကုန်ခင်ပဲ ပျောက်နေတဲ့ လမ်းတွေ အမြန်ဆုံး ပြန်တွေ့ ပါစေလို့ ဆုတောင်းပေးပါတယ်နော်

မူရင်းရေးသားသူ Credit ပါ

No comments

Powered by Blogger.