Header Ads

လုံးဝ မကြွားပါနဲ့


သင် အရမ်း ချမ်းသာတယ် ဆိုပြီး မကြွား ပါနဲ့ ။
နေမကောင်းလို့ ဆေးရုံ တက်ရရင် ပိုက်ဆံ ဆိုတာဟာ စက္ကူနဲ့ အတူတူပဲ ။

သင့်အိမ် ကောင်းမှန်း မကြွားပါနဲ့ ။
သင် မရှိတော့ရင် သူများ အသိုက် ဖြစ်သွားမှာပဲ ။

သင့်ကား ကောင်းမှန်း မကြွားပါနဲ့ ။
သင် ထွက်ခွာသွားတဲ့ တနေ့ ၊ သင့် ကားသော့က သူများ လက်ထဲ မှာပါ ။

သင့်အလုပ် ကောင်းတယ် ဆိုပြီး မကြွား ပါနဲ့ ။
သင် လဲသွားတဲ့ တနေ့ သင့်ထက် ကောင်းအောင် လုပ်နိုင်တဲ့လူ တပုံကြီးပါ ။

တကယ်လို့ မကြွားရလို့ မနေနိုင်ခဲ့ဘူး ဆိုရင် သင့် ကျန်းမာရေး ကို ကြွားနိုင်အောင် ကြိုးစား စမ်းပါ ။

သူများတွေကတော့ အားလုံး သွားကြပြီ။ သင်က နေပူစာ လုံလိုက် ၊ လ္ဘက်ရည်ဆိုင် ထိုင်လိုက်နဲ့ ဘဝကို ဇိမ်ခံနိုင် သေးတယ် ။

ဒါ့ကြောင့်မို လို့ ... ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ ။ ကိုယ့်ကိုယ်ကို မြတ်နိုးပါ ။

ခန္ဓာကိုယ်ထဲက ကရိယာတွေဟာ ပစ္စည်းလဲဖို့ မလွယ်တဲ့ အပြင် ဈေးက ကြီးလွန်းပါတယ် ။ ပြီးရင် ပစ္စည်းက ခဏ ခဏ ပြတ်သေးတယ် ။

Credit

No comments

Powered by Blogger.